နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ကျွန်တော်တို့ ပရိသတ်တွေ အတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကတော့ ပြန်လည် ရောက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ကျွန်တော်က ယခု တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အသင်းသစ်အတွက် ပွဲဦးထွက် ကစားရဖွယ် ရှိတဲ့ ကစားသမားတွေ အကြောင်းကို တင်ဆက် ပေးသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

၃။ တဲလက်စ်(မန်ယူအသင်း)
နွေအပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာမှ ပေါ်တူဂီကလပ် ပေါ်တိုအသင်းကနေ မန််ယူအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ဘယ်နောက်ခံလူ တဲလက်စ် ကတော့ ယခုတစ်ပတ်မှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းသစ် အတွက် ပထမဦးဆုံး ပါဝင် ကစားပေးရဖို့ ရှိနေပါတယ်။ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောရဲ့ ဆိုးဝါးတဲ့ ခြေစွမ်းတွေကြောင့် မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်မှာ တဲလက်စ်ကို ပွဲထွက် လူစာရင်းမှာ အသုံးပြုဖွယ် ရှိနေပါတယ်။

Photo Credit: Euro Sports

၂။ ဘေးလ်(စပါးအသင်း)
အသင်းဟောင်း ဖြစ်တဲ့ စပါးအသင်းထံ တစ်ရာသီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ ဂါရတ်ဘေးလ်ဟာ ယခု တစ်ပတ်မှာတော့ စပါးအသင်းအတွက် ပါဝင် ကစားပေးတော့မှာပါ။ စပါးအသင်းရဲ့ နည်းပြဖြစ်သူ မော်ရင်ဟို ကိုယ်တိုင်က ယခုတစ်ပတ်မှာ ဘေးလ်ဟာ အသင်းအတွက် ပါဝင် ကစားပေးမှာ ဖြစ်ကြောင်း ပြောဆို ထားတာကြောင့် စပါးအသင်း ဝတ်စုံနဲ့ ဂါရတ်ဘေးလ်ကို ယခုတစ်ပတ်မှာ တွေ့မြင်ရတော့မှာပါ။

Photo Credit: Euro Sports

၁။ ပါတေး(အာဆင်နယ်အသင်း)
အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂါနာ လက်ရွေးစင် ကွင်းလယ်လူ ပါတေးဟာ ယခုတစ်ပတ်မှာ အာဆင်နယ်အသင်း အတွက် စတင် ကစားပေးရဖွယ် ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ အာဆင်နယ်အသင်းဟာ မန်စီးတီး အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် ပါတေးဟာ အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင် လာနိုင်ဖွယ် မရှိပေမယ့် လူစားထိုး ကစားသမားအဖြစ် ကစားရနိုင်ပါတယ်။