MySport Myanmar

လမ်းပတ်ကြောင့် ချဲလ်ဆီးအသင်းမှာ နေရာ ပြန်ရလာနိုင်တဲ့ ကစားသမားများ

ချဲလ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ပြီးတဲ့နောက် နာဂယ်စမန်း အင်းနရစ်တို့လို အသင်းနဲ့ နာမည်ထွက်နေတဲ့ နည်းပြတွေကို မခန့်အပ်သေးခင် ကစားသမားဟောင်း နည်းပြဟောင်းဖြစ်သူ ဖရန့်လမ်းပတ်ကိုသာ အသင်းရဲ့ ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ပါတယ်။ အခု ချဲလ်ဆီးကို လမ်းပတ် ပြန်လည် ကိုင်တွယ်နေစဉ် အသင်းမှာ နေရာ ပြန်ရလာနိုင်တဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒီကစားသမားတွေကို ဖော်ပြပေးသွားပါမယ်။

မေဆန်မောင့်

Photo Credit : Chelsea News

မေဆန်မောင့်ကတော့ လမ်းပတ် ချဲလ်ဆီးနည်းပြ ဖြစ်ခဲ့စဉ်တုန်းက အသင်းမှာ စတင် ကစားခွင့် ရရှိလာခဲ့တာဖြစ်ပြီး လမ်းပတ်ရဲ့ မွေးစားသားလို့ပါ လှောင်ပြောင်ခံရတဲ့အထိ ပွဲကစားခွင့်တွေ များစွာ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ မောင့်ကိုယ်တိုင်ကလည်း အဲ့ဒီအချိန်တုန်းက ပရီးမီးယားလိဂ်မှာ Chances ပေါင်း (၁၀၀)ကျော်တဲ့အထိတောင် လုပ်ဆောင်နိုင်ခဲ့ပါသေးတယ်။

အက်ဒွါမန်ဒီ

Photo Credit : Sky Sports

လက်ရှိ ချဲလ်ဆီးရဲ့ ဂိုးပေါက်ကို စပိန်ဂိုးသမား ကယ်ပါကပဲ ပွဲတိုင်းနီးပါး ပါဝင်ထားရပေမယ့် လမ်းပတ်ကတော့ ကယ်ပါထက် မန်ဒီကို ပိုပြီး သဘောကျတဲ့ နည်းပြဖြစ်လို့ မန်ဒီကို ပွဲကစားခွင့်တွေ ပြန်ပေးလာနိုင်ပါတယ်။ မန်ဒီက ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက အသင်းအတွက် ပွဲကစားခွင့် လုံးဝကို မရရှိထားသူလည်း ဖြစ်နေရပါတယ်။

အူဘာမီယန်း

Photo Credit : Football London

ချဲလ်ဆီးက သွင်းဂိုးတွေ လိုအပ်တာကြောင့် ပေါ်တာလက်ထက် တိုက်စစ်မှာ နေရာပျောက်ဆုံးနေသူ အူဘာမီယန်းကို လမ်းပတ်က ပြန်လည် အသုံးပြုလာနိုင်ပါတယ်။ အူဘာကလည်း မန်ဒီလိုပဲ နိုဝင်ဘာလ နောက်ပိုင်းကတည်းက ပွဲထွက်ခွင့်တွေ ပျောက်ဆုံးနေရတာဖြစ်ပြီး အခုအချိန်မှာတော့ ပွဲကစားခွင့်တွေ ပြန်လာနိုင်ဖွယ် ရှိနေပါတယ်။

မူဒရစ်

Photo Credit : The Mirror

လမ်းပတ်က အဲဗာတန်ကို ကိုင်တွယ်စဉ်မှာပင် မိုက်ခေးလိုမူဒရစ်ကိုု အဲဗာတန်အသင်းဆီ ခေါ်ယူဖို့ အလွန် စိတ်ဝင်စားခဲ့ဖူးတာကြောင့် ချဲလ်ဆီးမှာ ပုံမှန်ကစားခွင့်ရော ပုံမှန်ခြေစွမ်းပါ ပျောက်ဆုံးနေရသူ မူဒရစ်ကို ပွဲကစားချိန်များများ ပြန်ပေးလာနိုင်ဖွယ် ရှိနေရပါတယ်။

ဇီယက်ရှ်

Photo Credit : Chelsea Football Club

လမ်းပတ်အကြိုက် ကစားသမားထဲမှာ ဇီယက်ရှ် ပါဝင်နေသလို ဇီယက်ရှ်ကလည်း ချဲလ်ဆီးကို ပြောင်းလာခဲ့တာ လမ်းပတ်ကြောင့်လို့ ပြောဆိုထားခဲ့ဖူးပါတယ်။ ဒါကြောင့် ဇီယက်ရှ်ကိုလည်း ချဲလ်ဆီးအသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ မကြာခဏ ပြန်လည် မြင်တွေ့ရဖို့က သေချာသလောက်ကို ရှိနေပါတယ်။

Exit mobile version