ေဘာလုံးအားကစားနည္းဆိုတာဟာ အစဥ္မျပတ္ လူငယ္မ်ိဳးဆက္ကစားသမားေတြ ထြက္ေပၚေနတဲ့ ကစားနည္းတစ္မ်ိဳးျဖစ္ၿပီး တစ္ႏွစ္ၿပီး တစ္ႏွစ္ ဂႏၲဝင္ကစားသမားေတြရဲ့ ေနရာကို အစားဝင္မယ့္ လူငယ္ ကစားသမားေတြ ထြက္ေပၚလာေလ့ရွိပါတယ္။ ဒီတစ္ခါမွာေတာ့ ကၽြန္ေတာ္က လာမယ့္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ ပိုမိုေတာက္ပလာနိုင္တဲ့ ဆယ္ေက်ာ္သက္ လူငယ္ကစားသမား သုံးဦးရဲ့ အေၾကာင္းကို ေဖာ္ျပေပးသြားခ်င္ပါတယ္။

Photo Credit: Metro.com

ဂရင္းဝုဒ္ ( ယူနိုက္တက္ )

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ေမဆန္ ဂရင္းဝုဒ္ဟာ ဗန္ပါစီလက္သစ္လို႔ တင္စားခံေနရသူျဖစ္ၿပီး ဘယ္ေျခေရာ ၊ ညာေျခပါ အားသန္သူတစ္ဦးပါ။ အသက္ ၁၈ႏွစ္နဲ႔ ၃လသာ ရွိတဲ့ ေမဆန္ဂရင္းဝုဒ္ဟာ လက္ရွိေဘာလုံးရာသီမွာေတာ့ ယူနိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၀ဂိုးအထိ သြင္းယူေပးထားနိုင္ခဲ့ၿပီး ဂိုးဖန္တီးမွု ၂ႀကိမ္ ျပဳလုပ္ထားနိုင္ခဲ့တာေၾကာင့္ လာမယ့္ေဘာလုံးရာသီမွာ သူ႔ရဲ့ ဂိုးသြင္းေျခစြမ္းဟာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနပါတယ္။

Photo Credit: Metro.com

ဖီးလ္ဖိုဒန္ ( မန္စီးတီး )

ဂရင္းဝုဒ္နဲ႔အၿပိဳင္ မန္ခ်က္စတာၿမိဳ႕ထဲမွာ ေတာက္ပေနတဲ့ မိုးျပာေရာင္ၾကယ္ပြင့္ကေတာ့ ဖီးလ္ဖိုဒန္ပါ။ အသက္၁၇ႏွစ္အရြယ္မွာပဲ ဂြာဒီယိုလာရဲ့ ယုံၾကည္မွုကို ရရွိခဲ့တဲ့ ဖိုဒန္ဟာ အဂၤလန္ရဲ့ အဓိကကြင္းလယ္လူ ျဖစ္လာလိမ့္မယ္ လို႔ ေဟာကိန္းထုတ္ခံထားရသူျဖစ္ၿပီး လက္ရွိ ေဘာလုံးရာသီမွာလည္း မန္စီးတီးအသင္းမွာ အေရးပါတဲ့ အခန္းကဏၰတစ္ခုမွာ ရွိေနပါတယ္။ ဒါ့ေၾကာင့္ ေဒးဗစ္ေဆးလ္ဗားအလြန္ မန္စီးတီးရဲ့ ကြင္းလယ္မွာ ဖိုဒန္တစ္ေယာက္ တာဝန္ထမ္းေဆာင္နိုင္မလားဆိုတာ ေလ့လာ ေစာင့္ၾကည့္သြားရမွာပါ။

Photo Credit: Metro.com

မာတီနယ္လီ ( အာဆင္နယ္ ​)

အာဆင္နယ္အသင္းအတြက္ လက္ရွိရာသီမွာ ေတာက္ပေနတဲ့ ဘရာဇီးလ္သားေလး မာတီနယ္လီဟာ ဘရာဇီးလ္အသင္းရဲ့ ဂႏၲဝင္ ကစားသမားျဖစ္သူ ရိုနယ္ဒိုနဲ႔ ႏွိုင္းယွဥ္ျခင္းခံေနရသူပါ။ လက္ရွိေဘာလုံးရာသီမွာ အာဆင္နယ္ အသင္းအတြက္ သြင္းဂိုး ဆယ္ဂိုးနဲ႔ ဂိုးဖန္တီးမွု ေလးႀကိမ္အထိ ျပဳလုပ္ေပးခဲ့တဲ့ မာတီနယ္လီဟာ အာဆင္နယ္အသင္းရဲ့ အနာဂတ္ ကစားသမားအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး အာတီတာရဲ့လက္ေအာက္မွာ ဘယ္လို ေတာက္ပလာမလဲဆိုတာက ေစာင့္ၾကည့္ခ်င္ဖို႔ ေကာင္းေနပါတယ္။

ဘောလုံးအားကစားနည်းဆိုတာဟာ အစဉ်မပြတ် လူငယ်မျိုးဆက်ကစားသမားတွေ ထွက်ပေါ်နေတဲ့ ကစားနည်းတစ်မျိုးဖြစ်ပြီး တစ်နှစ်ပြီး တစ်နှစ် ဂန္တဝင်ကစားသမားတွေရဲ့ နေရာကို အစားဝင်မယ့် လူငယ် ကစားသမားတွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်က လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ပိုမိုတောက်ပလာနိုင်တဲ့ ဆယ်ကျော်သက် လူငယ်ကစားသမား သုံးဦးရဲ့ အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Metro.com

ဂရင်းဝုဒ် ( ယူနိုက်တက် )

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ မေဆန် ဂရင်းဝုဒ်ဟာ ဗန်ပါစီလက်သစ်လို့ တင်စားခံနေရသူဖြစ်ပြီး ဘယ်ခြေရော ၊ ညာခြေပါ အားသန်သူတစ်ဦးပါ။ အသက် ၁၈နှစ်နဲ့ ၃လသာ ရှိတဲ့ မေဆန်ဂရင်းဝုဒ်ဟာ လက်ရှိဘောလုံးရာသီမှာတော့ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၁၀ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီမှာ သူ့ရဲ့ ဂိုးသွင်းခြေစွမ်းဟာ စောင့်ကြည့်ချင်စရာကောင်းနေပါတယ်။

Photo Credit: Metro.com

ဖီးလ်ဖိုဒန် ( မန်စီးတီး )

ဂရင်းဝုဒ်နဲ့အပြိုင် မန်ချက်စတာမြို့ထဲမှာ တောက်ပနေတဲ့ မိုးပြာရောင်ကြယ်ပွင့်ကတော့ ဖီးလ်ဖိုဒန်ပါ။ အသက်၁၇နှစ်အရွယ်မှာပဲ ဂွာဒီယိုလာရဲ့ ယုံကြည်မှုကို ရရှိခဲ့တဲ့ ဖိုဒန်ဟာ အင်္ဂလန်ရဲ့ အဓိကကွင်းလယ်လူ ဖြစ်လာလိမ့်မယ် လို့ ဟောကိန်းထုတ်ခံထားရသူဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာလည်း မန်စီးတီးအသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဏတစ်ခုမှာ ရှိနေပါတယ်။ ဒါ့ကြောင့် ဒေးဗစ်ဆေးလ်ဗားအလွန် မန်စီးတီးရဲ့ ကွင်းလယ်မှာ ဖိုဒန်တစ်ယောက် တာဝန်ထမ်းဆောင်နိုင်မလားဆိုတာ လေ့လာ စောင့်ကြည့်သွားရမှာပါ။

Photo Credit: Metro.com

မာတီနယ်လီ ( အာဆင်နယ် ​)

အာဆင်နယ်အသင်းအတွက် လက်ရှိရာသီမှာ တောက်ပနေတဲ့ ဘရာဇီးလ်သားလေး မာတီနယ်လီဟာ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဖြစ်သူ ရိုနယ်ဒိုနဲ့ နှိုင်းယှဉ်ခြင်းခံနေရသူပါ။ လက်ရှိဘောလုံးရာသီမှာ အာဆင်နယ် အသင်းအတွက် သွင်းဂိုး ဆယ်ဂိုးနဲ့ ဂိုးဖန်တီးမှု လေးကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ မာတီနယ်လီဟာ အာဆင်နယ်အသင်းရဲ့ အနာဂတ် ကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး အာတီတာရဲ့လက်အောက်မှာ ဘယ်လို တောက်ပလာမလဲဆိုတာက စောင့်ကြည့်ချင်ဖို့ ကောင်းနေပါတယ်။