ဂျုဗင်တပ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ အလက်ဆန်ဒရို ဒယ်ပီယာရိုကတော့ လက်ရှိ ဂျုဗင်တပ်အသင်းရဲ့ နည်းပြသစ် အန်ဒရီ ပီယာလိုအနေနဲ့ ရီးရဲလ် နည်းပြ ဇီဒန်းလို နည်းပြကောင်း တစ်ဦး ဖြစ်လာနိုင်ပါတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဂျုဗင်တပ်အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ကနေ ပြုတ်သွားခဲ့ပြီးတဲ့နောက် အသင်းရဲ့ နည်းပြ ဆာရီကို ထုတ်ပယ်ခဲ့ပြီး နည်းပြ ပီယာလိုကို နည်းပြသစ် အဖြစ် ခန့်အပ်သွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ပီယာလိုဟာ ပြီးခဲ့တဲ့ အပတ်ကတင် ဂျုဗင်တပ် ယူ (၂၃) အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း ဂျုဗင်တပ်အသင်းမှာ နည်းပြ လစ်လပ်သွားတဲ့ အချိန်မှာတော့ ဂျုဗင်တပ် ပထမအသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံသွားခဲ့ရတော့တာပဲ ဖြစ်ပါတယ်။ ဂျုဗင်တပ် ကစားသမားဟောင်း ဒယ်ပီယာရိုက နည်းပြ ပီယာလိုအနေနဲ့ ဂျုဗင်တပ်အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံခဲ့ရတာ အံ့အားသင့်ခဲ့တယ်လို့ ဆိုသွားခဲ့ပေမယ့်လည်း နည်းပြ ဇီဒန်းလို နည်းပြကောင်း ဖြစ်လာနိုင်တယ်လို့လည်း ချီးကျူးသွားပါတယ်။

Photo Credit: Goal

ဒယ်ပီယာရိုက “ဒါကတော့ မျှတတဲ့ နှိုှုင်းယှဉ်မှု မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲ ဆိုရင် နည်းပြ ဇီဒန်းက ရီးရဲလ် လူငယ်အသင်းမှာ နည်းပြ လုပ်ခဲ့ဖူးပြီး နည်းပြ အန်ဆယ်လော့တီရဲ့ လက်ထောက် နည်းပြ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြ ပီယာလိုက နည်းပြ ဇီဒန်းထက် ပိုကောင်းအောင် နည်းပြသွားနိုင်ဖို့ ဘာမဆို ရှိပါတယ်။ သူက ဂျုဗင်တပ်အသင်း၊ ကစားသမားတွေ နဲ့ ဒါရိုက်တာတွေကို သိပါတယ်။ ဒီတော့ ကျွန်တော် တွေးမိတာကတော့ သူတို့ ကောင်းမွန်စွာ ဆက်ဆံနိုင်ကြလိမ့်မယ်။ အပွင့်လင်းဆုံး ပြောရမယ် ဆိုရင် သူ့ကို ဂျုဗင်တပ် နည်းပြ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော ်မထင်ပါဘူး။ ဒါက ကျွန်တော့်အတွက်လည်း အံ့အားသင့်စရာ ဖြစ်ပါတယ်။ သူ ဂျုဗင်တပ် ယူ (၂၃) အသင်း နည်းပြ အဖြစ် ခန့်အပ်ခံရခဲ့စဉ်က ကျွန်တော် တကယ် ကျေနပ်ခဲ့ပါတယ်။ ဒါပေမယ့် သူက အဲဒါကို ကျော်သွားခဲ့ပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်