MySport Myanmar

ဘာစီလိုနာကို မက်ဆီ ပြန်လာနိုင်မလားဆိုတာ သုံးသပ်ပေးသွားခဲ့တဲ့ ပီကေး

ဘာစီလိုနာအသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂျရတ်ပီကေးက သူရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီ လာမယ့် ဈေးကွက်တွေအတွင်းမှာ ဘာစီလိုနာဆီ ပြန်လာနိုင် မလာနိုင်ဆိုတာနဲ့ ပတ်သတ်ပြီး သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

မက်ဆီ နဲ့ ပီကေးတို့ဟာ ဘာစီလိုနာအသင်းမှာ အချိန်အတန်ကြာအောင် တွဲဖက်ကစားခဲ့ဖူးတဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ကြပြီး မက်ဆီက ၂၀၂၁ခုနှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့သလို ပီကေးကတော့ ၂၀၂၂ နိုဝင်ဘာလမှာပဲ သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာအသင်းနဲ့ မသက်ဆိုင်တော့သူတွေ ဖြစ်နေကြပေမယ့် ဒီရာသီအကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီက ဘာစီလိုနာကို ပြန်လာနိုင်ဖွယ်လည်း ရှိနေနိုင်သေးတာဖြစ်လို့ မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ပီကေးက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football Espana

“သူသာ သူ့အနာဂတ်ကို သိပါမယ်။ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့က သူရဲ့ ကစားသမားဘဝမှာ မက်ခဲ့တဲ့ အိမ်မက်တစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါက သူ့အတွက် အကောင်းဆုံးလို့ သတ်မှတ်ခံရဖို့ လိုအပ်နေတဲ့ ဆုဖလားတစ်ခုပါပဲ။ အခုဆိုရင် လူတိုင်းက ဒါကို ယုံကြည်နေကြပါပြီ။ အု သူ ဆုံးဖြတ်လိုက်တဲ့ အရာတိုင်းက သူ ပျော်ရွှင်နိုင်တဲ့ နေရာကို ရှာဖို့ပါပဲ။ သာမန်အရှိဆုံးအရာဆိုရင်တော့ သူ ဥရောပမှာပဲ ဆက်ရှိနေဦးမှာပါ။ အဲ့ဒါက ဘာစီလိုနာလည်း ဖြစ်နိုင်ပါတယ်။ ပရိသတ်တွေအတွက်နဲ့ သူ့အတွက်ကတော့ ဒါက စိတ်ကူးယဉ်ဆန်တဲ့ ပြန်ရောက်လာနိုင်မှု အံ့မခန်း ပြန်ရောက်လာနိုင်မှု ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဒါက သူရဲ့ ဆုံးဖြတ်ချက်ပါပဲ။ လူတွေက ဘယ်လောက်ပဲ ပြောနေပါစေ သူရဲ့ခံစားချက် သူရဲ့ motivation တွေသာပဲ ရှိနေပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် မက်ဆီကို ပီအက်စ်ဂျီအသင်းကနေ စာချုပ်သက်တမ်း ထပ်မံ တိုးမြှင်သွားချင်နေပြီး မက်ဆီကလည်း ကမ္ဘာ့ဖလားအပြီးမှာ သူရဲ့ စာချုပ်ကိစ္စကို ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ ပြောဆိုထားခဲ့ပေမယ့် အခုအချိန်ထိတော့ မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ အနာဂတ်က မရေမရာသာ ရှိနေရဆဲသာဖြစ်ပြီး မက်ဆီအနေနဲ့ သူ့အနာဂတ်အတွက် ဘယ်လို အဆုံးအဖြတ်မျိုး ချမှတ်မလဲဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေရပါတယ်။

Exit mobile version