မနေ့ည ၂နာရီခွဲတုန်းက ကျင်းပသွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့လာလီဂါ အယ်ကလက်စီကိုဒါဘီပွဲစဉ်အတွင်းမှာ အိမ်ရှင်ရီးရဲလ်ကနေ ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲဲ့အတူ ဂိုးပြတ်နိုင်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီပွဲမှာ ဧည့်သည်ဘာစီလိုနာအသင်းက ပထမပိုင်းပွဲကစားချိန်အတွင်း ရီးရဲလ်အသင်းကို အသာစီးယူ ကစားနိုင်တယ်ဆိုပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ရီးရဲလ်ကပဲ ပွဲကိုစိုးမိုးသွားခဲ့ကာ သွင်းဂိုးတွေလည်း ရယူပြီး ၂၀၁၇ခုနှစ်နောက်ပိုင်း အယ်ကလက်စီကိုဒါဘီနိုင်ပွဲကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Getty Image

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနိုင်ပွဲကြောင့် လာလီဂါအမှတ်ပေးဇယားရဲဲ့ ထိပ်ဆုံးနေရာကို ပြန်လည်တတ်လှမ်းနိုင်ခဲ့ပြီး ဘာစီလိုနာကို ၁မှတ်ပြန်လည်ဖြတ်တောက်လိုက်ပါတယ်။ ဒါ့အပြင် ဒီပွဲမှာ ရီးရဲလ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ အသက်၁၉နှစ်အရွှယ် ဆယ်ကျော်သက်တိုက်စစ်မှူးလေး ဗင်နီဆီယပ်စ်ဂျူနီယာမှာလည်း လီယွန်နယ်မက်ဆီပြီးနောက် အယ်ကလက်စီကိုမှာ ဂိုးသွင်းယူနိုင်တဲ့ ဆယ်ကျော်သက် ကစားသမားလေးတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့နောက်ခံလူ ပီကေးကတော့ ရီးရဲလ်ရဲ့ပထမပိုင်းကစားပုံက ဆိုးရွှားလှတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Image

ပီကေးက “ရီးရဲလ်အသင်းရဲ့ပထမပိုင်းကစားပုံက ဘာနေဗျူးကွင်းမှာ ကျွန်တော်ရင်ဆိုင်ဖူးခဲ့သမျှထဲမှာတော့ အဆိုးရွှားဆုံးပါပဲ။ ဒါက ဝေဖန်ပြီးပြောတဲ့စကားမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း ပြသာနာတွေကိုယ်စီနဲ့ပါ။ နောက်ပြီး အခွင့်အရေးတချို့ လွဲချော်ခဲ့တာကလည်း ကျွန်တော်တို့ကို စိတ်ထိခိုက်စေခဲ့ပါတယ်။ ဒုတိယပိုင်းအတွင်းမှာ ကျွန်တော်တို့ ဒီထက်ကောင်းအောင် ကစားခဲ့သင့်တာပါ။ ကျွန်တော် ဘောလုံးတွေ ဆုံးရှံးခဲ့တယ်။ သူတို့တွေကတော့ ယုံကြည်မှုတွေ ပိုတိုးခဲ့ပြီး နိုင်ပွဲကို ဖော်ဆောင်သွားနိုင်တာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ပထမပိုင်းပွဲချိန်အတွင်းမှာ ဘောလုံးပိုင်ဆိုင်မှုရော ဂိုးပေါက်တည့်ကန်ချက်တွေမှာပါ အိမ်ရှင်ထက်သာအောင် ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေနဲ့ ဂိုးမရခဲ့ပဲ ဒုတိယပိုင်းမှာလည်း ကစားအားကျသွားခဲ့တဲ့အတွက် အခုလို ဂိုးပြတ်ရှံးခဲ့ရတာပဲဖြစ်ပါတယ်။