ဘာစီလိုနာအသင်းရဲ့ ဝါရင့်စပိန်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ရရှိသွားခဲ့ရတဲ့ ညာဘက်ဒူးဒဏ်ရာကြောင့် ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိပဲ ဒုတိယပိုင်း(၆၂)မိနစ်ခန့်မှာ ဆာဂျီနိုဒက်စ်နဲ့ လူစားလဲခဲ့ရသလို ဒဏ်ရာအခြေအနေကလည်း အတော်လေးကို ပြင်းထန်ဖွယ်ရှိတာကြောင့် (၆)လခန့်လောက်အထိပါ ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဗဟိုခံစစ်ကစားသမားပီကေးဟာ အသက်လက်တီကိုအသင်းရဲ့ တိုက်စစ်ကစားသမား ကော်ရီရာနဲ့ ထိခိုက်မိရာကနေ ညာဘက်ဒူးမှာ ပြင်းထန်လွန်းလှတဲ့ ဒဏ်ရာရသွားခဲ့တာကြောင့် ပွဲကို ဆက်လက်မကစားနိုင်တော့ပဲ ဒက်စ်နဲ့ လူစားလဲပြီး ကွင်းအတွင်းကနေ စိတ်ပျက်စွာနဲ့ ထွက်ခွာခဲ့ရပါတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ ပီကေးကို ကာလရှည်ကြာ လက်လွတ်ရဖွယ်ရှိနေပြီး နောက်ထပ်ဗဟိုခံစစ်မှူးတစ်ယောက်ဖြစ်တဲ့ အာရိုဟိုကလည်း ဒဏ်ရာရနေလို့ ခံစစ်မှာ လွန်းဂလတ်နဲ့ အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ အမ်တီတီတို့နှစ်ယောက်သာ အသုံးပြုရဖွယ် ရှိနေပါတယ်။

Photo Credit : Goal

အခုချိန်ထိတော့ ပီကေးရဲ့ဒဏ်ရာအခြေအနေကို သေချာမသိရှိရသေးပဲ စစ်ဆေးနေဆဲသာဖြစ်ပြီး တကယ်လို့သာ ကာလရှည်ကြာ အနားယူရမယ်ဆိုရင်တော့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းအနေနဲ့ လိုအပ်ရင် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ကို CB နေရာ ပြောင်းလဲကစားစေဖွယ် ရှိနေပါတယ်။ ဒီဂျောင်ဟာ ပီကေးဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခွာသွားရချိန်မှာလည်း ပီကေးရဲ့နေရာကို ဝင်ရောက်ကစားခဲ့ပါသေးတယ်။ ညက ပွဲစဉ်မှာ ပီကေးဒဏ်ရာဆိုးဆိုးရွှားရွှား ရသွားခဲ့သလို အသင်းရဲ့ ညာနောက်ခံကစားသမား ဆာဂျီရောဘတ်တိုမှာလည်း ကြွက်သားဒဏ်ရာရသွားခဲ့လို့ အသင်းရဲ့ ပွဲစဉ်အနည်းငယ်လောက်ကိုပါ လွဲချော်ရဖွယ် ရှိနေနိုင်တယ်လို့ သိရပါတယ်။ ဒီလို ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အသက်လက်တီကိုအသင်းနဲ့ပွဲစဉ်မှာလည်း ကာရက်စ်ကိုရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ရှံးနိမ့်ခဲ့ရတာကြောင့် ဒီနှစ်ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲအတွင်း တတိယမြောက်ရှံးပွဲနဲ့ ရင်ဆိုင်ခဲ့့ရတာဖြစ်သလို လက်ရှိမှာလည်း အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာထိကို ရှောက်ရှိနေရပါတယ်။ အခုလို လာလီဂါ(၈)ပွဲကစားထားပြီးနောက် ရယူနိုင်မယ့် ရမှတ်(၂၄)မှတ်ထဲကမှ ရမှတ်(၁၁)ပဲ ရယူနိုင်ခဲ့တာဟာ နှစ်ပေါင်း(၂၅)အတွင်း အဆိုးရွှားဆုံးအခြေအနေ ဖြစ်လို့နေရပြီး နည်းပြကိုးမန်းရဲ့ အနာဂတ်ကလည်း သိပ်မရေမရာ ဖြစ်လာခဲ့ရပါတယ်။