ဘာစီလိုနာအသင်းရဲ့ အမာခံနောက်ခံကစားသမားကြီး ပီကေးကတော့ ဒီနှစ်ဘောလုံးရာသီမှာ ပြစ်ဒဏ်ကျူးလွန်မှုတွေ များပြားလွန်းနေတာကြောင့် ပြီးခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာပဲ သူရဲ့ပြစ်ဒဏ်ကျူးလွန်မှုကြောင့် ပင်နယ်တီသတ်မှတ်ပေးခဲ့ရသလို ဒီရာသီမှာ ပြစ်ဒဏ်ကျူးလွန်မှုတွေကြောင့် အဝါကတ်ပေါင်း၁၃ကြိမ်ထိကို ပြသထားခံခဲ့ရပါတယ်။ အနီကတ်ပြခံရခြင်း မရှိသေးပေမယ့်လည်း အဝါကတ်တွေ အကြိမ်ကြိမ်ပြသခံရတယ်ဆိုရင်လည်း ပွဲပယ်မှုတွေ ခံရတတ်တာမို့ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ပီကေးအနေနဲ့ သတိထားကစားဖို့ လိုအပ်လျက်ရှိနေပါတယ်။

Photo Credit : The Whistler NG

အသက်၃၂နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်ဟောင်း ဝါရင့်နောက်ခံကစားသမားကြီး ပီကေးဟာ ဒီနှစ်ဘောလုံးရာသီ ဘာစီလိုနာအသင်းရဲ့ ခံစစ်ပိုင်းမှာ ယခင်နှစ်တွေတုန်းကလို ခံစစ်ကျစ်လစ်မှုရှိအောင် မလုပ်ဆောင်နိုင်တော့သလို သူရဲ့ကစားပုံကြမ်းတမ်းမှုကြောင့်လည်း စပိန်လာလီဂါပြိုင်ပွဲအတွင်းမှာ အဝါကတ်၉ကြိမ်အထိ ပြသထားခံခဲရသလို ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေအတွင်းမှာလည်း အဝါကတ်၃ကတ်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ကစားခဲ့တဲ့ စူပါကိုပါဖလားပွဲရဲဲ့ဆီမီးဖိုင်နယ်မှာလည်း အဝါကတ်၁ကြိမ် ပြခံခဲ့ရပါတယ်။

Photo Credit : AS English

လာလီဂါမှာက အဝါကတ်၅ကြိမ်ထိ ပြသခံထားရသူကို ၁ကြိမ်ပွဲပယ်ပြစ်ဒဏ်ချမှတ်တာဖြစ်လို့ ပီကေးဟာ အီဘာနဲ့ကစားခဲ့ရတဲ့ လာလီဂါပွဲကို လွဲချော်ခဲ့ရသလို ချန်ပီယံလိဂ်မှာ ၃ကြိမ်တိုင် အဝါကတ်ပြခံထိလို့ နူးကမ့်မှာ ကစားခဲ့ရတဲ့ ဒေါ့မွန်အသင်းနဲ့ပွဲကိုပါ လွဲချော်ခဲ့ရပါသေးတယ်။ ပီကေးတစ်ယောက်တည်းသာ ဘာစီလိုနာအသင်းရဲ့ဗဟိုနောက်ခံလူတွေထဲမှာ အဝါကတ်များစွာ ပြခံထားရတာမဟုတ်ပဲ နောက်ထပ် ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ အမ်တီတီ လွန်းဂ်လတ်တို့မှာလည်း အဝါကတ်တွေ များစွာပြသထားခံရပြီး လွန်းဂ်လတ်က အဝါကတ်ရကြိမ်နဲ့ အနီကတ်၁ကြိမ်စီ ပြသထားခံခဲ့ရသလို ဆင်မြူရယ်အမ်တီတီမှာလည်း အဝါကတ်၃ကြိမ်စီ ပြသခံရပါတယ်။ ဒါ့အပြင် ဆီဗီလာအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ဘာစီလိုနာအရန်အသင်းက ဗဟိုနောက်ခံကစားသမား အာရိုဟိုမှာလည်း အနီကတ်ပြသခံခဲ့ရပါတယ်။ ဒီရာသီမှာ ဘာစီလိုနာအသင်းဟာ လာလီဂါပွဲစဉ်အတွင်း Top 5 အသင်းတွေထဲမှာ ခံစစ်က ပေးဂိုးအများဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရပါတယ်။

(Zawgyi)

ဒီႏွစ္ေဘာလုံးရာသီအတြင္း အဝါကတ္ျပသခံရမႈ မ်ားျပားလုိ႔ေနတဲ႔ ဘာစီခံစစ္မွဴးပီေကး

ဘာစီလုိနာအသင္းရဲ႕ အမာခံေနာက္ခံကစားသမားႀကီး ပီေကးကေတာ့ ဒီႏွစ္ေဘာလုံးရာသီမွာ ျပစ္ဒဏ္က်ဴးလြန္မႈေတြ မ်ားျပားလြန္းေနတာေၾကာင့္ ၿပီးခဲ႔တဲ့ ဗလင္စီယာအသင္းနဲ႔ စပိန္လာလီဂါပြဲစဥ္အတြင္းမွာပဲ သူရဲ႕ျပစ္ဒဏ္က်ဴးလြန္မႈေၾကာင့္ ပင္နယ္တီသတ္မွတ္ေပးခဲ႔ရသလုိ ဒီရာသီမွာ ျပစ္ဒဏ္က်ဴးလြန္မႈေတြေၾကာင့္ အဝါကတ္ေပါင္း၁၃ႀကိမ္ထိကုိ ျပသထားခံခဲ႔ရပါတယ္။ အနီကတ္ျပခံရျခင္း မရွိေသးေပမယ့္လည္း အဝါကတ္ေတြ အႀကိမ္ႀကိမ္ျပသခံရတယ္ဆုိရင္လည္း ပြဲပယ္မႈေတြ ခံရတတ္တာမုိ႔ ေနာက္ပုိင္းပြဲစဥ္ေတြမွာေတာ့ ပီေကးအေနနဲ႔ သတိထားကစားဖုိ႔ လုိအပ္လ်က္ရွိေနပါတယ္။

Photo Credit : The Whistler NG

အသက္၃၂ႏွစ္အရႊယ္ရွိ စပိန္လက္ေရြးစင္ေဟာင္း ဝါရင့္ေနာက္ခံကစားသမားႀကီး ပီေကးဟာ ဒီႏွစ္ေဘာလုံးရာသီ ဘာစီလုိနာအသင္းရဲ႕ ခံစစ္ပုိင္းမွာ ယခင္ႏွစ္ေတြတုန္းကလုိ ခံစစ္က်စ္လစ္မႈရွိေအာင္ မလုပ္ေဆာင္ႏုိင္ေတာ့သလုိ သူရဲ႕ကစားပုံၾကမ္းတမ္းမႈေၾကာင့္လည္း စပိန္လာလီဂါၿပိဳင္ပြဲအတြင္းမွာ အဝါကတ္၉ႀကိမ္အထိ ျပသထားခံခဲရသလို ခ်န္ပီယံလိဂ္အုပ္စုအဆင့္ပြဲစဥ္ေတြအတြင္းမွာလည္း အဝါကတ္၃ကတ္နဲ႔ အသက္လက္တီကုိမက္ဒရစ္အသင္းနဲ႔ ကစားခဲ႔တဲ႔ စူပါကိုပါဖလားပြဲရဲဲ႕ဆီမီးဖုိင္နယ္မွာလည္း အဝါကတ္၁ႀကိမ္ ျပခံခဲ႔ရပါတယ္။

Photo Credit : AS English

လာလီဂါမွာက အဝါကတ္၅ႀကိမ္ထိ ျပသခံထားရသူကုိ ၁ႀကိမ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္တာျဖစ္လုိ႔ ပီေကးဟာ အီဘာနဲ႔ကစားခဲ႔ရတဲ႔ လာလီဂါပြဲကုိ လြဲေခ်ာ္ခဲ႔ရသလုိ ခ်န္ပီယံလိဂ္မွာ ၃ႀကိမ္တုိင္ အဝါကတ္ျပခံထိလုိ႔ ႏူးကမ့္မွာ ကစားခဲ႔ရတဲ႔ ေဒါ့မြန္အသင္းနဲ႔ပြဲကုိပါ လြဲေခ်ာ္ခဲ႔ရပါေသးတယ္။ ပီေကးတစ္ေယာက္တည္းသာ ဘာစီလုိနာအသင္းရဲ႕ဗဟုိေနာက္ခံလူေတြထဲမွာ အဝါကတ္မ်ားစြာ ျပခံထားရတာမဟုတ္ပဲ ေနာက္ထပ္ ဗဟုိခံစစ္မွဴးေတြျဖစ္တဲ႔ အမ္တီတီ လြန္းဂ္လတ္တုိ႔မွာလည္း အဝါကတ္ေတြ မ်ားစြာျပသထားခံရၿပီး လြန္းဂ္လတ္က အဝါကတ္၇ႀကိမ္နဲ႔ အနီကတ္၁ႀကိမ္စီ ျပသထားခံခဲ႔ရသလုိ ဆင္ျမဴရယ္အမ္တီတီမွာလည္း အဝါကတ္၃ႀကိမ္စီ ျပသခံရပါတယ္။ ဒါ့အျပင္ ဆီဗီလာအသင္းနဲ႔ပြဲစဥ္မွာ ပါဝင္ကစားခဲ႔တဲ႔ ဘာစီလုိနာအရန္အသင္းက ဗဟုိေနာက္ခံကစားသမား အာရုိဟုိမွာလည္း အနီကတ္ျပသခံခဲ႔ရပါတယ္။ ဒီရာသီမွာ ဘာစီလုိနာအသင္းဟာ လာလီဂါပြဲစဥ္အတြင္း Top 5 အသင္းေတြထဲမွာ ခံစစ္က ေပးဂုိးအမ်ားဆုံးအသင္းအျဖစ္ သတ္မွတ္ခံထားရပါတယ္။