နာမည်ကြီး အင်္ဂလန် သတင်းထောက် နဲ့ အစီအစဉ် တင်ဆက်သူ ပီယာမော်ဂန်ကတော့ အင်္ဂလန် လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြတဲ့ မန်ယူ တိုက်စစ်မှူး ဂရင်းဝုဒ် နဲ့ မန်စီးတီး ကွင်းလယ်လူ ဖိုဒင်တို့ကို “Covidiots-ကိုဗစ်အရူးတွေ”လို့ ပြင်းထန်စွာ ပြစ်တင်ဝေဖန်သွားလိုက်တာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ် နဲ့ ကွင်းလယ်လူ ဖိုဒင်တို့ဟာ အိုက်စ်လန်နိုင်ငံမှာ ရှိနေစဉ်အတွင်း သူတို့ရဲ့ တည်ခိုရာ ဟိုတယ်ကို အမျိုးသမီး (၂) ယောက် ခေါ်ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် စည်းမျဉ်း နဲ့ ဘောလုံး စည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် အင်္ဂလန် လက်ရွေးစင်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: TheSun

အသက် (၂၀) အရွယ် ဖိုဒင် နဲ့ အသက် (၁၈) နှစ်အရွယ် ဂရင်းဝုဒ်တို့ဟာ သူတို့ရဲ့ မကောင်းတဲ့ လုပ်ရပ်အတွက် ပြန်လည် တောင်းပန်ခဲ့ကြပြီး နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့ အသင်းတွေအရ သူတို့က အမျိုးသမီး (၄) ဦးကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဟိုတယ်ခန်းမှာ ရှိနေစဉ်အတွင်း ရိုက်ကူးခဲ့တဲ့ ဗီဒီယိုလည်း ပေါက်ကြားခဲ့တာ ဖြစ်ပြီး အင်္ဂလန် ဘောလုံး သတင်းထောက် ဖြစ်သူ ပီယာမော်ဂန်ကတော့ ဖိုဒင် နဲ့ ဂရင်းဝုဒ်တို့ဟာ စည်းမျဉ်းတွေ သိတဲ့ လူငယ်တွေ ဖြစ်ပြီး ကိုဗစ်အရူးတွေ ဖြစ်တယ်လို့ ပြင်းထန်စွာ ဝေဖန်သွားပါတယ်။

Photo Credit: TheSun

ပီယာမော်ဂန်က “သူတို့က စည်းမျဉ်းစည်းကမ်းတွေကို သိတဲ့ လူငယ်တွေ ဖြစ်တယ်။ ဘာဖြစ်လို့ သူတို့ကို ကာကွယ်တားဆီးတဲ့ လုံခြုံရေးတွေက မရှိရတာလဲ။ သူတို့က ဆယ်ကျော်သက်အရွယ် နဲ့ လူငယ်အရွယ်မှာ အိပ်မက်တွေကို ပြုလုပ်လိုက်ကြတယ်။ အခုတော့ သူတို့နှစ်ဦးဟာ သူတို့ရဲ့ ပထမဆုံး အကြိမ် ပွဲစဉ်တွေကို လွဲချော်ရတော့မယ်။ ဘာလို့လဲဆိုရင် သူတို့ကို အရှက်ရသွားကြလို့ပါပဲ။ သူတို့က “Covidiots – ကိုဗစ်အရူးတွေ”ပါပဲ”လို့ ပြစ်တင်ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ ကွင်းလယ်လူ ဖိုဒင် နဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ သူတို့ရဲ့လုပ်ရပ်ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီး အင်္ဂလန် လက်ရွေးစင် ပွဲစဉ် (၄) ပွဲ ကစားဖို့ ပိတ်ပင်ခံရပါတယ်။