ဗြိတိန်ရဲ့ နာမည်ကြီး ရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ ပီယာ့စ်မော်ဂန်ကတော့ လက်ရှိ ၂၀၂၂ကာတာကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းတွေ ပြသထားတဲ့ GOAT ကြီး လီယွန်နယ်မက်ဆီကို အမြဲတမ်း အကောင်းဆုံး ကစားသမားစာရင်းရဲ့ အဆင့်(၄)နေရာမှာ အံ့အားသင့်စဖွယ် သတ်မှတ်ထားခဲ့ပါတယ်။

Piers Morgan still believes Cristiano Ronaldo is the greatest player of all time

Photo Credit : The Sun

အာဆင်နယ်အသင်းကို အားပေးသူဖြစ်ပြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုလည်း အလွန်သဘောကျ နှစ်သက်သူတစ်ဦးဖြစ်တဲ့ ပီယာ့စ်မော်ဂန်က မကြာသေးခင်ကလည်း ဟိုးလေးတကျော်ကျော် ဖြစ်စေခဲ့ရတဲ့ ရော်နယ်လ်ဒိုနဲ့ အင်တာဗျူးအစီအစဉ်ကို တင်ဆက်ခဲ့သူလည်းဖြစ်ပြီး အခုလည်း မေးခွန်းထုတ်စရာကောင်းတဲ့ သတ်မှတ်ချက်တစ်ခုကို ပြုလုပ်လာခဲ့ပြန်ပါတယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ မနေ့ညက ခရိုအေးရှားကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ရာ “အာဂျင်တီးနားနဲ့ လီယွန်နယ်မက်ဆီတို့ ကမ္ဘာ့ဖလားဖိုင်နယ်ကို တတ်ရောက်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ သူတို့ကို ဘယ်တော့မှ သံသယမဝင်ပါဘူး” လို့ မော်ဂန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

World Cup 2022: Ronaldo's Super Fan Piers Morgan Reacts to Messi's First Ever World Cup Knockout Goal - SportsBrief.com

Photo Credit : Sports Brief

အဲ့လို ပြောဆိုခဲ့ပြီးနောက် လိုင်နီကာက “GOAT တစ်ဦးတည်းနဲ့ ပတ်သတ်ပြီး ငြင်းခုန်ချင်တာရော ရှိသေးလား” လို့ မေးလိုက်ရာ မော်ဂန်က “ဒါတော့ ငြင်းခုန်စရာ မရှိဘူး။ GOAT က ရော်နယ်လ်ဒိုပါ” လို့ ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။ ဒါ့အပြင် မော်ဂန်ဟာ အမြဲတမ်း အကောင်းဆုံး ကစားသမားတွေရဲ့ top three စာရင်းမှာပါ မက်ဆီကို ထည့်သွင်းထားခြင်း မရှိပဲ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ထိပ်ဆုံးနေရာမှာ ရွေးချယ်ထားပြီး အာဂျင်တီးနားရဲ့ legend တစ်ဦးဖြစ်သူ မာရာဒိုနာကို အဆင့်(၂) ဘရာဇီးလ်က တိုက်စစ်မှူးကြီး ရော်နယ်လ်ဒိုနာဇာရီယိုကို အဆင့်(၃)နဲ့ မက်ဆီကိုတော့ အဆင့်(၄)နေရာမှာသာ ထားရှိခဲ့ပါတယ်။ မော်ဂန်က လက်ရှိမှာ အသက်(၅၇)နှစ်အရွယ်ကို ရောက်ရှိနေတာကြောင့် မာရာဒိုနာ ရော်နယ်လ်ဒိုကြီးတို့ကို top 3 list ထဲ ထည့်သွင်းတာဟာ သိပ်မထူးဆန်းဘူး ဆိုပေမယ့် မက်ဆီလို တကယ့် ကစားသမားကောင်းတစ်ဦးကို အမြဲတမ်း အကောင်းဆုံး ကစားသမားအဖြစ် နေရာမပေးချင်ရင်တောင် top 3 စာရင်းမှာ ထည့်သွင်းခဲ့သင့်ပါတယ်။ မော်ဂန်ရဲ့ top 3 list ထဲ မပါဝင်လာတဲ့ မက်ဆီကတော့ လက်ရှိမှာ ကမ္ဘာ့ဖလား ဆုဖလားကြီးကို ရယူနိုင်ဖို့အတွက် လက်တစ်ကမ်းအလိုသာ ကျန်ရှိနေတော့ပြီး ပြင်သစ်(သို့)မော်ရိုကို တစ်သင်းသင်းနဲ့ ဗိုလ်လုသွားရတော့မှာပဲ ဖြစ်ပါတယ်။