အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်းကတော့ အာဆင်နယ်အသင်းနဲ့ (၃) နှစ်ကြာစာချုပ်သစ်ကို ထပ်တိုးဖို့ ပြင်ဆင်နေလျက် ရှိပြီး တကယ်လို့ အာဆင်နယ်အသင်းနဲ့ (၃) နှစ်ကြာ စာချုပ်သစ်ကို ထပ်တိုးပြီးရင် အာဆင်နယ်အသင်းမှာ လစာ အများဆုံး ကစားသမား ဖြစ်လာနိုင်ချေ ရှိနေပါတယ်။ အာဆင်နယ်အသင်းခေါင်းဆောင် တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်ရဲ့နောက်ဆုံးနှစ်ကို ရောက်နေပြီ ဖြစ်ပြီး လက်ရှိ အာဆင်နယ်အသင်းမှာ တစ်ပတ်ကို ပေါင် (၂) သန်း ရရှိနေတာကြောင့် အသင်းရဲ့ လစာ အများဆုံး တတိယ ကစားသမား ဖြစ်နေပါတယ်။

Photo Credit: Dailymail

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းမှာ လစာ အများဆုံး ကစားသမားကတော့ တစ်ပတ်မှာ ပေါင် (၃သိန်းခွဲ) ရရှိနေတဲ့ ကွင်းလယ်လူ အိုဇေးလ် ဖြစ်ပြီးတော့ ဒုတိယ လစာ အများဆုံး ရရှိတဲ့ ကစားသမားက တစ်ပတ်မှာ ပေါင် (၂သိန်း၂သောင်း) ရရှိတဲ့ ကွင်းလယ်လူ ဝီလီယံ ဖြစ်ပါတယ်။ တိုက်စစ်မှူး အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ နောက်နှစ် စာချုပ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် ထပ်တိုးခြင်း မရှိသေးတာကြောင့် အသင်းကနေ ထွက်သွားနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဘာစီလိုနာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။

Photo Credit: Dailymail

The Athletic သတင်းက အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာ နဲ့ အူဘာမီယန်းရဲ့ဖခင်ဟာ တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ်အသင်းမှာ ဆက်ကစားဖို့ နားချနေတယ်လို့ ဖော်ပြခဲ့ပြီး လာမယ့် (၂၀၂၃) ခုနှစ်အထိ၊ (၃) နှစ်ကြာ စာချုပ်သစ် ထပ်တိုးနိုင်တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ တိုက်စစ်မှူး အူဘာမီယန်းဟာ ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ်အသင်းကို အက်ဖ်အေ ဆုဖလား နဲ့ ကွန်မြူနတီဒိုင်း ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ (၃) နှစ်ကြာ စာချုပ်သစ် ထပ်တိုးပါက အိုဇေးလ် နဲ့ ဝီလီယံကို ကျော်ပြီး လစာ အများဆုံး ဖြစ်လာနိုင်ပါတယ်။