MySport Myanmar

ပေါင်ဒဏ်ရာကြောင့် ၄ပတ် ဝန်းကျင် အနားယူရတော့မယ့် အဲဗာတန်ကြယ်ပွင့် ပစ်ဖို့ဒ်

ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ အဲဗာတန်ရဲ့ နံပါတ်တစ် ဂိုးသမား ဂျေဒန် ပစ်ဖို့ဒ်က ပေါင်ဒဏ်ရာ ရနေတာကြောင့် ၄ပတ် ဝန်းကျင် အထိ အနားယူရတော့မယ်လို့ နာမည်ကြီး သတင်းဌာန အများစုက တညီတညွတ်ထဲ ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ပစ်ဖို့ဒ်က အင်္ဂလန်နဲ့ အဲဗာတန်တို့ရဲ့ မရှိမဖြစ် ဂိုးသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်း အဲဗာတန်ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း အသင်းအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ပွဲ အထိ ပါဝင် ကစားပေးထားပါတယ်။

Photo Credit: Fot Mob

ပစ်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ အဲဗာတန် အတွက် ၆ပွဲ ဝင်ရောက် ကစားပေးထားရာ ၆ဂိုးသာ ခွင့်ပြုပေးခဲ့ရသလို ပေးဂိုးမဲ့တဲ့ပွဲကလည်း ၁ပွဲ ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ အဲဗာတန်ရဲ့ ပရိသတ်တွေက ပစ်ဖို့ဒ်ကို အသင်းရဲ့ မရှိမဖြစ် ကစားသမား အဖြစ် သတ်မှတ်ထားကြပြီး ယခုတခါမှာတော့ ပစ်ဖို့ဒ်ဟာ ပေါင်ဒဏ်ရာကြောင့် ၄ပတ် ဝန်းကျင် အထိ အနားယူရတော့မှာပါ။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ပစ်ဖို့ဒ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းရဲ့ တန်ပြန်တိုက်စစ် ကစားပုံ အတွက် အားပြင်းတဲ့ ဂိုးကစ်ကန်ချက်တွေကို ကန်ပေးနေရတာကြောင့် ပေါင်ဒဏ်ရာ ရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာကြောင့်ပဲ လာမယ့် အောက်တိုဘာလ လဆန်းပိုင်း ရောက်တဲ့ အထိ အနားယူရတော့မယ်လို့ သိရပါတယ်။

Photo Credit: Fot Mob

ပစ်ဖို့ဒ်ဟာ သီတင်းပတ် ၄ပတ် ဝန်းကျင် အထိ အနားယူရဖို့ ရှိနေပေမယ့် ကံကောင်းစွာနဲ့ပဲ လာမယ့်အပတ်မှာ နိုင်ငံတကာပွဲတွေ ကစားရဖို့ ရှိနေတာကြောင့် အဲဗာတန်အနေနဲ့ ပစ်ဖို့ဒ်ကို အလွန်ဆုံး ၁ပွဲသာ လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေပြီး ပစ်ဖို့ဒ်ရဲ့ ဒဏ်ရာကြောင့် အင်္ဂလန်နဲ့ အီတလီ ၊ အင်္ဂလန်နဲ့ ဂျာမဏီတို့ရဲ့ ပွဲစဉ်တွေမှာ အာဆင်နယ် ဂိုးသမား ရမ်စဒယ်က အင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် တာဝန်ယူရဖို့ ရှိနေပါတယ်။

Exit mobile version