ဆိုးရွှားလွန်းလှတဲ့ ဒူးဒဏ်ရာကြောင့် အသင်းရဲဲ့ ပွဲစဉ်အမြောက်အများကို လွဲချော်ထားရသလို ဒဏ်ရာကနေ ပြန်လည်သက်သာချိန်မှာလည်း အသင်းမှာ ဗဟိုခံစစ် ကစားသမားတွေ အလုံအလောက် ရှိနေတာကြောင့် နေရာရဖို့ ခက်ခဲနေရတဲ့ မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ လက်ရှိမှာတော့ ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်မယ့် ကစားသမား (၂၅)ဦးစာရင်းမှာ ပြန်လည်ရွေးချယ်ခံထားရတာကြောင့် ၂၀၁၉ခုနှစ်နောက်ပိုင်း သူရဲ့ပထမဆုံး ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ပါဝင်ကစားရဖွယ် ရှိနေပါတယ်။

Jones has endured an injury-plagued few years at Old Trafford but is now back to fitness

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးဟောင်း ဗဟိုနောက်ခံကစားသမား ဖီးလ်ဂျုံးစ်ဟာ ၂၀၁၁ခုနှစ်လောက်ကတည်းက ဘလက်ဘန်းအသင်းကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိနေတာဖြစ်လို့ အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ကစားနေသူလည်း ဖြစ်ပေမယ့် ၂၀၂၀ နှစ်စပိုင်းလောက်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့လို့ လပေါင်း(၂၀)လောက်အထိ ကာလရှည်ကြာ အနားယူခဲ့ရသလို လက်ရှိ ယူနိုက်တက်ခံစစ်မှာ မက်ဂွိုင်းရား ဗာရန်း လင်ဒီလော့ ဘိုင်လီတို့ ရှိနေတဲ့တာကြောင့် ဖီးလ်ဂျုံးစ်အတွက် အခွင့်အရေးတွေက မရှိသလောက်ကို ဖြစ်သွားခဲ့ရပါတယ်။

Phil Jones has been included in Manchester United's Champions League knockout squad

Photo Credit : Daily Mail

ဒီလို အခြေအနေမျိုးတွေ ဖြစ်ခဲ့ရပြီး ဆောင်းစျေးကွက်တုန်းကလည်း ဘော်ဒိုးအသင်းရဲ့ ကမ်းလှမ်းမှုကိုပါ ရရှိခဲ့တဲ့ ဖီးလ်ဂျုံးစ်ဟာ အသင်းပြောင်းလို့ရမယ့် အခွင့်အရေးကို ပယ်ချခဲ့ပြီး ယူနိုက်တက်မှာသာ ဆက်လက်ရှိနေခဲ့လို့ အခုဆိုရင်ပဲ ဂျုံးစ်ဟာ အသင်းရဲ့ ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်ပွဲစဉ်အတွက် လူစာရင်းမှာပါ ပါဝင်လာခဲ့ရပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေအတွက် ရွေးချယ်ခဲ့တဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့သူတွေဖြစ်တဲ့ တိုက်စစ်မှူး မာစီယဲလ် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်နဲ့ တောင်ပံကစားသမားလေး အာမတ်ဒီယာလိုတို့က ဆောင်းစျေးကွက်အတွင်းမှာ အသင်းသစ်တွေဆီ အသီးသီး ပြောင်းရွှေ့သွားခဲ့တာကြောင့် သူတို့ရဲ့နေရာမှာ နောက်ခံလူ ဖီးလ်ဂျုံးစ်နဲ့ အသင်းရဲ့ စတုတ္ထဂိုးမသား လီဂရန့်တို့ကို အစားထိုးသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်နေရာအတွက် မက်ဂွိုင်းရား ဗာရန်း လင်ဒီလော့ ဘိုင်လီနဲ့ ဖီးလ်ဂျုံးစ်တို့ကို ရွေးချယ်ခဲ့တာကြောင့် ဂျုံးစ်အနေနဲ့ အသင်းအတွက် ပါဝင်ခွင့်ရဖို့က ခက်ခဲနိုင်ပေမယ့် မမျှော်လင့်ပဲနဲ့လည်း ပွဲကစားခွင့် ရလာနိုင်ပါတယ်။ ယူနိုက်တက်အသင်းက (၁၆)သင်း ရှုံးထွက်ပွဲစဉ်မှာ လာလီဂါကလပ် အသက်လက်တီကိုအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ပထမအကျော့ကို စပိန်မြေမှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။