မန်ယူအသင်းရဲ့ ခံစစ်မှူး ဖီးလ်ဂျုံးစ်ကတော့ သူ့ရဲ့ (၅) ယောက်အသင်းကို ရွေးချယ်သွားခဲ့တဲ့ အချိန်မှာ ထူးခြားစွာနဲ့ပဲ မန်ယူ တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကို နောက်တန်း နေရာမှာ ထားမယ်လို့ ပြောပြီး မန်ယူ ခံစစ်မှူးဟောင်း ဗီဒစ်နဲ့ တွဲကစားစေမယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာဘာတော့ဗ်ဟာ မန်ယူအသင်းမှာ (၂၀၀၈-၀၉) ခုနှစ်က (၂၀၁၁-၁၂) ခုနှစ်အထိ (၄) နှစ် ခန့်ကြာ ကစားခဲ့တဲ့ အချိန်မှာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၄၉) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၅၆) ဂိုး သွင်းခဲ့ပြီး မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ် (၂) ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Sportbible

မန်ယူ နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ (၅) ယောက်အသင်းကို ရွေးချယ်ခဲ့တဲ့ အချိန်မှာ ဂိုးသမား အဖြစ် ဒီဂီယာ၊ နောက်ခံလူ အဖြစ် ဘာဘာတော့ဗ် နဲ့ ဗီဒစ် ဖြစ်ကြပြီး ရှေ့တန် ကစားသမား အဖြစ် ကွင်းလယ်လူ ပေါလ် စခိုးလ် နဲ့ တိုက်စစ်မှူး ရွန်နီတို့ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ မန်ယူအသင်းမှာ ကစားတာ (၉) နှစ်ကြာ ရှိလာပြီး ဖြစ်တာကြောင့် သူ့ရဲ့ မန်ယူအသင်းဖော်ဟောင်းတွေကို ရွေးချယ်ပြီး (၅) ယောက်အသင်းကို ဖွဲ့စည်းတဲ့ အချိန်မှာ တိုက်စစ်မှူး ဘာဘာတော့ဗ်ကို ခံစစ်မှူး နေရာမှာ ထားမယ်လို့ ပြောကြားသွားလိုက်ပါတယ်။

Photo Credit: Sportbible

ဖီးလ်ဂျုံးစ်က “ကျွန်တော် ဒီဂီယာကို ဂိုးသမားနေရာမှာ ထားတယ်။ (၅) ယောက်အသင်းမှာ ကျွန်တော် ဘာဘာတော့ဗ်ကို နောက်တန်းနေရာမှာ ထားမယ်။ သူက လေ့ကျင့်ရေး ဆင်းတဲ့ အချိန်မှာ ကျွန်တော့်ကို အနှောင့်ယှက်ပေးနေခဲ့လို့ပါ။ သူက လေ့ကျင့်ရေးမှာ ခံစစ် နေရာမှာ ကစားပါတယ်။ ကျွန်တော်က သူ့ကို ခံစစ်နေရာမှာ မကစားပါနဲ့ ပြောရင် နည်းပြက သူ့ကို ခံစစ်မှာ ကစားပါလို့ ပြောပါတယ်။ သူက ကျွန်တော့်ကို အခြားနေရာမှာ သွားကစားပါလို့ အမြဲ ပြောပါတယ်။ သူက မယုံနိုင်စရာ ကောင်းပါတယ်။ ကျွန်တော် ခံစစ်နေရာမှာ ဘာဘာတော့ဗ် ထားပါမယ်။ ပြီးရင် ကျွန်တော် ဘာဘာတော့ဗ်နဲ့ တွဲကစားဖို့ ဗီဒစ်ကို ရွေးပါမယ်။ ဘာလို့လဲ ဆိုရင် သူက ဘာမဆို ပေးဆပ်လို့ပါ။ ပြီးရင် စခိုးလ် နဲ့ ရွန်နီကို ရွေးမယ်”လို့ ပြောခဲ့ပါတယ်။