MySport Myanmar

မက်ဆီ ရော်နယ်လ်ဒိုတို့ထက် ဒီဘရိုင်းနားကိုသာ အကြီးကျယ်ဆုံး ကစားသမားလို့ ဖိုဒန် သတ်မှတ်

မန်ချက်စတာစီးတီးအသင်းရဲ့ ကြယ်ပွင့်ကစားသမားလေး ဖေးလ်ဖိုဒန်က လက်ရှိ ကမ္ဘာ့ဘောလုံးရဲ့ အကောင်းတကာ့ အကောင်းဆုံးတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ ခရစ္စတီယာနိုတို့ထက် သူရဲ့အသင်းဖော် စီနီယာကစားသမားကြီး ကယ်ဗင်ဒီဘရိုင်းနားကသာ မြင်ဖူးခဲ့သမျှထဲက အကြီးကျယ် အခမ်းနားဆုံးသော ဘောလုံးသမားတစ်ဦးလို့ သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : Liga Olahraga

မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကွင်းလယ်ကစားသမား ဖိုဒန် TCL ရဲ့ global ambassador တစ်ဦးအဖြစ် ခန့်အပ်ခံရပြီးနောက် သူမြင်ဖူးသသမျှထဲကမှ အကောင်းဆုံး ကစားသမားအကြောင်း အပါအဝင် ဘောလုံးနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများစွာကို ပြောဆိုသွားခဲ့ပါတယ်။ ဘောလုံးပရိသတ်တွေနဲ့ ဘောလုံးသမားတွေရဲ့ကြားမှာ အမြဲတမ်းရှိနေတတ်တဲ့ အငြင်းအခုံတစ်ခုဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒ်ို ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းအပေါ် ဖိုဒန်က ဒီ goat ကြီး နှစ်ဦးထက် သူရဲ့အသင်းဖော် ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနားကသာ သူမြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကြီးကျယ်ဆုံး ကစားသမားတစ်ဦးလို့ သတ်မှတ် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Evening Standard

မက်ဆီနဲ့ ရော်နယ်လ်ဒို ဘယ်သူက အကောင်းဆုံး ကစားသမားလဲဆိုတဲ့ မေးခွန်းအပေါ် ဖိုဒန်က “wow ဒါက အရမ်းခက်ခဲတာပဲ။ ကျွန်တော်က ဘောလုံးပွဲတွေကြည့်ရင်း ကြီးပြင်းလာချိန် ဒေးဗစ်ဆေးလ်ဗား ကစားတာကို သဘောကျမိပေမယ့် ဒီဘရိုင်းနားရဲ့ လေ့ကျင့်ခန်းဆင်းနေတာတွေ သူလုပ်ဆောင်နေတဲ့ အရာတွေကို နေ့တိုင်း တွေ့နေရတယ်။ သူက မယုံနိုင်စရာကောင်းတဲ့ ကစားသမားပါ။ ကျွန်တော် တွဲကစားဖူးတဲ့ ကစားသမားတွေထဲက အကောင်းဆုံး ကစားသမားတစ်ဦး ဖြစ်နိုင်ပါတယ်။ ကျွန်တော် မြင်ဖူးသမျှထဲမှာ ဒီဘရိုင်းနားက အကောင်းဆုံးပါပဲ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဖိုဒန် အလွန် သဘောကျနေတဲ့ ဒီဘရိုင်းနားဟာ လက်ရှိမှာ အသက်(၃၁)နှစ်အရွယ် ဘယ်လ်ဂျီယံလက်ရွေးစင် ကွင်းလယ်လူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် ဝုလ်ဖ်ဘတ်အသင်းကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာဖြစ်ကာ လက်ရှိမှာတော့ မန်စီးတီးအတွက် (၈)ရာသီမြောက်ကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ စီးတီးရဲ့ big game player တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းနားဟာ စီးတီးအတွက် မရှိမဖြစ် အရေးပါလှသူလည်းဖြစ်ပြီး (၈)ရာသီအတွင်းမှာ စီးတီးအသင်းအတွက် (၃၁၅)ပွဲ ပါဝင်ကစား (၈၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Exit mobile version