MySport Myanmar

ဒီရာသီမှာ PSG အသင်း ချန်ပီယံလိဂ် မရနိုင်သေးတဲ့ အကြောင်းအရင်းကို ရှမိုက်ကယ် ရှင်းပြ

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဒိန်းမတ်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ပီတာရှမိုက်ကယ်က ဒီနှစ်ဘောလုံးရာသီအတွင်းမှာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းအတွက် ဂိုးမြူးနေကြတဲ့ မက်ဆီ နေမာ ဘာပေတို့ တိုက်စစ်အတွဲအဖက်ရဲ့ အသင်းအတွက် ခံစစ် ပြန်ကစားပေးဖို့ အားနည်းမှုကြောင့် ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ထောက်ပြ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပီအက်စ်ဂျီအသင်းနဲ့ မက္ကာဘီဟိုင်ဖာအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီက မက်ဆီ နေမာ ဘာပေတို့ရဲ့ သွင်းဂိုးတွေ အပါအဝင် (၇)ဂိုး (၂)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး ပီအက်စ်ဂျီက နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ရပါတယ်။ ဒီပွဲမှာ မက်ဆီနဲ့ ဘာပေတို့က တစ်ဦးကို (၂)ဂိုးစီ သွင်းယူခဲ့ကြပြီး အသင်းနဲ့ ပြန်လည် ပူးပေါင်းဖြစ်ခဲ့တဲ့ နေမာကလည်း သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပေမယ့် (၄)ဂိုးပြတ်နဲ့ ဦးဆောင်နေချိန်မှာ အစ္စရေးလ်ကလပ်ကို (၂)ဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပြီး ဒါဟာ ပီအက်စ်ဂျီရဲ့ တိုက်စစ်အတွဲဖက်ဖြစ်တဲ့ မက်ဆီ နေမာ ဘာပေတို့ကြောင့် ဖြစ်တယ်လို့ ရှမိုက်ကယ်က ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

“ခင်ဗျားက ချန်ပီယံလိဂ်ဖလားကို ရရှိဖို့အကြောင်း ပြောမယ်ဆိုရင် သူတို့တွေ ဒီနေ့ သူတို့အသင်းရဲ့ ပြသာနာကို ပြသသွားတယ်လို့ ကျွန်တော်ထင်တယ်။ သူတို့တွေ (၄)ဂိုးပြတ်နဲ့ ဦးဆောင်နေတဲ့အချိန်မှာ ရုတ်တရက် (၄)ဂိုး (၂)ဂိုး ဖြစ်သွားခဲ့တယ်။ သူတို့က နိုင်ပွဲတွေရအောင် ဂိုးတွေ အများကြီးသွင်းဖို့ လိုအပ်နေခဲ့ပြီး ဒီလိုမျိုးဆိုတာကလည်း ပွဲတိုင်းမှာ အမြဲလုပ်ဆောင်နိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ခံစစ်ပိုင်းမှာ ဆိုးဆိုးရွှားရွှား ဖြစ်နေတယ်လို့ ကျွန်တော် ထင်မိတယ်။ ဒါကလည်း သူတို့ရဲ့ တိုက်စစ်(၃)ဦးကြောင့် ဖြစ်ရတာ။ ခင်ဗျားသာ ကွင်းထဲမှာ သွားရောက် ကြည့်ရှုနေတာဆိုရင် သူတို့(၃)ယောက် အသင်းရဲ့ ခံစစ်အတွက် ဘယ်လောက်လေးပဲ ပါဝင်ပတ်သတ်ပေးနေလဲဆိုတာကို မြင်ရလိမ့်မယ်။ ဘိုင်ယန်မြူးနစ်တို့ မန်စီးတီးတို့လို အသင်းတွေက တိုက်စစ်ဆင်လည်း (၁၁)ယောက်လုံး ခံစစ်ဆိုရင်လည်း (၁၁)ယောက်လုံး အကုန်လိုက်ပါကစားတယ်။ ဒါက ဒီနေ့ခေတ် ဘောလုံးကစားခြင်းအတွက် လိုအပ်နေတာ အရာပဲ။ ပြီးတော့ သူတို့သာ မန်စီးတီး ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်တို့လို အသင်းတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူတို့ရဲ့ ပြသာနာတွေ မြင်လာနိုင်ပြီးတော့ ချန်ပီယံလိဂ်ကနေ ထွက်ခွာရဖို့ပါ အကြောင်းဖန်သွားလိမ့်မယ်” လို့ ဂိုးသမားဟောင်းကြီး ရှမိုက်ကယ်က သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version