MySport Myanmar

မက်ဒီဆင်က စပါးအတွက် ပြီးပြည့်စုံတဲ့ ကစားသမားတစ်ဦးလို့ အဘွန်လဟော သုံးသပ်

အက်စတွန်ဗီလာနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂါဘရီရယ်အဘွန်လဟောက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ပတ်သတ်ပြီး သူရဲ့ ထင်မြင်သုံးသပ်ချက်တွေကို ထုတ်ဖော် ပြောကြားလာခဲ့ရာ လက်စတာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်မက်ဒီဆင်က စပါးအသင်းအတွက် အလိုအပ်ဆုံးသော no(10)role ကစားသမားတစ်ဦး ဖြစ်တယ်လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

လက်စတာအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမားလေး မက်ဒီဆင်ကို မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေက အပြိုင် စိတ်ဝင်စားနေကြပေမယ့် ဒီနှစ်သင်းလုံးမှာက မက်ဒီဆင်နဲ့ နေရာတူ ကစားတဲ့ ကစားသမားတွေ ရှိလို့နေပါတယ်။ ယူနိုက်တက်အသင်းမှာဆိုရင် ဘနူနိုဖာနန်ဒက်စ်နဲ့ ခရစ္စတီယန်အဲရစ်ဆင်တို့ ရှိနေသလို အာဆင်နယ်မှာဆိုရင်လည်း မာတင်အိုဒီဂတ် ဖာဘီယိုဗီဟေရာအပြင် စမစ်ရိုးပါ ရှိနေတဲ့အတွက် ဒီကစားသမားက ယူနိုက်တက် အာဆင်နယ်တို့ထက် စပါးအသင်းနဲ့သာ ပိုသင့်တော်တယ်လို့ အဘွန်လဟောက မှတ်ချက်ပြုလာခဲ့ပါတယ်။

Photo Credit : Sky Sports

“သူတို့က ကစားသမားတွေ များများ ခေါ်ယူဖို့ လိုပါတယ်။ သူတို့ဆီမှာ နံပါတ်(၁၀) ကစားသမား မရှိနေသလို ခံစားရတယ်။ နယူးကာဆယ်ပွဲမှာ သူတို့က နံပါတ်(၁၀)ကစားသမားသမားမျိုးကို လိုအပ်ခဲ့တဲ့ ပွဲလို ဖြစ်ခဲ့ရတယ်။ သူတို့တွေ ကောင်းမွန်တဲ့ စတင်မှုတွေ လုပ်ထားသလောက် ဒီလို ကစားသမားမျိုးကိုသာ အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းမထားဘူးဆိုရင်တော့ စပါးအသင်းအနေနဲ့ အဆင့်(၄)အတွင်း ဝင်ခွင့်အတွက် ရုန်းကန်ရလာနိုင်တယ်လို့ ကျွန်တော် ပြောချင်တယ်။ သူတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်က အာမခံချက်မရှိသလို ဖြစ်နေလိမ့်မယ်။ ကွင်းလယ်ကစားသမားတွေအားလုံးက ဂိုးသွင်းကြသူတွေ မဟုတ်ပါဘူး။ သူတို့က ဘောလုံးကို နည်းစနစ်တကျ ကစားတတ်ရုံပဲ။ ဂျိမ်းစ်မက်ဒီဆင်က အဲ့ဒီလိုနေရာမှာ ကစားဖို့အတွက် ရာနှုန်းပြည့် အကောင်းဆုံး ကစားသမားပါပဲ။ သူ့ကိုသာ ခေါ်ယူလိုက်နိုင်မယ်ဆိုရင် ဟာရီကိန်းကိုပါ အသင်းမှာ ဆက်လက် ထိန်းထားနိုင်လိမ့်မယ်” လို့ အဘွန်လဟောက သုံးသပ်သွားခဲ့ပါတယ်။ ဒါပေမယ့် စပါးနည်းပြ ကွန်တီက 3-4-3 ဒါမှမဟုတ် 3-5-2 ကစားကွက်တွေကို အသုံးပြုတတ်သူဖြစ်လို့ အသင်းမှာ နံပါတ်(၁၀)ကစားသမား မလိုအပ်သလို ဖြစ်နေရပြီး ဈေးကွက်ထဲမှာလည်း နံပါတ်(၁၀) ကစားသမားကို ခေါ်ယူဖြည့်တင်းဖွယ်လည်း မရှိနိုင်လောက်ပါဘူး။

Exit mobile version