ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဥက္ကဌ ဖြစ်သူ ‌ဖ‌လော်ရမ်တီနို ပီရက်ဇ်က အသင်းရဲ့ ဝါရင့် အသင်းခေါင်းဆောင် ကစားသမားဖြစ်သူ ဆာဂျီယို ရာမို့စ် ကို ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ဖို့ အတွက် ပြောကြားခဲ့ကြောင်းလို့ သိရပါတယ်။ ဆာဂျီယို ရာမို့စ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဇွန်လ ၃၀ ရက်နေ့ရောက်ရင် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့်လည်း အခုချိန်ထိတိုင်အောင် စာချုပ်သက်တမ်းတိုးဖို့အတွက် သဘောတူညီမှု မရရှိသေးတာ ဖြစ်ပြီး ပီအက်စ်ဂျီ အသင်းအနေနဲ့ ရာမို့စ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ထိပ်ဆုံးက ပြေးနေတာ ဖြစ်ပါတယ်။

Photo Credit: Marca

စပိန်သတင်းဌာန တစ်ခုမှာတော့ ပီအက်စ်ဂျီ အနေနဲ့ ရာမို့စ် ကို ခေါ်ယူဖို့ရာ အတွက် ပေါင် ၁၇.၆ သန်း နဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ရီးရဲလ်ဥက္ကဌ ပီရက်ဇ် က အဆိုပါ ကမ်းလှမ်းမှုကို လက်ခံဖို့အတွက် ရာမို့စ်ကို ဖိအားပေးခဲ့ဟန် ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီ အသင်းရဲ့ အကြီးကဲ ဖြစ်သူ နာဆာ အယ်လ်-ခလီဖီ ကတော့ ပီရက်ဇ် ကို အခုလို ကမ်းလှမ်းမှုမျိုး မပြုလုပ်ခဲ့ကြောင်း နဲ့ အဲ့ဒါတွေက မိုက်မဲတဲ့ ကောလဟာလ တွေသာ ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ စပိန် သတင်းထောက် ဂျိုးဆပ် ပက်ဒရယ်ရို ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ် အနေနဲ့ ရာမို့စ် လိုချင်တဲ့ ၂ နှစ်သက်တမ်းရှိ စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ရာမို့စ်က လစာ လျှော့မယူချင်တာကြောင့် ထွက်ခွာဖို့ များနေတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit: Marca

“ ဖလော်ရမ်တီနို ပီရက်ဇ် က သူဘာတွေ ကမ်းလှမ်းနိုင်လဲဆိုတာကို ဟိုတယ် အခန်းထဲမှာ ရာမို့စ် နဲ့ မျက်နှာချင်းဆိုင် ပြောဆိုခဲ့ပါတယ်။ ပီရက်ဇ် က တစ်သင်းလုံးကို ပြောထားတဲ့ အတိုင်း ရာမို့စ်ကိုလည်း လစာထဲကနေ ၁၀ ရာခိုင်နှုန်း လျှော့ယူဖို့ အတွက် ပြောခဲ့ပါတယ်။ ရာမို့စ် ကတော့ လစာ လျှော့ယူဖို့ အစီစဉ်ရှိမနေခဲ့ပါဘူး။ မက်ဒရစ် အနေနဲ့ ရာမို့စ် ကို လစာ ၁၀ ရာခိုင်နှုန်း မလျှော့စေချင်ရင် အသင်းမှာ ၁ နှစ်သာ နေခွင့်ရရှိမာ ဖြစ်ကြောင်း နဲ့ လစာ ၁၀ ရာခိုင်နှုန်း အလျှော့ခံရင် အသင်းမှာ ၂ နှစ် နေခွင့်ရမာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အဲ့ဒီအခါ ရာမို့စ် ကလည်း ‘ ပီရက်ဇ်၊ အဲ့ဒီလိုဆို ကျွန်တော် ကမ်းလှမ်းမှုတွေကို စတင်ပြီးတော့ နားစွင့်တော့မယ် ’ လို့ ပြန်ပြောခဲ့ပါတယ်။ အဲ့ဒီနောက် ရာမို့စ် ဘာမှ ဆက်မပြောတော့ပါဘူး။ အသင်းအနေနဲ့ ရာမို့စ် က အခုလို ကမ်းလှမ်းမှုမျိုးကို ရှာဖွေနေတယ်ဆိုတာ နားလည်ပါတယ်၊ သူ အခု ထွက်ခွာဖို့ အတွက် လုပ်နေပါပြီ။ ရာမို့စ် အနေနဲ့ ဖလော်ရမ်တီနို ရဲ့ တွေ့ဖို့အခေါ်ကို မစောင့်သင့်ပါဘူး၊ တကယ်လို့သာ သူ အသင်းမှာ ဆက်နေချင်တယ်ဆိုရင်၊ သူက တွေ့ဖို့ စခေါ်ပြီး ကမ်းလှမ်းချက်ကို လက်ခံရမာပါ။ အဲ့ဒီလို ဖြစ်နေခဲ့တာ တစ်လတောင်ကြာနေပါပြီ။ မက်ဒရစ်မှာတော့ ရာမို့စ် အနေနဲ့ ဇွန်လ ၃၀ ရက်နေ့မှာ ထွက်ခွာလိမ့်မယ်လို့ ယူ‌ဆနေကြပါပြီ ” လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။