MySport Myanmar

ရူးကြောင်ကြောင် အမှားမျိုး ထပ်မကျူးလွန်ဖို့ အသင်းသားတွေကို ဂွာဒီယိုလာ သတိပေး

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာက ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာ နောက်ခံအစွန်လူ ကိုင်းဝေါ်ကာ အထုတ်ပယ်ခံရတုန်းကလိုမျိုး ရူးကြောင်ကြောင် အမှားမျိုးတွေ ထပ်မံ မကျူးလွန်ကြဖို့ အသင်းသားတွေကို သတိပေး မှာကြားလိုက်ပါတယ်။

Photo Credit : Manchester Evening News

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပီအက်စ်ဂျီ လိုက်ပ်ဇစ် ကလပ်ဘရုဂေးတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲစဉ်မှာ လိုက်ပ်ဇစ်နဲ့ ရင်ဆိုင်ရစဉ်မှာ မန်စီးတီး ညာနောက်ခံလူ ဝေါ်ကာက ပွဲပြီးခါနီးမှာ တိုက်ရိုက် အနီကတ် ပြသခံရရင်း ဝေါ်ကာဟာ စပို့တင်းလစ္စဘွန်းနဲ့ ရှုံးထွက်(၁၆)သင်း နှစ်ပွဲလုံးအပြင် အသက်လက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့ရတဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေကိုပါ တောက်လျှောက် လွဲချော်ခဲ့ရပါတယ်။ ဒီလို ဖြစ်ရပ်မျိုးတွေကို ဒီနေ့ည ဆီဗီလာအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲမှာ ထပ်မံ ကျူးလွန်ခြင်း မပြုလုပ်ဖို့အတွက် မန်စီးတီးအသင်းသားတွေကို နည်းပြဂွာဒီယိုလာက သတိပေးလိုက်ပါတယ်။

Photo Credit : BBC

“ပြီးခဲ့တဲ့ရာသီက ကိုင်း ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သတ်ပြီးကတည်းက ဒီလို ဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်ရအောင် ရှောင်ရှားဖို့ လိုအပ်ပါတယ်။ လာမယ့် မတ်လမှာ ကစားရမယ့် (၁၆)သင်းအဆင့်မှာ ကစားသမားတွေ ပိုသုံးရလေလေ ပိုကောင်းလေပါပဲ” လို့ မန်စီးတီးနည်းပြ ဂွာဒီယိုလာက သတိပေးလိုက်ပါတယ်။ ဂျာမနီမှာ ကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ မန်စီးတီးတို့ ပွဲစဉ်အတွင်းမှာ စီးတီး right-back ကစားသမား ဝေါ်ကာက လိုက်ပ်ဇစ် တိုက်စစ်ကစားသမား အန်ဒရီဆေးလ်ဗားကို မလိုအပ်ပဲ ကစားပုံ ကြမ်းတမ်းခဲ့ပြီး အချင်းများမှုတွေပါ ဖြစ်ပွားခဲ့ရာကနေ အနီကတ် ပြသခံလိုက်ရတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက မန်စီးတီးဟာ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တတ်ပြီးသား ဖြစ်သလို လက်ရှိမှာလည်း အုပ်စုပထမနေရာနဲ့ပါ နောက်တစ်ဆင့် တတ်ပြီးသား ဖြစ်နေချိန် ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ရချိန် လိုက်ပ်ဇစ်နဲ့ ပွဲကလိုမျိုးတွေ မဖြစ်လာစေဖို့ စီးတီးနည်းပြ ဂွာဒီယိုလာက မှာကြားလိုက်ပါတယ်။

Exit mobile version