မန္စီးတီး နည္းျပ ဂြါဒီယိုလာကေတာ့ ၿပီးခဲ့တဲ့ အပတ္က အက္စတြန္ဗီလာအသင္းကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္ၿပီးေနာက္ သူ႔ရဲ႕ ကစားသမားေတြကို ေမာ္ဒယ္ (၂၀) ဦးနဲ႔ ပါတီပြဲ က်င္းပခြင့္ ေပးခဲ့တယ္လို႔ ေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ၿပီးခဲ့တဲ့ အပတ္က အက္စတြန္ ဗီလာအသင္းကို (၆-၁) နဲ႔ ဂိုးျပတ္သတ္ အႏိုင္ရခဲ့တာေၾကာင့္ နည္းျပ ပက္ ဂြါဒီယိုလာက သူ႔ရဲ႕ ကစားသမားေတြကို ႏိုင္ပြဲအတြက္ ေအာင္ပြဲခံဖို႔ ေမာ္ဒယ္ (၂၂) ဦးနဲ႔ ပါတီပြဲ က်င္းပခြင့္ေပးလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။
Photo Credit: DailyMail
မန္စီးတီး ကစားသမားေတြဟာ အက္စတြန္ ဗီလာအသင္းကို ဂိုးမိုး႐ြာ အႏိုင္ရခဲ့တဲ့ ပြဲစဥ္ၿပီးေနာက္ အဂၤလန္ႏိုင္ငံ၊ Knutsford ၿမိဳ႕နယ္က “Mere Golf Resort – ေဂါက္ကြင္း အပန္းေျဖ ဟိုတယ္”မွာ ပါတီပြဲ က်င္းပခဲ့ၾကပါတယ္။ ေမာ္ဒယ္ (၂၀) ထဲက အခ်ိဳ႕ေတြဟာ မန္စီးတီး ကစားသမားေတြ နဲ႔ သူတို႔ရဲ႕ ပုံေတြကို လူမႈကြန္ရက္၊ အထူးသျဖင့္ အင္စတာဂရမ္မွာ တင္ခဲ့ၾကၿပီး “Marta Tejada – မာတာ တီဂ်ာဒါ”လို႔ အင္စတာဂရမ္ နာမည္ေက်ာ္ ေမာ္ဒယ္လည္း ပါဝင္ေနခဲ့ပါတယ္။
Photo Credit: DailyMail
နည္းျပ ဂြါဒီယိုလာဟာ ပါတီပြဲနဲ႔ ပက္သက္ၿပီး ေျပာသြားခဲ့ၿပီး သူက “ကြၽန္ေတာ္ သိတာေပါ့။ သူတို႔မွာ အခ်ိန္ရွိတဲ့ အခ်ိန္မွာ ညစား အတူတူ စားၾကပါတယ္။ ပါတီပြဲေတြလည္း ျပဳလုပ္ခဲ့ၾကတယ္။ သူတို႔ အျပင္မွာ အတူ ရွိေနတာကို ကြၽန္ေတာ္ သေဘာက်ပါတယ္။ တစ္ခါတစ္ေလမွာ သူတို႔ အိမ္မွာ ပါတီပြဲ လုပ္ၾကပါတယ္။ တစ္ခါတစ္ေလမွာ စားေသာက္ဆိုင္မွာ ျပဳလုပ္ၾကပါတယ္။ ပါတီပြဲက ေကာင္းပါတယ္ေလ”လို႔ သတင္းစာ ရွင္းလင္းပြဲမွာ ျပန္လည္ ေျပာျပခဲ့တာ ျဖစ္ပါတယ္။
{Unicode}
မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ ပြီးခဲ့တဲ့ အပတ်က အက်စတွန်ဗီလာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက် သူ့ရဲ့ ကစားသမားတွေကို မော်ဒယ် (၂၀) ဦးနဲ့ ပါတီပွဲ ကျင်းပခွင့် ပေးခဲ့တယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ အပတ်က အက်စတွန် ဗီလာအသင်းကို (၆-၁) နဲ့ ဂိုးပြတ်သတ် အနိုင်ရခဲ့တာကြောင့် နည်းပြ ပက် ဂွါဒီယိုလာက သူ့ရဲ့ ကစားသမားတွေကို နိုင်ပွဲအတွက် အောင်ပွဲခံဖို့ မော်ဒယ် (၂၂) ဦးနဲ့ ပါတီပွဲ ကျင်းပခွင့်ပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။
Photo Credit: DailyMail
မန်စီးတီး ကစားသမားတွေဟာ အက်စတွန် ဗီလာအသင်းကို ဂိုးမိုးရွာ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက် အင်္ဂလန်နိုင်ငံ၊ Knutsford မြို့နယ်က “Mere Golf Resort – ဂေါက်ကွင်း အပန်းဖြေ ဟိုတယ်”မှာ ပါတီပွဲ ကျင်းပခဲ့ကြပါတယ်။ မော်ဒယ် (၂၀) ထဲက အချို့တွေဟာ မန်စီးတီး ကစားသမားတွေ နဲ့ သူတို့ရဲ့ ပုံတွေကို လူမှုကွန်ရက်၊ အထူးသဖြင့် အင်စတာဂရမ်မှာ တင်ခဲ့ကြပြီး “Marta Tejada – မာတာ တီဂျာဒါ”လို့ အင်စတာဂရမ် နာမည်ကျော် မော်ဒယ်လည်း ပါဝင်နေခဲ့ပါတယ်။
Photo Credit: DailyMail
နည်းပြ ဂွါဒီယိုလာဟာ ပါတီပွဲနဲ့ ပက်သက်ပြီး ပြောသွားခဲ့ပြီး သူက “ကျွန်တော် သိတာပေါ့။ သူတို့မှာ အချိန်ရှိတဲ့ အချိန်မှာ ညစား အတူတူ စားကြပါတယ်။ ပါတီပွဲတွေလည်း ပြုလုပ်ခဲ့ကြတယ်။ သူတို့ အပြင်မှာ အတူ ရှိနေတာကို ကျွန်တော် သဘောကျပါတယ်။ တစ်ခါတစ်လေမှာ သူတို့ အိမ်မှာ ပါတီပွဲ လုပ်ကြပါတယ်။ တစ်ခါတစ်လေမှာ စားသောက်ဆိုင်မှာ ပြုလုပ်ကြပါတယ်။ ပါတီပွဲက ကောင်းပါတယ်လေ”လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြန်လည် ပြောပြခဲ့တာ ဖြစ်ပါတယ်။