ဆာဂ်ီယုိအဂူရုိကေတာ့ မေန႔ညက ကစားသြားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္(၂၂)မွာ ၿပိဳင္ဘက္အက္စတြန္ဗီလာအသင္းဘက္ကုိ ဟက္ထရစ္သြင္းဂုိးကုိ ရယူခဲ႔ၿပီး ပရီးမီးယားလိဂ္ရဲ႕ဟက္ထရစ္အႀကိမ္ေရအမ်ားဆုံး ကစားသမားတစ္ေယာက္အျဖစ္ စံခ်ိန္တင္ခဲ႔ရသလုိ ပရီးမီးယားလိဂ္မွာ ပါဝင္ကစားခဲ႔တဲ႔ ႏုိင္ငံျခားသား ကစားသမားေတြထဲမွာလည္း သြင္းဂုိး၁၇၇ဂုိးနဲ႔ ဂုိးအမ်ားဆုံးသူအျဖစ္ စံခ်ိန္မွတ္တင္တစ္ခုကုိ ေရးထုိးႏုိင္ခဲ႔ပါတယ္။ ဒီဟက္ထရစ္သြင္းဂုိးေၾကာင့္ အဂူရုိရဲ႕ဒီရာသီ ပရီးမီးယားလိဂ္သြင္းဂုိးက ၁၃ဂုိးအထိ ရွိလာခဲ႔ရၿပီး ၿပိဳင္ပြဲစုံသြင္းဂုိးကလည္း ၁၈ဂုိးအထိ ရွိလာခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒီလုိေျခစြမ္းမ်ိဳးေတြကုိ ျပသႏုိင္ခဲ႔တဲ႔ အဂူရုိနဲ႔ပတ္သက္ၿပီး မန္စီးတီးအသင္းနည္းျပ ပတ္ဂြာဒီယုိလာကုိ သတင္းေထာက္တစ္ဦးက ဂြာဒီယုိလာနဲ႔ အလုပ္တြဲလုပ္ခဲ႔ဖူးသူေတြထဲမွာ အဂူရုိက အေကာင္းဆုံးတုိက္စစ္ကစားသမားလားလုိ႔ ေမးျမန္းခဲ႔ရာ ဂြာဒီယုိလာက မက္ဆီကသာ အေကာင္းဆုံးျဖစ္တယ္လုိ႔ တုန္႔ျပန္ေျဖဆုိသြားခဲ႔ပါတယ္။ ဒါဆုိ အဂူရုိက အေထာင္တုိက္စစ္မွဴးေတြထဲမွာ အေကာင္းဆုံးလားလို႔ ဆက္လက္ေမးျမန္းလာရာ မက္ဆီကပဲ အေကာင္းဆုံး နံပါတ္၉ နံပါတ္၁၀ နံပါတ္၁၁ နံပါတ္၇ျဖစ္ၿပီး အဂူရုိကလည္း အေကာင္းဆုံးကစားသမားေတြထဲမွာ တစ္ေယာက္အပါအဝင္ျဖစ္တယ္လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဘလြန္းဒီေအာဆုကုိ ၆ႀကိမ္အထိ ပုိင္ဆုိင္ထားခဲ႔ရတဲ႔ လီယြန္နယ္မက္ဆီလုိ ကစားသမားမ်ိဳးက ဂြာဒီယုိလာအတြက္ အေကာင္းဆုံးတုိက္စစ္ကစားသမားအျဖစ္ သတ္မွတ္ခံရတာက အံ့အားသင့္စရာမရွိသလုိ လက္ရွိ သူရဲ႕တပည့္ျဖစ္ေနတဲ႔ အဂူရုိကုိလည္း အေကာင္းဆုံးကစားသမားစာရင္းထဲ ထည့္သြင္းထားတာကလည္း ပါးနပ္တဲ႔အေျဖတစ္ခု ျဖစ္ေစခဲ႔ရပါတယ္။ ၂၀၁၁ခုႏွစ္ကမွ အသက္လက္တီကုိမက္ဒရစ္အသင္းကေန မန္စီးတီးကုိ ေရာက္ရွိလာခဲ႔တာ အသက္၃၁ႏွစ္အရႊယ္ အာဂ်င္တီးနားတုိက္စစ္ကစားသမား အဂူရုိဟာ မန္စီးတီးအတြက္ ပရီးမီးယားလိဂ္သြင္းဂုိး ၁၇၇ဂုိးအထိ ရယူခဲ႔ၿပီး အသင္းရဲ႕အၿမဲတမ္းဂုိးသြင္းအမ်ားဆုံး ျဖစ္လာခဲ႔ရသလုိ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကုိလည္း ၄ႀကိမ္အထိ ပုိင္ဆုိင္ႏုိင္ခဲ႔ရပါတယ္။ အခုဆုိရင္ အဂူရုိဟာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕သမုိင္းတေလွ်ာက္ သြင္းဂုိးအမ်ားဆုံးစာရင္းမွာ သူရဲ႕အသင္းေဖာ္ေဟာင္းျဖစ္ခဲ႔ဖူးတဲ႔ ဖရန္႔လမ္းပတ္နဲ႔အတူ စတုတၳေနရာမွာ ပူးတြဲရပ္တည္ေနၿပီး ထိပ္ဆုံးေနရာက အလန္ရွီးယားကုိ အမွီလုိက္ဖုိ႔ကေတာ့ သြင္းဂုိး၅၂ဂုိးအထိေတာင္ လုိအပ္လုိ႔ေနပါတယ္။

(Unicode)

တပည့်တွေထဲမှာ အဂူရိုက အကောင်းဆုံးလားဆိုတဲ့ မေးခွန်းကို ဂွာဒီယိုလာ ပါးနပ်စွာဖြေဆိုခဲ့

ဆာဂျီယိုအဂူရိုကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၂)မှာ ပြိုင်ဘက်အက်စတွန်ဗီလာအသင်းဘက်ကို ဟက်ထရစ်သွင်းဂိုးကို ရယူခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ဟက်ထရစ်အကြိမ်ရေအများဆုံး ကစားသမားတစ်ယောက်အဖြစ် စံချိန်တင်ခဲ့ရသလို ပရီးမီးယားလိဂ်မှာ ပါဝင်ကစားခဲ့တဲ့ နိုင်ငံခြားသား ကစားသမားတွေထဲမှာလည်း သွင်းဂိုး၁၇၇ဂိုးနဲ့ ဂိုးအများဆုံးသူအဖြစ် စံချိန်မှတ်တင်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီဟက်ထရစ်သွင်းဂိုးကြောင့် အဂူရိုရဲ့ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးက ၁၃ဂိုးအထိ ရှိလာခဲ့ရပြီး ပြိုင်ပွဲစုံသွင်းဂိုးကလည်း ၁၈ဂိုးအထိ ရှိလာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီလိုခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့တဲ့ အဂူရိုနဲ့ပတ်သက်ပြီး မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာကို သတင်းထောက်တစ်ဦးက ဂွာဒီယိုလာနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူတွေထဲမှာ အဂူရိုက အကောင်းဆုံးတိုက်စစ်ကစားသမားလားလို့ မေးမြန်းခဲ့ရာ ဂွာဒီယိုလာက မက်ဆီကသာ အကောင်းဆုံးဖြစ်တယ်လို့ တုန့်ပြန်ဖြေဆိုသွားခဲ့ပါတယ်။ ဒါဆို အဂူရိုက အထောင်တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးလားလို့ ဆက်လက်မေးမြန်းလာရာ မက်ဆီကပဲ အကောင်းဆုံး နံပါတ်၉ နံပါတ်၁၀ နံပါတ်၁၁ နံပါတ်ရဖြစ်ပြီး အဂူရိုကလည်း အကောင်းဆုံးကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဘလွန်းဒီအောဆုကို ၆ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့ရတဲ့ လီယွန်နယ်မက်ဆီလို ကစားသမားမျိုးက ဂွာဒီယိုလာအတွက် အကောင်းဆုံးတိုက်စစ်ကစားသမားအဖြစ် သတ်မှတ်ခံရတာက အံ့အားသင့်စရာမရှိသလို လက်ရှိ သူရဲ့တပည့်ဖြစ်နေတဲ့ အဂူရိုကိုလည်း အကောင်းဆုံးကစားသမားစာရင်းထဲ ထည့်သွင်းထားတာကလည်း ပါးနပ်တဲ့အဖြေတစ်ခု ဖြစ်စေခဲ့ရပါတယ်။ ၂၀၁၁ခုနှစ်ကမှ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ မန်စီးတီးကို ရောက်ရှိလာခဲ့တာ အသက်၃၁နှစ်အရွှယ် အာဂျင်တီးနားတိုက်စစ်ကစားသမား အဂူရိုဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၇၇ဂိုးအထိ ရယူခဲ့ပြီး အသင်းရဲ့အမြဲတမ်းဂိုးသွင်းအများဆုံး ဖြစ်လာခဲ့ရသလို အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကိုလည်း ၄ကြိမ်အထိ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အခုဆိုရင် အဂူရိုဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့သမိုင်းတလျှောက် သွင်းဂိုးအများဆုံးစာရင်းမှာ သူရဲ့အသင်းဖော်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ဖရန့်လမ်းပတ်နဲ့အတူ စတုတ္ထနေရာမှာ ပူးတွဲရပ်တည်နေပြီး ထိပ်ဆုံးနေရာက အလန်ရှီးယားကို အမှီလိုက်ဖို့ကတော့ သွင်းဂိုး၅၂ဂိုးအထိတောင် လိုအပ်လို့နေပါတယ်။