မန်စီးတီး နည်းပြ ဂွါဒီယိုလာကတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ၊ လာလီဂါ ပြိုင်ပွဲ နဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်း၊ ဘာစီလိုနာအသင်း၊ မန်စီးတီး အသင်း စတဲ့ ထိပ်သီး (၃) သင်းကို ကိုင်တွယ်ခဲ့ရာမှာ အောင်မြင်မှု အများကြီး ရရှိနိုင်ခဲ့ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာဟာ သူ နည်းပြခဲ့တဲ့ အသင်းဟောင်းတွေထဲက ကစားသမား (၁၁) ဦးကို ရွေးချယ်ပြီး သူ့ရဲ့ စိတ်ကြိုက် အကောင်းဆုံး အသင်းကို တည်ဆောက်ခဲ့ရာမှာ ဘိုင်ယန် ကစားသမား (၆) ဦး၊ ဘာစီလိုနာ ကစားသမား (၄) ဦး နဲ့ မန်စီးတီး ကစားသမား (၁) ဦးသာ ပါဝင်ခဲ့ပါတယ်။

Photo Credit: Dailystar

နည်းပြ ပက် ဂွါဒီယိုလာဟာ ဘာစီလိုနာ (ဘီ) အသင်း နဲ့ ဘာစီလိုနာ ပထမအသင်းကို (၅) နှစ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းကို (၃) နှစ်ကြာ နည်းပြခဲ့ပြီး လက်ရှိချိန်မှာတော့ မန်စီးတီးအသင်းကို နည်းပြနေဆဲ ဖြစ်ပြီး မန်စီးတီးအသင်းကို နည်းပြတာ (၄) နှစ်ထဲ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာအနေနဲ့တော့ ဘာစီလိုနာအသင်းနဲ့ အတူ လာလီဂါ ဆုဖလား (၆) ကြိမ် နဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အတူ ဘွန်ဒက်စ်လီဂါ ဖလား (၃) ကြိမ် ရရှိခဲ့ပြီး လက်ရှိအချိန်မှာက မန်စီးတီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဆုဖလားကို (၂) ကြိမ်အထိ ရရှိထားပြီပဲ ဖြစ်ပါတယ်။

Photo Credit: Dailystar

နည်းပြ ပက် ဂွါဒီယိုလာဟာ သူ နည်းပြခဲ့တဲ့ အသင်း (၃) သင်းထဲက ကစားသမား (၁၁) ဦးကို ရွေးချယ်ပြီး သူ့ရဲ့ စိတ်ကြိုက်အသင်းကို တည်ဆောက်ခဲ့ရာမှာ မန်စီးတီး ကွင်းလယ် ဖန်တီးရှင် ဒီဘရှိုင်း ပါဝင်ခဲ့တာကြောင့် မန်စီးတီး ကစားသမား (၁) ဦးသာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာဟာ သူ့ရဲ့ စိတ်ကြိုက်အသင်းကို လီဝန်းဒေါ့စကီး၊ မက်ဆီ၊ ရီဘယ်ရီ၊ ဒီဘရှိုင်း၊ ဇာဗီ၊ ရော်ဘင်၊ အလာဘာ၊ မက်ရှေရာနို၊ ဘိုတန်၊ အဲဗက်စ်၊ နူအာ စတဲ့ နာမည်ကြီး ကစားသမား (၁၁) ဦးကို ရွေးချယ်ပြီး သူ့ရဲ့ စိတ်ကြိုက်အသင်းကို တည်ဆောက်သွားပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ စိတ်ကြိုက်အသင်းဟာ နာမည်ကြီး ထိပ်သီး ကစားသမား (၁၁) ဦးနဲ့ တည်ဆောက်ထားတာကြောင့် ဘယ်အသင်းကိုမဆို အနိုင်ရနိုင်ချေရှိတဲ့ အသင်း ဖြစ်ပါတယ်။