ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းကမှ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်ကစားသမား အာလင်းဟော်လန်းဟာ မန်စီးတီးနဲ့ ကလပ်အမေရိကအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ရာသီကြို ခြေစမ်းပွဲမှာ အသင်းရဲ့ အရန်စာရင်းထဲ ပါဝင်ခဲ့ပေမယ့် unused substitute အဖြစ်နဲ့သာ ရှိခဲ့ရပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းနဲ ရင်ဆိုင်ရမယ့် ခြေစမ်းပွဲမှာတော့ ပါဝင်ကစားခွင့် ရရှိလိမ့်မယ်လို့ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။

Haaland injury fears addressed as delayed Manchester City debut for £51m  striker explained by Guardiola | Goal.com Malaysia

Photo Credit : Goal

အသက်(၂၂)နှစ်အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟော်လန်းဟာ နွေရာသီ ဈေးကွက်အတွင်း ဒေါ့မွန်အသင်းကနေ မန်စီးတီးအသင်းဆီကို ပေါင်(၅၁.၄)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး မန်စီးတီးရဲ့ ရာသီကြို ခြေစမ်းပွဲဖြစ်တဲ့ ကလပ်အမေရိကအသင်းနဲ့ ပွဲစဉ်မှာပါ အသင်းရဲ့ အရန်စာရင်းထဲ ပါဝင်လာခဲ့ရပေမယ့်လည်း ဒဏ်ရာပြသာနာ အနည်းငယ် ရှိနေတာကြောင့် အသင်းအတွက် ပါဝင်ကစားခွင့် မရရှိခဲ့ပဲ လာမယ့် ဘိုင်ယန်နဲ့ ပွဲစဉ်မှသာ ပါဝင်လာနိုင်တယ်လို့ နည်းပြဂွာဒီယိုလာက ပြောဆိုလိုက်ပါတယ်။

Pep Guardiola has revealed when Erling Haaland will make his Man City debut

Photo Credit : The Sun

ဟော်လန်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “နောက်ပွဲမှာတော့ အာလင်းက အဆင့်သင့် ဖြစ်နေပါလိမ့်မယ်။ သူ့မှာ အဆင်မပြေမှုတွေနဲ့ ပြသာနာ အနည်းငယ် ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ သူက အသင်းနဲ့လည်း နှစ်ကြိမ်သာ လေ့ကျင့်ခန်းဆင်းထားတာဖြစ်လို့ သူ့ကို risk ယူပြီး ထည့်မသုံးချင်တာပါ။ ဘောလုံးရာသီကလည်း ကာလအရှည်ကြီး ဖြတ်သန်းရဦးမှာ ဆိုတော့လေ။ ပြီးခဲ့တဲ့ရာသီကတည်းက သူ့မှာ ဒဏ်ရာပြသာနာတွေ ရှိနေခဲ့တာ။ ဒါကို အကောင်းဆုံး ကိုင်တွယ်ဖို့လည်း သူ ကြိုးစားနေပါတယ်။ ကျွန်တော်တို့ကလည်း သူ့ကို fit ဖြစ်နေစေဖို့အတွက် ဂရုတစိုက် လုပ်ပေးသွားချင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ကလပ်အမေရိကအသင်းနဲ့ ကစားသွားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဟော်လန်း ပါဝင်နိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ဒီရာသီမှာ မန်စီးတီးအသင်း ခေါ်ယူထားခဲ့တဲ့ တိုက်စစ်ကစားသမား ယူလီယန်အဲလ်ဗာရက်ဇ်နဲ့ ဂိုးသမား အော်တေဂါတို့က အသင်းအတွက် စတင် ပွဲထွက်ကစားခဲ့ရသလို ကွင်းလယ်လူ ကယ်လ်ဗင်ဖီးလစ်ကတော့ ဒုတိယပိုင်းမှာ ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လာမယ့် (၂၄)ရက်နေ့မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ပြီးတာနဲ့ (၃၀)ရက်နေ့မှာတော့ အက်အေဖလား ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ၂၀၂၂ခုနှစ် ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်ပြီး အဲ့ဒီပွဲစဉ်တွေမှာတော့ ဟော်လန်း ပါဝင်ကစားနိုင်ဖွယ်လည်း ရှိနေပါတယ်။