MySport Myanmar

စီးတီးမှာ (၇)ရာသီ နေခဲ့သလို တခြားအသင်းတစ်ခုမှာ ခုလောက်ထိ မနေနိုင်ဘူးလို့ ဂွာဒီယိုလာ ဆို

Manchester City manager Pep Guardiola celebrates victory after the final whistle in the Premier League match at the Etihad Stadium, Manchester. Picture date: Saturday November 5, 2022.

မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပက်ဂွာဒီယိုလာဟာ ဒီနေ့ည ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ကမ္ဘာ့ဖလားအချိန်မှာ စပိန်နိုင်ငံ ဘာစီလိုနာမြို့ဆီပြန်ကာ မိသားစုဝင်တွေနဲ့ တွေ့ဆုံရင်း အားလပ်ရက် ယူသွားဖို့ ရှိနေသလို ဒီအားလပ်ရက်အပြီးမှာပဲ အဘူဒါဘီကို သွားရောက်ပြီး စီးတီးရဲ့ပိုင်ရှင် ရှိတ်မန်ဆော် အသင်းဥက္ကဥ အယ်လ်မူဘာရက်ခ်တို့နဲ့ တွေ့ဆုံရင်း သူရဲ့ စာချုပ်ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Photo Credit : Eurosport

၂၀၁၆ခုနှစ်ကတည်းက မန်စီးတီးနည်းပြအဖြစ် စတင် တာဝန်ယူ ဆောင်ရွှက်ခဲ့တဲ့ နာမည်ကျော် စပိန်လူမျိုး ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ လက်ရှိမှာ စီးတီးနည်းပြဘဝ သတ္တမမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြဘဝအတွင်း ဘာစီလိုနာ ဘိုင်ယန်မြူးနစ်တို့လို ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ထားခဲ့ဖူးတဲ့ ဂွာဒီယိုလာဟာ ဘာစီလိုနာကို (၄)နှစ် ကိုင်တွယ်ခဲ့သလို ဘိုင်ယန်ကိုလည်း (၃)နှစ်ပဲ ကိုင်တွယ်ခဲ့ပေမယ့် လက်ရှိ မန်စီးတီးကိုတော့ (၇)နှစ်အထိ ကာလရှည်ကြာ ကိုင်တွယ်ထားခဲ့တဲ့အပြင် ၂၀၂၃ခုနှစ် နွေရာသီမှာ ကုန်ဆုံးမယ့် သူရဲ့ စာချုပ်ကိုပါ သက်တမ်းတိုးဖို့အထိ စီစဉ်နေတာဖြစ်လို့ ဂွာဒီယိုလာကို မန်ချက်စတာမှာ နောက်ထပ် ကာလရှည်ကြာ မြင်တွေ့ရဖို့ပါ ရှိနေပါတယ်။

Photo Credit : Eurosport

“ကျွန်တော် တခြားနေရာတစ်ခုမှာ (၇)နှစ်နေနိုင်မှာလားဆိုရင်တော့ No ပါပဲ။ အဲ့ဒီလို ထပ်ပြီး နေနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော် ဒီမှာ ရရှိခဲ့တာမျိုးတွေကို ရှာဖွေဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီမှာ (၇)ရာသီ ရှိခဲ့တဲ့အချိန် ကျွန်တော်တို့တွေအတွက် ကောင်းမွန်တဲ့ အခိုက်အတန့်တွေရော ဆိုးရွှားတဲ့ အခိုက်အတန့်တွေပါ ရှိနေခဲ့တယ်။ ချန်ပီယံလိဂ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်တို့ကို ရှုံးခဲ့ရတဲ့ ပွဲစဉ်တွေကိုတော့ ကျွန်တော် ဘယ်လိုမှ မမေ့နိုင်ဘူး။ အသင်းတစ်သင်းကို အချိန်အကြာကြီး ကိုင်တွယ်နိုင်တဲ့ နည်းပြတစ်ဦး ဖြစ်နေဖို့ဆိုရင် အားပေးမှုတွေ ရလဒ်ကောင်းတွေ လိုအပ်တယ်ဆိုတာကို ငြင်းလို့မရနိုင်ပါဘူး။ အခု ဘောလုံးလောကထဲမှာ အသင်းတွေက နည်းပြတွေကို အချိန်မရွေး ထုတ်ပယ်နိုင်တာ ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် ကလပ်အသင်းကြီးတွေမှာ နည်းပြရဲ့ အောင်မြင်မှုအပိုင်းက အသင်းဥက္ကဌ အသင်းဒါရိုက်တာနဲ့ အသင်းမှာ ရှိနေကြသူတွေအားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ အဲ့ဒီကနေတစ်ဆင့် သတင်းမီဒီယာတွေ ပရိသတ်တွေနဲ့ ကစားသမားတွေဆီသွားပြီး တည်ငြိမ်မှု ရှိသွားရတယ်။ ဒီလိုမျိုးက ကလပ်အသင်း အနည်းငယ်မှာပဲ ရှိနိုင်တယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ဂွာဒီယိုလာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version