မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာဟာ ချန်ပီယံလိဂ် (၂) နှစ်ကြာ ပိတ်ပင်ခံရမှုကို အယူခံဝင်ခဲ့ပြီး အယူခံဝင်မှု အာင်မြင်ခဲ့ပြီးနောက် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ အောင်ပွဲခံခဲ့ကြပြီး အောင်ပွဲခံနေခဲ့ကြတဲ့ အချိန်မှာ ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံကို လူမှုကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ အောင်ပွဲခံပြီး ရိုက်ကူးခဲ့တဲ့ ဓါတ်ပုံကို အင်စတာဂရမ်မှာ တင်ပြီးတဲ့နောက် ချက်ချင်း ပြန်ဖျက်သွားခဲ့တာ ဖြစ်ပေမယ့်လည်း သတင်းမီဒီယာတွေက သူ့ရဲ့ ဓါတ်ပုံကို အမိအရ ရယူထားပြီး ပြန်တင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Photo Credit: TheSun

 

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘဏ္ဍရေး မျှခြေ စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ သတ်မှတ်ခံရတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၂) နှစ်ကြာ ကစားခွင့် ရရှိမှာ မဟုတ်ဘူးလို့ ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) က ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားကစား တရားစီရင်ရေး ခုံရုံ (CAS) က မန်စီးတီးအသင်းရဲ့ အယူခံဝင်မှုကို မပယ်ချဘဲ လက်ခံခဲ့တာကြောင့် နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းအနေနဲ့ နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ခွင့် ရရှိပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: TheSun

 

မန်စီးတီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာကို ရရှိထားတဲ့ အတွက်ကြောင့် နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပြီး လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ (၁၆) သင်းအဆင့်မှာ ကစားနေလျက် ရှိပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ ချန်ပီယံလိဂ် အယူခံဝင်မှု အောင်မြင်သွားခဲ့ပြီးတဲ့နောက် နည်းပြအဖွဲ့ဝင်တွေနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံကို “YES…ဟုတ်ပြီ”လို့ ရေးသားပြီး အင်စတာဂရမ်မှာ တင်ခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာ သူ့ရဲ့ ဓါတ်ပုံကို ပြန်ဖျက်သွားခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်ကို ကစားရမှာ ဖြစ်ပြီး ပထမ အကျော့မှာ (၁-၂) ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။