မန်စီးတီးအသင်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာကတော့ မနက်ဖြန်ည အာဆင်နယ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင်မှာပဲ မန်စီးတီးအသင်းအသင်းအနေနဲ့ (၃) ရက်ခြား (၁) ပွဲ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကျပ်ပွဲစဉ်အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် (၃) လခန့်ကြာ ရပ်နားပြီးတဲ့နောက် တစ်ကျော့ပြန် ပြန်လည် စတင်တော့မှာ ဖြစ်ပြီး မနက်ဖြန်၊ (၁၇) ရက်နေ့၊ ကြာသပတေးနေ့ နံနက် (၁း၄၅) အချိန်မှာ မန်စီးတီးအသင်း နဲ့ အာဆင်နယ်အသင်းက အဖွင့်ပွဲ ကစားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၁) နေရာက လီဗာပူးလ်အသင်းနဲ့ (၂၅) မှတ် ကွာဟနေတာကြောင့် ပရီးမီးယားလိဂ် ဆုဖလား ရရှိဖို့ မလွယ်တော့တာ ဖြစ်ပြီး နောက်နှစ်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့အတွက် လက်ရှိအချိန်မှာ အယူခံဝင်နေရတာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ကစားခွင့် (၂) နှစ်ကြာ ပိတ်ပင်ခံရတာကြောင့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့ အယူခံဝင်နေပြီး မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက (၃) ရက်ခြား (၁) ပွဲ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲကျင်ပွဲစဉ်အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာက “ကစားသမားတွေက ကောင်းစွာ လေ့ကျင့်နေကြတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ခန္စာကိုယ် ကြံခိုင်မှုက ဘယ်လို ဖြစ်မလဲ ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့က ပွဲစဉ် (၁) ပွဲ ကစားဖို့ အဆင်သင့် ဖြစ်ပါတယ်။ ဒါပေမယ့် (၃) ရက်ခြား တစ်ပွဲ ကစားသွားရမယ်၊ (၄) ရက်ခြား တစ်ပွဲ ကစားရမယ် ဆိုရင် ကျွန်တော်တို့ အဆင်သင့် မဖြစ်သေးဘူး။ ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေ အလဲအပြောင်း ပြုလုပ်ရမယ်။ ကစားသမားတွေ အားလုံးကို အသုံးပြုရမယ်။ ဒါက ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေပါ။ အခြားအသင်းတွေ ဘယ်လို ဖြစ်မလဲ ဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော့်ရဲ့ အသင်းက ဘယ်လိုလဲလို့ လာမေးမယ် ဆိုရင် ကျွန်တော် မသိဘူးလို့ ဖြေမယ်။ မနက်ဖြန်ကျရင် မြင်တွေ့ရမှာပါပဲ”လို့ ပြောကြားသွားပါတယ်။