MySport Myanmar

ချယ်လ်ဆီးက အာဆင်နယ် လီဗာပူးလ်တို့ထက် ပိုကောင်းတယ်လို့ ဂွာဒီယိုလာ ဆို

မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာက သူတို့ ရင်ဆိုင်ခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ အရမ်းကို အန္တရာယ်များလှတဲ့ အသင်းတစ်သင်းဖြစ်ပြီး အာဆင်နယ် လီဗာပူးလ်အသင်းတို့ထက်ပင် ပိုကောင်းပါတယ်လို့ မှတ်ချက်ပြု ပြောဆိုလာခဲ့ပါတယ်။

ချယ်လ်ဆီး နဲ့ မန်စီးတီးတို့ဟာ မနေ့ညက စတန်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး တစ်ဖက်ကို (၄)ဂိုးစီနဲ့ သရေကျခဲ့သလို ပွဲကလည်း အလွန်ကြည့်ကောင်းခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Bola Sports

ချယ်ဆီးအသင်းက ဒီရာသီ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဘရန့်ဖို့ဒ် ဗီလာ နော်တင်ဟမ်တို့ကို ရှုံးနိမ့်ထားခဲ့ရပေမယ့်လည်း အာဆင်နယ် လီဗာပူးလ်တို့ကို သရေ ကစားနိုင်ခဲ့ပြီး အခုလည်း မန်စီးတီးကို အကောင်းဆုံး ရင်ဆိုင်ရင်း (၄)ဂိုးထိ သရေရအောင် ကစားနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက “သူတို့က အရမ်း အန္တရာယ်များတဲ့ အသင်း အရမ်း ကောင်းမွန်တဲ့ အသင်းပါ။ လီဗာပူးလ်ရော အာဆင်နယ်ရော သူတို့တွေထက် ပိုကောင်းနေပေမယ့် သူတို့ကို အနိုင်မယူနိုင်ခဲ့ပါဘူး။”

Photo Credit : Goal

“အဲ့ဒါကြောင့် သူတို့က ဒီအသင်းနှစ်သင်းထက်ကို ပိုကောင်းပါတယ်။ သူတို့က တစ်ပွဲပြီးတစ်ပွဲ ပိုကောင်းလာပါတယ်။ သူတို့ရဲ့ ကစားပုံတွေက တော်တော် ကောင်းမွန်လာခဲ့တယ်။ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ အားသာချက် ၊ အရည်အသွေးကောင်း ၊ မြန်နှုန်းမြင့် ကစားအား ၊ အရန်အင်အား အားလုံးကို ပိုင်ဆိုင်ထားတယ်။”

“ချယ်လ်ဆီးက လာမယ့် အနာဂတ်အတွက် အသင်းကို တည်ဆောက်ထားတာပါ။ ကျွန်တော်တို့အသင်းအတွက် အရေးအကြီးဆုံးကတော့ နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင် ဇယားထိပ်မှာ ရပ်တည်နေနိုင်တာနဲ့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့်ကနေ အစောကြီး တက်လှမ်းထားနိုင်တာပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။

Exit mobile version