ဘရာဇီး ဂန္တဝင် တိုက်စစ်မှူး ပီလီကတော့ ရော်နယ်ဒိုက ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား ဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ ရော်နယ်ဒို နဲ့ မက်ဆီထက် သူ ပို ကောင်းတယ်လို့လည်း ပြောခဲ့ပါတယ်။ ပီလီဟာ ကစားသမားဘဝမှာ ဘရာဇီး ကလပ် ဆန်းတို့စ်အသင်းအတွက် နှစ်ပေါင်း (၂၈) ခန့် ကစားခဲ့ပြီး ဘရာဇီး လက်ရွေးစင်အသင်းအတွက် (၁၄) နှစ်ခန့်ကြာ ကစားခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ကမ္ဘာ့ဖလား (၃) ကြိမ် ရရှိခဲ့ပြီး (၁၉၅၈) ကမ္ဘာ့ ဖလား၊ (၁၉၆၂) ကမ္ဘာ့ဖလား နဲ့ (၁၉၇၀) ကမ္ဘာ့ဖလား စသဖြင့် ကမ္ဘာ့ဖလား (၃) ကြိမ် ရရှိနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ပီလီဟာ သူ့ကိုယ်သူ မက်ဆီ နဲ့ ရော်နယ်ဒိုထက် ပို ကောင်းတယ်လို့ ပြောခဲ့ပြီး ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက လက်ရှိအချိန်မှာ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအော်ဆုကို နှစ်ယောက်ပေါင်း (၁၁) ကြိမ် ရရှိခဲ့ကြပြီး ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက (၆) ကြိမ် နဲ့ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုက (၅) ကြိမ် ရခဲ့ပါတယ်။ ပီလီဟာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကို လက်ရှိအချိန်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားလို့ ပြောခဲ့ပေမဲ့ သူက မက်ဆီ နဲ့ ရော်နယ်ဒိုထက် ပို ကောင်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

Pilhado YouTube မှာ ပီလီက “လက်ရှိအချိန်မှာ ရော်နယ်ဒိုက ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမား ဖြစ်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ မက်ဆီကိုလည်း မေ့ထားလို့ မရပါဘူး”လို့ ပြောသွားပါတယ်။ ပီလီဟာ ရော်နယ်ဒို နဲ့ မက်ဆီထက် ပို ကောင်းသလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ဒါက ဖြေဖို့ အလွန် ခက်ခဲတဲ့ မေးခွန်းပါ။ ကျွန်တော် ဒီမေးခွန်းကို အကြိမ်များစွာ အမေးခံခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဇီကို နဲ့ ရော်နယ်ဒင်ဟိုတို့ကို မေ့ထားလို့ မရပါဘူး။ ဒါက ကျွန်တော့်ရဲ့ အမှားတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ထက် ကျွန်တော် ပို ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ ပီလီ တစ်ယောက်ပဲ ရှိပါတယ်။ ကျွန်တော်လို မရှိနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။