ဘာစီလိုနာအသင္းရဲ့ လာမာစီယာ အကယ္ဒမီကေန ထြက္ေပၚလာတဲ့ ကစားသမားျဖစ္သလို အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ ကစားခဲ့ကာ ဆုဖလားေပါင္းမ်ားစြာကို ရရွိခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းရဲ့ ဝါရင့္ တိုက္စစ္ကစားသမား ပတ္ဒရိုဟာ လက္ရွိ ဇန္နဝါရီလအေျပာင္းအေရႊ႕မွာ အသင္းေဟာင္းထံ ျပန္လည္ေျပာင္းေရႊ႕ခြင့္ရဖို႔ ေရပန္းစားေနပါတယ္။

Photo Credit: The Times.com

ဘာစီလိုနာအသင္းကသာ လိုအပ္ရင္ ဘယ္ အခ်ိန္မဆို အေရာက္လာမယ္လို႔ ဖြင့္ဟထားခဲ့တဲ့ ပတ္ဒရိုကို အသင္းရဲ့ အဓိကတိုက္စစ္မွူး တစ္ဦးျဖစ္တဲ့ ဆြာရက္ဇ္ကို ဒူးေခါင္းဒဏ္ရာေၾကာင့္ ရာသီကုန္အထိ ဆုံးရွုံးထားခဲ့ရတဲ့ ဘာစီလိုနာအသင္းဟာ ေခၚယူဖို႔အတြက္ ခ်ဥ္းကပ္လို႔ ေနေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ယေန႔မနက္မွာပဲ ေဖာ္ျပလာၾကပါတယ္။

Photo Credit: The Times.com

ထြက္ေပၚလာတဲ့သတင္းေတြအရေတာ့ ဘာစီလိုနာအသင္းဟာ ပတ္ဒရိုကို ရာသီကုန္ အထိ အငွားနဲ႔ေခၚယူဖို႔အတြက္ ဆႏၵရွိေနၿပီး ပတ္ဒရိုဘက္ကလည္း အသင္းေဟာင္းကို ျပန္လာဖို႔အတြက္ စိတ္ဆႏၵျပင္းျပေနကာ ဘာစီလိုနာအသင္းကသာ ခ်ယ္လ္ဆီးအသင္းနဲ႔ သေဘာတူညီမွုရရွိခဲ့ပါက အေျပာင္းအေရႊ႕ဟာ ခပ္ျမန္ျမန္ ျဖစ္ေပၚလာဖြယ္ရွိေနပါတယ္။

Photo Credit: The Times.com

ခ်ယ္လ္ဆီးအသင္းဘက္ကေတာ့ တိုက္စစ္ အင္အားနည္းပါးေနတာေၾကာင့္ ပတ္ဒရိုကို လြယ္လြယ္ကူကူ လက္လႊတ္သြားမွာ မဟုတ္ေပမယ့္ ေစ်းကြက္အတြင္းမွာ တိုက္စစ္မွူးတစ္ဦးသာ ရရွိခဲ့ပါက ပတ္ဒရိုကို လက္လႊတ္သြားဖို႔ ရွိတယ္လို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ ထားၾကပါတယ္။

ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားဖြစ်သလို အသင်းမှာ နှစ်ပေါင်းများစွာ ကစားခဲ့ကာ ဆုဖလားပေါင်းများစွာကို ရရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် တိုက်စစ်ကစားသမား ပတ်ဒရိုဟာ လက်ရှိ ဇန်နဝါရီလအပြောင်းအရွှေ့မှာ အသင်းဟောင်းထံ ပြန်လည်ပြောင်းရွှေ့ခွင့်ရဖို့ ရေပန်းစားနေပါတယ်။

Photo Credit: The Times.com

ဘာစီလိုနာအသင်းကသာ လိုအပ်ရင် ဘယ် အချိန်မဆို အရောက်လာမယ်လို့ ဖွင့်ဟထားခဲ့တဲ့ ပတ်ဒရိုကို အသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကို ဒူးခေါင်းဒဏ်ရာကြောင့် ရာသီကုန်အထိ ဆုံးရှုံးထားခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ ခေါ်ယူဖို့အတွက် ချဉ်းကပ်လို့ နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်မှာပဲ ဖော်ပြလာကြပါတယ်။

Photo Credit: The Times.com

ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ ဘာစီလိုနာအသင်းဟာ ပတ်ဒရိုကို ရာသီကုန် အထိ အငှားနဲ့ခေါ်ယူဖို့အတွက် ဆန္ဒရှိနေပြီး ပတ်ဒရိုဘက်ကလည်း အသင်းဟောင်းကို ပြန်လာဖို့အတွက် စိတ်ဆန္ဒပြင်းပြနေကာ ဘာစီလိုနာအသင်းကသာ ချယ်လ်ဆီးအသင်းနဲ့ သဘောတူညီမှုရရှိခဲ့ပါက အပြောင်းအရွှေ့ဟာ ခပ်မြန်မြန် ဖြစ်ပေါ်လာဖွယ်ရှိနေပါတယ်။

Photo Credit: The Times.com

ချယ်လ်ဆီးအသင်းဘက်ကတော့ တိုက်စစ် အင်အားနည်းပါးနေတာကြောင့် ပတ်ဒရိုကို လွယ်လွယ်ကူကူ လက်လွှတ်သွားမှာ မဟုတ်ပေမယ့် စျေးကွက်အတွင်းမှာ တိုက်စစ်မှူးတစ်ဦးသာ ရရှိခဲ့ပါက ပတ်ဒရိုကို လက်လွှတ်သွားဖို့ ရှိတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။