ပူပူနွေးနွေး စပိန် လာလီဂါ ချန်ပီယံ ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပီဒရီက ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကိုသာ နိုင်စေချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးတို့က ယနေ့ညမှာ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း ဖြစ်တဲ့ အီတီဟတ်မှာ ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကို ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပါတယ်။

Photo Credit: Football Transfer

မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြစဉ်က တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ဒုတိယအကျော့မှာ အနိုင်ရတဲ့ အသင်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက ကျားကုတ်ကျားခဲ ကြိုးစား ကစားကြမှာ ဖြစ်ပြီး သူတို့နှစ်သင်းကြားမှာ ခြေစွမ်းပိုင်း ကွာဟချက်လည်း ကျဉ်းမြောင်းတာကြောင့် ဘယ်အသင်းက အနိုင်ရသွားမလဲ ဆိုတာကို မှန်းဆရ ခက်ခဲနေပါတယ်။

Photo Credit: Tribuna

ဘာစီလိုနာရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ပီဒရီကတော့ မန်ချက်စတာ စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပွဲစဉ်မှာ မန်ချက်စတာ စီးတီးကိုသာ အားပေးဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ သူဟာ ဘာစီလိုနာ နည်းပြဟောင်းလည်းဖြစ် လက်ရှိ မန်ချက်စတာ စီးတီးရဲ့ ပဲ့ကိုင်ရှင်လည်း ဖြစ်နေတဲ့ ဂွာဒီယိုလာရဲ့ နည်းစနစ်တွေနဲ့ အတွေးအခေါ်တွေကို သဘောကျကြောင်း ဆိုလာပါတယ်။

ပီဒရီက – “ကျွန်တော်က ဘယ်တော့မှ ရီးရဲလ်မက်ဒရစ်က နိုင်ပွဲ ရလိမ့်မယ် ဆိုတဲ့ စကားကို ပြောမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်က မန်စီးတီးနဲ့ ရီးရဲလ် ပွဲမှာ မန်စီးတီးကိုပဲ နိုင်စေချင်ပါတယ်။ ပြီးတော့ ကျွန်တော်က ပပ်ရဲ့ နည်းစနစ်တွေကို သဘောကျပါတယ်။ သူက ဘာစီလိုနာရဲ့ နည်းပြဟောင်း တဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီပွဲကို ကြည့်ဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲက ပွဲကောင်း တပွဲ ဖြစ်လာမှာမို့လို့ပါ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။