MySport Myanmar

သူကို မက်ဆီနဲ့ ခိုင်းနှိုင်းနေခြင်းဟာ ရူးသွပ်မှု တစ်ခုပဲလို့ ပတ်ဒရီ ပြောဆို

မနေ့ညက တူရကီမြေမှာ ကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဂါလာတာစာရေးအသင်းနဲ့ ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်ဂါလာတာစာရေးက ပွဲကို စတင်ဦးဆောင်ခဲ့ပေမယ့် ဘာစီလိုနာဘက်က ပတ်ဒရီက ချေပဂိုး ပြန်သွင်းယူခဲ့သလို အူဘာမီယန်းကပါ ပွဲသိမ်းအနိုင်ဂိုး သွင်းယူနိုင်ခဲ့တဲ့အတွက် နှစ်ကျော့ပေါင်းရလဒ် (၁) ဂိုး (၂)ဂိုး ဆိုတဲ့ရလဒ်နဲ့ ဘာစီလိုနာတို့ ကွာတားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ရပါတယ်။

Photo Credit : Kiratas

ပထမအကျော့ နူးကမ့်မှာ ကစားခဲ့စဉ်က ဂိုးမရှိသရေ ကျထားခဲ့ရသလို တူရကီမှာ ကစားခဲ့ရတဲ့ ဒုတိယအကျော့ပွဲစဉ်မှာလည်း အိမ်ရှင်အသင်းရဲ့ ဦးဆောင်မှုကို ခံလိုက်ရတဲ့ ဘာစီလိုနာဟာ လာမာစီယာ အကယ်ဒမီထွက် လူငယ်ကြယ်ပွင့် ကစားသမားလေး ပတ်ဒရီရဲ့ လုံးဝကို ကောင်းမွန်လွန်းလှတဲ့ ချေပဂိုးကြောင့် နိုင်ပွဲရယူဖို့ တွန်းအားဖြစ်စေခဲ့တဲ့အပြင် ပတ်ဒရီရဲ့ ချေပဂိုးကိုလည်း ဘာစီလိုနာရဲ့ Legend ကစားသမား မက်ဆီရဲ့သွင်းဂိုးပုံစံနဲ့ပါ ခိုင်းနှိုင်းပြောဆိုလာကြပါတယ်။ ဒီလို ပြောဆိုနေကြတဲ့အပေါ် ပတ်ဒရီက “မဟုတ်ပါဘူး။ မက်ဆီက အခုဂိုးထက် အများကြီး ပိုမိုကောင်းမွန်တဲ့ သွင်းဂိုးတွေကို သွင်းယူခဲ့တာပါ”

Photo Credit : 24 News Recorder

“ကျွန်တော့်ကို မက်ဆီနဲ့ နှိုင်းယှဉ်နေတာက ရူးသွပ်တာပဲ။ သူရဲ့အကူအညီတွေ အများကြီး ရရှိပြီးခဲ့တဲ့နောက်မှာ မြန်မြန်ဆန်ဆန်နဲ့ ဂိုးသွင်းယူလာနိုင်တယ်။ ကျွန်တော် ကန်သွင်းဖို့ အခွင့်မသာခင်အထိ ခြေယောင်ပြနေခဲ့တယ်။ ကျွန်တော်ရဲ့ ရွေ့လျားမှုတွေကို မမှတ်မိတော့ပါဘူး။ ကွင်းထဲမှာပဲ အကြောင်းအရာတွေက ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ အဲ့လိုရောက်လာချိန်မှာ တွေးနေစရာ မလိုလောက်အောင် လုပ်ဆောင်နိုင်ခဲ့တာကတော့ ကျွန်တော်အတွက် ကံကောင်းသွားတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွှယ်သာ ရှိနေသေးတဲ့ ပတ်ဒရီဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အလားအလာ အကောင်းဆုံးတွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာပဲ ဘာစီလိုနာ စီနီယာအသင်းအတွက် စတင်ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ ၂၀၂၁ခုနှစ် မတ်လမှာလည်း စပိန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံထားရတဲ့ ကွင်းလယ်ကစားသမားလေး ပတ်ဒရီဟာ ကွင်းလယ် No.(8) Role နေရာမှာ ကျွမ်းကျင်ပိုင်နိုင်စွာ ကစားတတ်သူဖြစ်ပြီး ဘာစီလိုနာရဲ့ လက်ရှိနည်းပြ ဇာဗီ ဇာဗီရဲ့ တွဲဖက်ကစားသမားကြီး အင်နီယေစတာတို့နဲ့ပါ ခိုင်းနှိုင်းခံနေရတဲ့ ကြယ်ပွင့်လေးတစ်ပွင့်လည်း ဖြစ်ပါတယ်။

Exit mobile version