MySport Myanmar

ခရစ္စတီယာနို ရော်နယ်လ်ဒိုကို မုန်းခဲ့ဖူးတယ်လို့ ဒီဘားလား ဖွင့်ဟ

ပေါ်လို ဒီဘားလား နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ဆိုတာ ဂျုဗင်တပ်စ်အသင်းမှာ တွဲဖက်မိမိ ကစားခဲ့ကြတဲ့ အသင်းဖော်ဟောင်းတွေ ဖြစ်ခဲ့ကြပေမယ့်လည်း ဒီဘားလားက ရော်နယ်လ်ဒိုကို မုန်းတီးခဲ့ဖူးကြောင်း သူကိုယ်တိုင် ဝန်ခံ ပြောဆိုခဲ့ဖူးတယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ရော်နယ်လ်ဒို ဒီဘားလား အတွဲအဖက်ဟာ ဂျုဗင်တပ်စ်အသင်းမှာ ၂၀၁၈ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ အကောင်းဆုံး တွဲဖက်ခဲ့ကြသူတွေဖြစ်ပြီး အဲ့ဒီနှစ်တွေအတွင်းမှာ ကစားသမားနှစ်ဦးပေါင်း သွင်းဂိုးတွေက မနည်းမနေ ရှိခဲ့သလို စီးရီးအေ ချန်ပီယံဆု (၂)ကြိမ် အီတလီ စူပါဖလား ချန်ပီယံဆု (၂)ကြိမ်နဲ့ ကိုပါအီတလီယာဖလား (၁)ကြိမ် ဆွတ်ခူးခဲ့ပါသေးတယ်။ ဒါပေမယ့် ဒီလို တိုက်စစ် အတွဲအဖက်ကောင်းတွေ မဖြစ်ခဲ့စဉ်တုန်းကတော့ သူ့အနေနဲ့ ရော်နယ်လ်ဒိုကို မုန်းတီးခဲ့ဖူးတယ်လို့ ဒီဘားလားက ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Tribuna

အဓိကတော့ ဒီဘားလားက အာဂျင်တီးနား ကစားသမားတစ်ဦး ဖြစ်နေပြီး အရင်ကတည်းက သူတို့နိုင်ငံရဲ့ GOAT လီယွန်နယ်မက်ဆီကို အားပေးသူဖြစ်လို့ မက်ဆီရဲ့ မဟာပြိုင်ဘက် ရော်နယ်လ်ဒိုကို မုန်းတီးခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ဒီဘားလားက “ကျွန်တော် ခရစ္စတီယာနိုနဲ့ အရမ်းကောင်းမွန်တဲ့ (၃)နှစ်တာကို အတူတူ ဖြတ်သန်းခဲ့တယ်။ အဲ့ဒီအချိန်မှာ အသင်းက အရမ်း တောင့်တင်းနေရပြီး သူကလည်း အသင်းအတွက်ကို တစ်ခုခုကို ထည့်သွင်းပေးလိုက်သလိုပါပဲ။ အာဂျင်တီးနားမှာဆိုရင်တော့ မက်ဆီ နဲ့ ရော်နယ်လ်ဒိုဆိုပြီး အားပြိုင်မှုကြီးက ရှိတတ်တယ်။”

Photo Credit : Daily Mail

“တစ်ခါကဆို ပွဲအပြီး ကျွန်တော်တို့ လေယာဉ်ပျံ စီးနေချိန် ကျွန်တော်က သူရဲ့နောက် ခပ်မလှမ်းတလှမ်းမှာ ထိုင်နေရင်းနဲ့ သူ ကျွန်တော့်ဆီကို ရောက်လာလို့ စကားစမြည် ပြောတုန်းမှာပဲ ကျွန်တော် ခလေးတုန်းက ခင်ဗျားကို တကယ် မုန်းခဲ့တာဆိုပြီး ပြောလိုက်တော့။ နှစ်ယောက်သားလုံး ထရယ်တော့တာပါပဲ။ ကျွန်တော်တို့ နှစ်ယောက်လုံး အမြဲတမ်း ကောင်းမွန်တဲ့ စိတ်သဘောထား ရှိကြပါတယ်။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version