ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ကူးစက်ရောဂါ ကမ္ဘာတလွှားကို စတင်ပျံနှံချိန်မှာ ဒီကူးစက်မြန်ရောဂါက အီတလီနိုင်ငံဆီကိုလည်း ရောက်ရှိလာခဲ့ပြီး နိုင်ငံအတွင်း ဆိုးရွှားလှတဲ့ ကူးစက်မှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူသေဆုံးမှုပါ မြင့်မားခဲ့ရပါတယ်။ ဒီလို ကူးစက်မှုတွေ ဖြစ်ပွားခဲ့ချိန်မှာ အီတလီ ဘောလုံးလောကထဲက ဘောလုံးသမားတွေပါ ကူးစက်ခံခဲ့ရပြီး အချိန်မီ ဆေးဝါးကုသမှုတွေ ခံယူနိုင်ခဲ့လို့သာ အသက်ဆုံးရှံးမှု များများစားစား မရှိခဲ့ရတာဖြစ်ပါတယ်။ ကူးစက်ခံခဲ့ရတဲ့ ဘောလုံးသမားတွေထဲမှာ နာမည်ကျော်ဘောလုံးသမားတွေဖြစ်တဲ့ ဒီဘားလား မာတွီဒီတို့လည်း ပါဝင်ခဲဲ့ရပါတယ်။

Photo Credit : Goal

ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူရူဂါနီ ကွင်းလယ်ကစားသမားမာတွီဒီနဲ့ တိုက်စစ်ကစားသမား မာတွီဒီတို့ (၃)ယောက်လုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ရူဂါနီနဲ့မာတွီဒီ(၂)ဦးက စောစီးစွာ ပြန်လည်သက်သာနိုင်ခဲ့ပေမယ့် အာဂျင်တီးနား တိုက်စစ်ကစားသမားလေး ပေါ်လိုဒီဘားလားကတော့ ကိုရိုနာဗိုင်းရပ်စ်ကို (၆)ပတ်တာလောက်အထိ ကူးစက်ခံခဲ့ရပါတယ်။ ဒါပေမယ့် ဝမ်းသာစရာကောင်းတာကတော့ အခုလက်ရှိမှာ ဒီဘားလားလည်း ကိုရိုနာဗိုင်းရပ်စ်ကို လုံးဝတိုက်ထုတ်နိုင်ခဲ့ပြီဖြစ်ပြီး ဆေးစစ်မှုမှာ Negative အဖြေထွက်ပေါ်ခဲ့တယ်လို့ ဂျုဗင်တပ်စ်အသင်းဘက်ကနေ ထုတ်ပြန်ကြေညာလို့သွားခဲ့ပါတယ်။

Photo Credit : Juventus

ဒီဘားလားဟာ (၄)ကြိမ်ထိ ဆေးစစ်မှုခံယူရမှာ အဆိုပါ(၄)ကြိမ်လုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတယ်လို့ အဖြေထွက်ပေါ်ခဲ့ပြီး ဆိုးဆိုးရွှားရွှားလက္ခဏတွေကို မခံစားခဲ့ရပေမယ့် သူရဲ့နေအိမ်မှာပဲ သူ့လို ရောဂါကူးစက်နေတဲ့ ချစ်သူနဲ့ သီးသန့်နေထိုင်ခဲ့ရသလို အသက်ရှုရမှာလည်း ပုံမှန်မဟုတ်တဲ့ ခံစားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဘားလားကလည်း သူ့အနေနဲ့ နေအိမ်မှာ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲဲ့အခါ (၅)မိနစ်လောက် လုပ်ပြီးသွားတာနဲ့ အသက်ဝအောင် မနည်းရှုခဲ့ရတယ်လို့ ပြန်လည်ရှင်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် အခုလို ဗိုင်းရပ်စ်ကူးစက်မှု မရှိတော့ပဲ လူကောင်းပကတိအတိုင်း ပြန်ဖြစ်သွားချိန်မှာတော့ ဒီဘားလားက အရမ်းကို ပျော်ရွှင်ဝမ်းမြောက်လို့နေပြီး သူရဲ့နေအိမ်က ပန်းခြံလေးအတွင်းမှာ ရိုက်ကူးထားတဲဲ့ ပျော်ရွှင်မြူးထူးနေတဲ့ သူရဲ့ဓါတ်ပုံကိုပါ အင်စတာဂရမ်ကနေ ဖော်ပြသွားခဲ့ပါတယ်။ Covid-19 Negative ဖြစ်သွားခဲ့တဲဲ့ ဒီဘားလားဟာ ဂျုဗင်တပ်စ်အသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေကို လာမယ့်ရက်ပိုင်းအတွင်းမှာပဲ စတင်ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။