မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဂႏၲဝင္ကစားသမား ေပါလ္စခိုးဟာ သူ ငယ္စဥ္ကတည္းက အားေပးခဲ့ရတဲ့ လိဂ္၂ကလပ္ အုိးလ္ဟမ္းအသင္းရဲ႕ တရားဝင္နည္းျပ ျဖစ္လာေတာ့မယ္လို႔ သိရပါတယ္။ ေပါလ္စခိုးရဲ႕ ကစားေဖာ္ေတြျဖစ္တဲ့ ရိုင္ယန္ဂစ္ ဂယ္ရီနဗီးလ္ ဆိုးလ္ရွား တို႔ဟာ မန္ေနဂ်ာေလာကထဲကို ေရာက္ရွိေနျပီး ျဖစ္တာေၾကာင့္ ေပါလ္စခိုးဟာ ေနာက္ေတာင္က်ေနျပီလို႔ ဆိုလို႔ရပါတယ္။

( image credit – getty images )

ကစားသမားဘဝမွာ ျပင္းထန္တဲ့ ကန္ခ်က္ေတြ စူးရွတဲ့ ေဘာလံုးအျမင္ေတြ ေကာင္းမြန္တဲ့ ေဘာလံုးေပးပို႔မႈေတြနဲ႔အတူ ကမၻာ့အေကာင္းဆံုးကြင္းလယ္ကစားသမား စာရင္းေတြထဲမွာ ပါဝင္ခဲ့တဲ့ ေပါလ္စခိုးရဲ႕ အိုးလ္ဟမ္းအသင္းကိုေတာ့ ယူနိုက္တက္ ပရိသတ္ေတြက ေစာင့္ၾကည့္ေနမွာ အေသအခ်ာပါပဲ။ ေပါလ္စခိုးဟာ ဒီရာထူးကို လြယ္လြယ္ကူကူရခဲ့တာ မဟုတ္ပဲ အက္ဖ္ေအရဲ႕ စစ္ေဆးမႈကို ခံယူခဲ့ရေသးတာပါ။ ေပါလ္စခိုးဟာ National Leauge ျပိဳင္ပြဲဝင္ ဆဲလ္ဖို႔ဒ္အသင္းရဲ႕ ရွယ္ယာ ၁၀ရာခိုင္နႈန္းကို ပိုင္ဆိုင္ထားတာေၾကာင့္ ယခုလို စစ္ေမးျခင္း ခံခဲ့ရတာပါ။

( image credit – getty images )

အက္ဖ္ေအကေတာ့ ေပါလ္စခိုးရဲ႕ အဆိုပါ ရွယ္ယာပါဝင္မႈဟာ အိုးလ္ဟမ္းအသင္းရဲ႕ နည္းျပျဖစ္လာဖို႔အတြက္ ထိခိုက္နစ္နာမႈေတြ မရွိသင့္ဘူးလို႔ ဆံုးျဖတ္ခဲ့ေၾကာင္း သတင္းဌာနတခ်ိဳ႕က ေဖာ္ျပခဲ့ၾကပါတယ္။ လက္ရွိအခ်ိန္မွာ အိုးလ္ဟမ္းအသင္းကို အသင္းရဲ႕ အကယ္ဒမီနည္းျပ ပီတာဝိုင္းလ္က ကိုင္တြယ္ေနပါတယ္။ ဆဲလ္ဖို႔ဒ္အသင္းဟာ ဒီရာသီမွာ လိဂ္၂ကို တန္းတက္ဖို႔ အေျခအေနေကာင္းေနျပီး တန္းတက္လာခဲ့ပါက ေပါလ္စခိုးဟာ သူပိုင္တဲ့ အသင္းကို နည္းျပအျဖစ္ ရင္ဆိုင္ရမွာပါ။

( image credit – getty images )

ေပါလ္စခိုးကေတာ့ ” ကြ်န္ေတာ္ဟာ ဘာကိုမွ မလိမ္ညာတတ္ပါဘူး။ သတင္းေတြ ထြက္ေပၚလာတဲ့အခါက်ရင္ အားလံုးကို ရွင္းရွင္းလင္းလင္း သိရမွာပါ။ ကြ်န္ေတာ္ဟာ ေဘာလံုးေလာကထဲကို ျပန္လည္ ဝင္ေရာက္ခ်င္ေနပါျပီ။ ကြ်န္ေတာ္ဟာ လက္ရွိလုပ္ေနတဲ့ ေဘာလံုးေဝဖန္ေရးအလုပ္ကုိ မလုပ္ခ်င္ေတာ့ပါဘူး။ ကြ်န္ေတာ္က ဆုတံဆိပ္ေတြကို ရယူခ်င္ပါတယ္။ ကြ်န္ေတာ္ ေက်ာင္းျပီးကတည္းက နွစ္၂၀ေက်ာ္ ဆုတံဆိပ္ေတြနဲ႔ ယဥ္ပါးခဲ့တာပါ။ ကြ်န္ေတာ္သာ မန္ေနဂ်ာျဖစ္လာရင္ ကြ်န္ေတာ့္ရဲ႕ ကစားသမားေတြကို ပိုေကာင္းတဲ့ ကစားသမားေတြျဖစ္ေအာင္ ေလ့က်င့္ေပးမွာပါ။ ျပီးရင္ေတာ့ ေအာင္ျမင္မႈေတြကို ရယူမွာေပါ့ ” လို႔ သတင္းစာတစ္ခုကို ေျပာျပသြားခ့ဲပါတယ္။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ပေါလ်စခိုးဟာ သူ ငယ်စဉ်ကတည်းက အားပေးခဲ့ရတဲ့ လိဂ်၂ကလပ် အိုးလ်ဟမ်းအသင်းရဲ့ တရားဝင်နည်းပြ ဖြစ်လာတော့မယ်လို့ သိရပါတယ်။ ပေါလ်စခိုးရဲ့ ကစားဖော်တွေဖြစ်တဲ့ ရိုင်ယန်ဂစ် ဂယ်ရီနဗီးလ် ဆိုးလ်ရှား တို့ဟာ မန်နေဂျာလောကထဲကို ရောက်ရှိနေပြီး ဖြစ်တာကြောင့် ပေါလ်စခိုးဟာ နောက်တောင်ကျနေပြီလို့ ဆိုလို့ရပါတယ်။

( image credit – getty images )

ကစားသမားဘဝမှာ ပြင်းထန်တဲ့ ကန်ချက်တွေ စူးရှတဲ့ ဘောလုံးအမြင်တွေ ကောင်းမွန်တဲ့ ဘောလုံးပေးပို့မှုတွေနဲ့အတူ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမား စာရင်းတွေထဲမှာ ပါဝင်ခဲ့တဲ့ ပေါလ်စခိုးရဲ့ အိုးလ်ဟမ်းအသင်းကိုတော့ ယူနိုက်တက် ပရိသတ်တွေက စောင့်ကြည့်နေမှာ အသေအချာပါပဲ။ ပေါလ်စခိုးဟာ ဒီရာထူးကို လွယ်လွယ်ကူကူရခဲ့တာ မဟုတ်ပဲ အက်ဖ်အေရဲ့ စစ်ဆေးမှုကို ခံယူခဲ့ရသေးတာပါ။ ပေါလ်စခိုးဟာ National Leauge ပြိုင်ပွဲဝင် ဆဲလ်ဖို့ဒ်အသင်းရဲ့ ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် ယခုလို စစ်မေးခြင်း ခံခဲ့ရတာပါ။

( image credit – getty images )

အက်ဖ်အေကတော့ ပေါလ်စခိုးရဲ့ အဆိုပါ ရှယ်ယာပါဝင်မှုဟာ အိုးလ်ဟမ်းအသင်းရဲ့ နည်းပြဖြစ်လာဖို့အတွက် ထိခိုက်နစ်နာမှုတွေ မရှိသင့်ဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း သတင်းဌာနတချို့က ဖော်ပြခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ အိုးလ်ဟမ်းအသင်းကို အသင်းရဲ့ အကယ်ဒမီနည်းပြ ပီတာဝိုင်းလ်က ကိုင်တွယ်နေပါတယ်။ ဆဲလ်ဖို့ဒ်အသင်းဟာ ဒီရာသီမှာ လိဂ်၂ကို တန်းတက်ဖို့ အခြေအနေကောင်းနေပြီး တန်းတက်လာခဲ့ပါက ပေါလ်စခိုးဟာ သူပိုင်တဲ့ အသင်းကို နည်းပြအဖြစ် ရင်ဆိုင်ရမှာပါ။

( image credit – getty images )

ပေါလ်စခိုးကတော့ ” ကျွန်တော်ဟာ ဘာကိုမှ မလိမ်ညာတတ်ပါဘူး။ သတင်းတွေ ထွက်ပေါ်လာတဲ့အခါကျရင် အားလုံးကို ရှင်းရှင်းလင်းလင်း သိရမှာပါ။ ကျွန်တော်ဟာ ဘောလုံးလောကထဲကို ပြန်လည် ဝင်ရောက်ချင်နေပါပြီ။ ကျွန်တော်ဟာ လက်ရှိလုပ်နေတဲ့ ဘောလုံးဝေဖန်ရေးအလုပ်ကို မလုပ်ချင်တော့ပါဘူး။ ကျွန်တော်က ဆုတံဆိပ်တွေကို ရယူချင်ပါတယ်။ ကျွန်တော် ကျောင်းပြီးကတည်းက နှစ်၂၀ကျော် ဆုတံဆိပ်တွေနဲ့ ယဉ်ပါးခဲ့တာပါ။ ကျွန်တော်သာ မန်နေဂျာဖြစ်လာရင် ကျွန်တော့်ရဲ့ ကစားသမားတွေကို ပိုကောင်းတဲ့ ကစားသမားတွေဖြစ်အောင် လေ့ကျင့်ပေးမှာပါ။ ပြီးရင်တော့ အောင်မြင်မှုတွေကို ရယူမှာပေါ့ ” လို့ သတင်းစာတစ်ခုကို ပြောပြသွားခဲ့ပါတယ်။