မန္ခ်က္စတာယူႏုိက္တက္အသင္းက အသင္းနည္းျပအျဖစ္ ဆုိးလ္ရွားကုိ ခန္႔အပ္ၿပီးေနာက္ပုိင္းကတည္းက အသင္းမွာ အကယ္ဒမီက လူငယ္ကစားသမားေလးေတြကုိ တျဖည္းျဖည္းေနရာေပးလာခဲ႔ရာက ေမဆန္ဂရင္းဝုဒ္ ဘရန္ဒန္ဝီလီယံစ္တုိ႔လုိ လူငယ္ၾကယ္ပြင့္ေလးေတြ လင္းလက္ေတာက္ပလာခဲ႔ရၿပီး ဒီကစားသမားေလးေတြကလည္း ဒီေနာက္ပုိင္းမွာ အသင္းအတြက္ ပြဲေတာ္ေတာ္မ်ားမ်ားကုိ ပါဝင္ကစားခဲ႔ရကာ သူတုိ႔ရဲ႕အရည္အခ်င္းေတြကုိ ခ်ျပႏုိင္ခဲ႔ပါတယ္။ ဒါဟာ ဒီရာသီမွာ ယူႏုိက္တက္အသင္းအတြက္ အဓိက အားသာခ်က္ျဖစ္ေစခဲ႔ရပါတယ္။

Photo Credit : Twitter

အသက္၁၉ႏွစ္သာရွိေသးတဲ႔ ဘယ္ေနာက္ခံကစားသမားေလး ဘရန္ဒန္ဝီလီယံစ္ကေတာ့ ဒီႏွစ္ေဘာလုံးရာသီမွာမွ ယူႏုိက္တက္စီနီယာအသင္းအတြက္ စတင္ပြဲထြက္ကစားခဲဲ႔ရတာျဖစ္ၿပီး အသင္းမွာ လုခ္ေရွာ ဒဏ္ရာမၾကာခဏရရွိျခင္း ဝါရင့္ကစားသမားႀကီး အက္ရွ္ေလယန္းရဲဲ႕အနာဂတ္မေရမရာျဖစ္ေနမႈေတြကေနတစ္ဆင့္ ေနရာရလာခဲ႔တာျဖစ္ကာ အခုဆုိရင္ ဝီလီယံစ္က ယူႏုိက္တက္အတြက္ ဒီတစ္ရာသီထဲမွာပဲ ၿပိဳင္ပြဲစုံ၁၅ပြဲအထိေတာင္ ပါဝင္ကစားႏုိင္ခဲ႔ၿပီးေတာ့ ရွက္ဖီးနဲ႔ကစားခဲဲ႔တဲ႔ ပြဲစဥ္အတြင္းမွာပါ သူရဲ႕ပထမဆုံးေသာ ပရီးမီးယားလိဂ္သြင္းဂုိးကုိ လွလွပပ သြင္းယူႏုိင္ခဲ႔ပါေသးတယ္။

Photo Credit : Sportskeeda

ဒီလုိအရည္အခ်င္းေကာင္းေတြရွိေနတဲ႔ လူငယ္ၾကယ္ပြင့္ေလး ဝီလီယံစ္နဲ႔ပတ္သက္ၿပီးေတာ့ သူရဲ႕စီနီယာကစားသမားႀကီးျဖစ္သူ ေပါလ္စခုိးက “ဆုိးလ္ရွားအေနနဲ႔ ဒီအခ်ိန္မွာ အသင္းရဲ႕ဘယ္ျခမ္းခံစစ္ေနရာအတြက္ ဒီခ်ာတိတ္ေလးကုိပဲ ပြဲအမ်ားစုမွာ အသုံးျပဳသင့္ပါတယ္။ ကြ်န္ေတာ္က လုခ္ေရွာကုိ သေဘာက်တဲ႔သူပါ။ ဒါေပမယ့္ သူက အခုအခ်ိန္မွာ ဒဏ္ရာေတြ ႀကံခုိင္မႈျပသာနာေတြေၾကာင့္ ပြဲအမ်ားႀကီးကုိ ပါဝင္ကစားႏုိင္ျခင္းမရွိတာေၾကာင့္ ဘရန္ဒန္ေလးကုိ ဘယ္ေနာက္ခံလူအျဖစ္ ပြဲမ်ားစြာမွာ သုံးစြဲသင့္တယ္လို႔ ထင္မိပါတယ္။ သူက ခံစစ္ပုိင္းမွာပဲ ထူးခြ်န္တာမဟုတ္ပဲနဲ႔ တုိက္စစ္ကုိ လုိက္ပါကစားရမွာလည္း ပုံစံေကာင္းျပသႏုိင္ပါေသးတယ္။ သူမွာ အရည္အခ်င္းေကာင္းေတြရွိတယ္။ သူက ဘယ္ျခမ္းတေၾကာလုံး အတတ္အဆင္းေကာင္းေကာင္းနဲ႔ ကစားႏုိင္တတ္သူပါ။ ၿပီးေတာ့ ဘယ္ေျခညာေျခႏွစ္ဖက္လုံးကို အေကာင္းဆုံးအသုံးခ်ႏုိင္ပါေသးတယ္။ ဒါက အရမ္းကုိထူးျခားပါတယ္” ခ်ီးမြမ္းေျပာဆုိလုိက္ပါတယ္။

(Unicode)

ယူနိုက်တက် အကယ်ဒမီထွက် လူငယ်ကြယ်ပွင့်လေးကို ချီးကျူးပြောဆိုလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက်အသင်းက အသင်းနည်းပြအဖြစ် ဆိုးလ်ရှားကို ခန့်အပ်ပြီးနောက်ပိုင်းကတည်းက အသင်းမှာ အကယ်ဒမီက လူငယ်ကစားသမားလေးတွေကို တဖြည်းဖြည်းနေရာပေးလာခဲ့ရာက မေဆန်ဂရင်းဝုဒ် ဘရန်ဒန်ဝီလီယံစ်တို့လို လူငယ်ကြယ်ပွင့်လေးတွေ လင်းလက်တောက်ပလာခဲ့ရပြီး ဒီကစားသမားလေးတွေကလည်း ဒီနောက်ပိုင်းမှာ အသင်းအတွက် ပွဲတော်တော်များများကို ပါဝင်ကစားခဲ့ရကာ သူတို့ရဲ့အရည်အချင်းတွေကို ချပြနိုင်ခဲ့ပါတယ်။ ဒါဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် အဓိက အားသာချက်ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Twitter

အသက်၁၉နှစ်သာရှိသေးတဲ့ ဘယ်နောက်ခံကစားသမားလေး ဘရန်ဒန်ဝီလီယံစ်ကတော့ ဒီနှစ်ဘောလုံးရာသီမှာမှ ယူနိုက်တက်စီနီယာအသင်းအတွက် စတင်ပွဲထွက်ကစားခဲဲ့ရတာဖြစ်ပြီး အသင်းမှာ လုခ်ရှော ဒဏ်ရာမကြာခဏရရှိခြင်း ဝါရင့်ကစားသမားကြီး အက်ရှ်လေယန်းရဲဲ့အနာဂတ်မရေမရာဖြစ်နေမှုတွေကနေတစ်ဆင့် နေရာရလာခဲ့တာဖြစ်ကာ အခုဆိုရင် ဝီလီယံစ်က ယူနိုက်တက်အတွက် ဒီတစ်ရာသီထဲမှာပဲ ပြိုင်ပွဲစုံ၁၅ပွဲအထိတောင် ပါဝင်ကစားနိုင်ခဲ့ပြီးတော့ ရှက်ဖီးနဲ့ကစားခဲဲ့တဲ့ ပွဲစဉ်အတွင်းမှာပါ သူရဲ့ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Sportskeeda

ဒီလိုအရည်အချင်းကောင်းတွေရှိနေတဲ့ လူငယ်ကြယ်ပွင့်လေး ဝီလီယံစ်နဲ့ပတ်သက်ပြီးတော့ သူရဲ့စီနီယာကစားသမားကြီးဖြစ်သူ ပေါလ်စခိုးက “ဆိုးလ်ရှားအနေနဲ့ ဒီအချိန်မှာ အသင်းရဲ့ဘယ်ခြမ်းခံစစ်နေရာအတွက် ဒီချာတိတ်လေးကိုပဲ ပွဲအများစုမှာ အသုံးပြုသင့်ပါတယ်။ ကျွန်တော်က လုခ်ရှောကို သဘောကျတဲ့သူပါ။ ဒါပေမယ့် သူက အခုအချိန်မှာ ဒဏ်ရာတွေ ကြံခိုင်မှုပြသာနာတွေကြောင့် ပွဲအများကြီးကို ပါဝင်ကစားနိုင်ခြင်းမရှိတာကြောင့် ဘရန်ဒန်လေးကို ဘယ်နောက်ခံလူအဖြစ် ပွဲများစွာမှာ သုံးစွဲသင့်တယ်လို့ ထင်မိပါတယ်။ သူက ခံစစ်ပိုင်းမှာပဲ ထူးချွန်တာမဟုတ်ပဲနဲ့ တိုက်စစ်ကို လိုက်ပါကစားရမှာလည်း ပုံစံကောင်းပြသနိုင်ပါသေးတယ်။ သူမှာ အရည်အချင်းကောင်းတွေရှိတယ်။ သူက ဘယ်ခြမ်းတကြောလုံး အတတ်အဆင်းကောင်းကောင်းနဲ့ ကစားနိုင်တတ်သူပါ။ ပြီးတော့ ဘယ်ခြေညာခြေနှစ်ဖက်လုံးကို အကောင်းဆုံးအသုံးချနိုင်ပါသေးတယ်။ ဒါက အရမ်းကိုထူးခြားပါတယ်” ချီးမွမ်းပြောဆိုလိုက်ပါတယ်။