လာမယ့်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် ပေါလ်ပေါ့ဘာဟာ အခုထိ အသင်းနဲ့ သက်တမ်းမတိုးနိုင်သေးတာကြောင့် သက်တမ်းကုန်ချိန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတယ်ဆိုပေမယ့်လည်း ယူနိုက်တက်အသင်းဘက်ကသာ ယာယီနည်းပြ ရန်းနစ်ကို နောက်ရာသီတွေထိ ဆက်လက်တာဝန်ပေးမယ်ဆိုရင်တော့ ပေါ့ဘာအနေနဲ့ အသင်းနဲ့ သက်တမ်းတိုးသွားနိုင်တယ်လို့ သိရပါတယ်။

Paul Pogba has been impressed with Ralf Rangnick since his arrival and is now willing to STAY at Manchester United

Photo Credit : The Sun

ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားဖြစ်တဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ အသင်းနဲ့ အခုထိကို စာချုပ်သက်တမ်း မတိုးနိုင်သေးတာကြောင့် လာမယ့်နွေမှာ ရီးယဲလ်မက်ဒရစ် ပီအက်စ်ဂျီအသင်းတွေဆီ ပြောင်းရွှေ့သွားလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အသင်းရဲ့ ယာယီနည်းပြဖြစ်သူ ရန်းနစ်နဲ့ စကားပြောဆိုမှုတွေ လုပ်ဆောင်လို့အပြီးမှာ ရန်းနစ်အပေါ် သဘောကျမိလာတာကြောင့် အသင်းဘက်ကသာ ရန်းနစ်ကို လာမယ့်ဘောလုံးရာသီထိ အသင်းနည်းပြတာဝန် ဆက်ပေးသွားမယ်ဆိုရင် ပေါ့ဘာအနေနဲ့လည်း အသင်းနဲ့ သက်တမ်းတိုးဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Paris Saint-Germain aim to sign Manchester United midfielder Paul Pogba  this summer - reports - Eurosport

Photo Credit : Eurosport

မော်ရင်ဟို ဆိုးလ်ရှားတို့လို နည်းပြဟောင်းတွေရဲ့ လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ပုံမှန်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ခံစားနေရတဲ့ ပေါင်ဒဏ်ရာကြောင့် ရန်းနစ်အတွက် မကစားပေးနိုင်သေးပေမယ့် ရန်းနစ်ရဲ့ အနာဂတ်အမြင်နဲ့ ယူနိုက်တက်မှာ ပေါ့ဘာ အမှန်တကယ် ကစားနိုင်မယ့် နေရာတွေကြောင့် ပေါ့ဘာအနေနဲ့ ရန်းနစ်နဲ့ ပူးပေါင်းပြီး အသင်းမှာ ဆက်လက်ရှိနေဖို့ အလားအလာကောင်းနေတာ ဖြစ်ပါတယ်။ ရန်းနစ်ကလည်း ပေါ့ဘာကို ဝန်းရံပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို သေချာမောင်းနှင်နိုင်သူလို့ ယုံကြည်နေတာကြောင့် ဆောင်းစျေးကွက်အတွင်း ကွင်းလယ်လူ ခေါ်ယူဖို့ကိုပါ မလုပ်ဆောင်တော့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အသင်းမှာ အသင်းခေါင်းဆောင်တာဝန် အပြောင်းအလဲ ဖြစ်လာနိုင်တဲ့ အနေအထားတွေ ရှိနေပြီး ပေါ့ဘာရဲ့ ဦးဆောင်နိုင်မှုနဲ့ အသင်းဖော်တွေကြား ရေပန်းစားမှုတွေကြောင့် အသင်းရဲ့ ဦးဆောင်သူအဖြစ်နဲ့ပါ တာဝန်ပေးခံလာရဖွယ်လည်း ရှိနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်တဲ့ ပေါ့ဘာအနေနဲ့ ယူနိုက်တက်အတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်လို့ အရေးပါတဲ့ ကာလတစ်ခုကို ဖြတ်သန်းရတော့မယ့် ယူနိုက်တက်အသင်းအတွက် အားတတ်စရာ ဖြစ်လာနိုင်ပါတယ်။