မန်ချက်စတာ ညနေခင်းသတင်း (Manchester Evening News – MEN) က မန်ယူ ကွင်းလယ်လူ ပေါ့ဘာဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အသင်းက ထွက်သွားချင်တယ်လို့ ပြောခဲ့တယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ အသက် (၂၆) နှစ်အရွယ် ပေါ့ဘာဟာ လက်ရှိရာသီမှာ (၂) ကြိမ်ခြား ဒဏ်ရာရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ် (၇) ပွဲသာ ကစားထားရပြီး ဘယ်အချိန်မှာ ဒဏ်ရာကနေ အပြည့်အဝ သက်သာလာမလဲ ဆိုတာကို အသေအချာ မသိရသေးတာ ဖြစ်ပါတယ်။

Photo Credit: DailyMail

MEN သတင်းက ပေါ့ဘာဟာ “လက်ရှိအချိန်မှာ မန်ယူအသင်းကို အာရုံမစိုက်ဘူး”လို့ ဖော်ပြခဲ့ပြီး သူ့ရဲ့ အပြောင်းအရွှေ့ကို မန်ယူအသင်းက စိတ်ဝင်စားလွန်းတာကြောင့် အသင်းက ထွက်သွားချင်တာ ဖြစ်မယ်လို့ ဖော်ပြသွားခဲ့ပါတယ်။ ကွင်းလယ်လူ ပေါ့ဘာဟာ ဇွန်လက “စိန်ခေါ်မှုအသစ်”အတွက် အသင်းပြောင်းချင်တယ်လို့ ပြောသွားခဲ့ဖူးပြီး တစ်လောကလည်း သူ့ရဲ့ အေးဂျင့် မီနို ရိုင်အိုလာက ပေါ့ဘာကို ရီးရဲလ်အသင်းဆီ မပြောင်းနိုင်ခဲ့တာအတွက် “စိတ်မကောင်း”ပါဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: DailyMail

ပေါ့ဘာဟာ မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ် လက်ကျန် (၁၈) လထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်ပေမဲ့လည်း မန်ယူအသင်းအနေနဲ့ စာချုပ်ကုန်သွားမယ်ဆိုရင် ပေါ့ဘာကို နောက်ထပ် (၁) နှစ် ထပ်တိုးခွင့် ရရှိထားတာ ဖြစ်ပါတယ်။ ပေါ့ဘာဟာ ခြေချင်းဝတ် ဒဏ်ရာ ခွဲစိတ်ခဲ့ရတာကြောင့် လက်ရှိမှာ အနားယူနေလျက် ရှိပြီး ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်လာနိုင်မလား ဆိုတာကို မသိရသေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။