MySport Myanmar

မန်ယူမှာ ကြုံတွေ့ခဲ့ရတဲ့ ပြသာနာ (၃)ခုအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ ပေါ့ဘာ

ဒီနှစ် နွေဈေးကွက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက မန်ချက်စတာမှာ ရှိနေခဲ့စဉ်မှာ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ပြသာနာ (၃)ခုအကြောင်းကို ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၉)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ သူရဲ့ကလပ်အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီ တစ်နှစ်လုပ်ခ ယူရို(၈)သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ အသင်းဟောင်းဆီ ပြန်လည် ရောက်ရှိလာခဲ့တဲ့ ပေါ့ဘာက “ကျွန်တော် ဒီကို ပြန်လာရတာ ဝမ်းသာပါတယ်။ ဒီမှာ ကျွန်တော်ရဲ့ အိမ် ရှိနေသလိုမျိုးကို ခံစားမိတယ်။ ကျွန်တော့်ကို ကြိုဆိုနေကြတဲ့ ပုံစံတွေက ကျွန်တော့်အတွက်တော့ အိမ်မက်တစ်ခုထက်ကို ပိုမိုနေရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိနေတုန်းကတည်းက ကျွန်တော် အယ်လီဂရီနဲ့ စကားပြောခဲ့ဖူးပါတယ်”

Photo Credit : Sports Brief

“ကျွန်တော် ဒီကို မလာခင်လည်း သူနဲ့ စကားပြောခဲ့ပါတယ်။ ဒါက မှန်ကန်တဲ့ လူနဲ့ သင့်တော်တဲ့ အခိုက်အတန့်ပါပဲ။ ကျွန်တော့် ကံကြမာကို ယုံကြည်ပါတယ်။ ကျွန်တော် ပြုလုပ်ခဲ့တဲ့ ရွေးချယ်မှုတွေအားလုံးအတွက် ပျော်ရွှင်မိပါတယ်။ ဒါက ဘဝပါပဲ။ မန်ချက်စတာမှာ ရှိခဲ့တဲ့ အချိန်တွေကိုလည်း ပျော်ရွင်မိပါတယ်။ ကျွန်တော် လူကြီးတစ်ယောက် ဖြစ်လာပါပြီ။ အမှားတွေ လုပ်မိတယ်လို့လည်း မခံစားမိပါဘူး။ ကျွန်တော် အခု ပျော်နေပါတယ်။ တခြားအသင်းတွေက ကျွန်တော့်ကို စိတ်ဝင်စားနေပေမယ့်လည်း အဲ့ဒီထဲကမှ ဂျုဗင်တပ်စ်ကို ရွေးချယ်ခဲ့တုန်းက ဒါဟာ မှန်ကန်တဲ့ ဦးတည်ရာ ဖြစ်တယ်လို့ ကျွန်တော့်နှလုံးသားက ပြောခဲ့တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဘာက “မန်ချက်စတာမှာ ဒဏ်ရာပြသာနာတွေ နည်းပြအပြောင်းအလဲတွေနဲ့ ကွင်းအတွင်းမှာ ကစားရတဲ့ positon တွေက ကျွန်တော့်အတွက်တော့ ပြသာနာများစွာ ဖြစ်စေခဲ့ရတယ်။ ဒီမှာက သုံးယောက်တန်း ကွင်းလယ်နဲ့သာ ပိုကစားရတာကို ကျွန်တော်သိပါတယ်။ ဘယ် ဒါမှမဟုတ် ညာပေါ့။ အဲ့ဒါက ကျွန်တော့်ကို ယုံကြည်မှု ရှိစေတယ်။ ကျွန်တော် ကွင်းလယ်ခံစစ်လည်း ကစားနိုင်ပါတယ်။ ဒါပေမယ့် ကစားခွင့် ရနေခြင်းကပဲ ကျွန်တော့်အတွက် ပျော်ရွှင်မှုတွေ ပေးနိုင်တာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ပေါ့ဘာဟာ ဂျုဗင်တပ်စ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုပြီး ကျောနံပါတ်(၁၀)ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

Exit mobile version