ကဲ ယခုတပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေရဲ့ ပွဲကြို ခန့်မှန်း သုံးသပ်ချက်တွေကို တင်ဆက်ပေးရမယ့် အချိန်အခါကောင်း တခုကို ကျရောက်လာပြန်ပါပြီ။ ခါတိုင်းမှာ အိုဝင်ရဲ့ ခန့်မှန်းချက်တွေကိုပဲ တင်ဆက်ပေးခဲ့လို့ ဒီတခါမှာတော့ အပြောင်းအလဲလေး တခု ဖြစ်သွားအောင် အာဆင်နယ် ဂန္တဝင် ကစားသမားဟောင်းကြီး ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်တွေကို ပြောင်းလဲ တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit: Sky Sports

လက်စတာနဲ့ အာဆင်နယ် (စနေနေ့ည ၆နာရီ)

အာဆင်နယ်အသင်းက သူတို့ရဲ့ တိုးတက်မှုကို ပြသထားနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ သူတို့က ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အာဆင်နယ်အသင်းက အနိုင်ယူဖို့ ခက်ခဲတဲ့ အသင်းတသင်း ဖြစ်နေပါပြီ။ သူတို့က ကစားပုံ မကောင်းရင်တောင် ရမှတ်တွေ ဘယ်လိုရအောင် ယူရမလဲ ဆိုတာကို ကောင်းကောင်း သိပါတယ်။ ဗီလာအသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ ခြေစွမ်းက အတော်လေးကို ကောင်းခဲ့ပါတယ်။ ဒီရာသီရဲ့ အကောင်းဆုံး ခြေစွမ်းလို့တောင် သုံးသပ်မိပါတယ်။

လက်စတာ စီးတီးအသင်း ကတော့ ပြီးခဲ့တဲ့တပတ် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ အတော်လေး ကံကောင်းပြီး နိုင်သွားခဲ့တာပါ။ ဘရန်ဒန် ရော်ဂျာက အသင်းကောင်း တသင်းကို တည်ဆောက်ထားနိုင်ပါတယ်။ ဒါကိုလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ မြင်ခဲ့ပြီးပါပြီ။ အာဆင်နယ်အသင်း ကတော့ အရေးကြီးတဲ့ ပွဲတွေမှာ အနိုင်ရအောင် ဘယ်လို ကြိုးစားရမလဲ ဆိုတာကို သင်ယူဖို့ လိုအပ်ပါသေးတယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ သရေတမှတ် ရလိုက်ရင်ကိုပဲ အမြောက်တပ်သားတွေ အတွက် သင့်တော်နေပါပြီ။

ခန့်မှန်းရလဒ် – လက်စတာ ၁-၁ အာဆင်နယ်

Photo Credit: Sky Sports

စပါးနဲ့ မန်ယူ (စနေနေ့ည ၁၁နာရီ)

မန်ယူအသင်းက ဒီလို ပွဲကြီးပွဲကောင်းတွေ ဆိုရင် ရလဒ်ကောင်းတွေ ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိတဲ့ အသင်းတသင်းပါ။ ဒါပေမယ့် တကယ်လို့သာ သူတို့က စပါးအသင်းကို ရှုံးနိမ့်ပြီး ဆိုးလ်ရှားကို ရာထူးမှာ ဆက်ခန့်ထားရင် ဘယ်လိုလုပ်မလဲ။ အဲ့လိုသာ ဆိုရင် သူတို့ရဲ့ အခြေအနေက အတော်လေး ဆိုးသွားပါလိမ့်မယ်။ အခုက နိုဝင်ဘာလကို ရောက်နေပါပြီ။

ရိုနယ်ဒိုအနေနဲ့ သွင်းဂိုးတွေ သွင်းယူဖို့ ခက်ခဲနေတဲ့ အပေါ် ကျွန်တော့်ဘက်က အပြစ်တော့ မမြင်ပါဘူး။ ဒါက သူ့ရဲ့အမှားလို့လည်း မထင်ဘူး။ ရိုနယ်ဒိုက ဘောလုံးကိုင်ပြီး ကစားနိုင်တော့တဲ့ ရိုနယ်ဒို မဟုတ်တော့ပါဘူး။ ကျွန်တော်သာ သူ့ကို ပွဲထွက် လူစာရင်းမှာ ဆက်ပြီး ထည့်ထားချင်သေးရင် အထောင်နေရာထက် တခြားနေရာ တခုဆီကို ပြောင်းရွှေ့ ကစားဖို့ ဆုံးဖြတ်မှာပါ။ ကာဗာနီနဲ့ ဂရင်းဝုဒ်လို ကစားသမားတွေကို သူ့ရဲ့ဘေးနားမှာ ရံလိုက်မယ်။ ဘောလုံးရရင် သူ့ကို ပေးပြီး သူ့အတွက် နေရာလွတ်တွေ ရှာပေးဖို့ပေါ့။

ဒီပွဲက မန်ယူအသင်း အတွက် မဖြစ်မနေ အနိုင်ယူရမယ့် ပွဲတပွဲပါ။ အခုချိန်မှာ သူတို့အသင်းက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲနေပေမယ့် ဒီပွဲမှာတော့ မန်ယူအသင်းက အနိုင်ရသွားလိမ့်မယ်လို့ ကျွန်တော် ခံစားနေရပါတယ်။ မန်ယူအသင်းက အတ္တလန်တာအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အနိုင်ယူခဲ့ပြီးပါပြီ။ ဒါကြောင့် ဒီနေ့ပွဲမှာလည်း သူတို့ပဲ နိုင်သွားမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – စပါး ၁-၂ မန်ယူ

Photo Credit: Sky Sports

အခြားပွဲများအတွက် ခန့်မှန်းရလဒ်များ

ဝက်ဖို့ဒ် ၂-၁ ဆောက်သမ်တန်
လီဗာပူး ၃-၁ ဘရိုက်တန်
နယူးကာဆယ် ၀-၃ ချယ်လ်ဆီး
မန်စီးတီး ၃-၁ ပဲလေ့စ်
ဘန်လေ ၂-၁ ဘရန့်ဖို့ဒ်
နောဝှစ်ချ် ၁-၀ လိဒ်
ဗီလာ ၁-၂ ဝက်စ်ဟမ်း
ဝုဗ် ၂-၁ အဲဗာတန်