ပေါလ် မာဆွန်ကတော့ လီဗာပူးလ်အသင်းဟာ နှစ် (၃၀) အတွင်း ပရီးမီးယားလိဂ် ဆုဖလားကို မရဖူးတာကြောင့် ပရီးမီးယားလိဂ် ဆုဖလားကို လိုချင်နေပြီး မန်စီးတီးအသင်း ဖြစ်နေမယ်ဆိုရင် ဘယ်သူကမှ ပရီးမီးယားလိဂ် ဆုဖလားကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာက မန်စီးတီးအသင်းကို ရမှတ် (၂၅) မှတ် ဖြတ်ပြီး အဆင့် (၁) နေရာကနေ ဦးဆောင်နေပေမဲ့လည်း ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့အတွက် နောက်ထပ် ရမှတ် (၆) မှတ်အထိ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

Photo Credit: Skysports

ပေါလ် မာဆွန်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ပရီးမီးယားလိဂ် ဆုဖလား ရရှိမယ် ဆိုတာ သေချာနေပေမဲ့လည်း ရမှတ် (၆) မှတ် လိုအပ်နေသေးတာကြောင့် လက်ရှိ အချိန်မှာ ဆုဖလား ပေးလိုက်မယ် ဆိုရင် အလွန် ရှက်စရာ ဖြစ်မယ်လို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ပေါလ် မာဆွန်က မန်စီးတီးအသင်းကသာ လီဗာပူးလ်အသင်း ဖြစ်မယ်ဆိုရင် ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပြီးသား ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ဆုဖလား အကြောင်းကို ဘယ်သူကမှ ပြောမှာ မဟုတ်ဘူးလို့ ဝေဖန်ခဲ့ပြီး မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို (၂) နှစ်ဆက် ရရှိခဲ့ပါတယ်။

Photo Credit: Skysports

ပေါလ် မာဆွန်က “လီဗာပူးလ်အသင်းအတွက် တကယ် ခံစားရပါတယ်။ နှစ် (၃၀) ကြာအထိကို စောင့်ခဲ့ရပါတယ်။ တကယ်လို့ မန်စီးတီးအသင်းကသာ (၂၅) မှတ် ဖြတ်မယ်ဆိုရင် ဘယ်သူကမှ ဖလားကို ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့က ဖလားကို ရရှိခဲ့ပြီးပြီ ဖြစ်လို့ပါ။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ဆုဖလားကို နှစ် (၃၀) ကြာ မရခဲ့ပါဘူး။ ဒါဟာ ရုပ်ရှင်နဲ့ တူနေပါတယ်။ ကျွန်တော် လီဗာပူးလ်အသင်းအတွက် တကယ် ခံစားရပါတယ်။ တကယ်လို့များ အခုအချိန်မှာ သူတို့ကို ဆုဖလား ပေးမယ် ဆိုရင်တောင် သူတို့ နည်းစနစ်ကျကျ မရသေးပါဘူး။ သူတို့ ရမယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကို ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒါပေမဲ့ အခုက ရမှတ်လိုနေသေးလို့ ရှက်စရာပါပဲ။ ရှက်ဖို့ ကောင်းပါတယ်”လို့ ပြောသွားပါတယ်။