မန်ချက်စတာ ယူနိုက်တက်အသင်းနည်းပြ ရူဘင် အမော်ရင်ဟာ သူ့ရဲ့ အကြိုက်ဆုံး နောက်ခံလူ သုံးယောက်နဲ့ ကစားတဲ့ နည်းဗျူဟာကို ပြောင်းလဲဖို့ လိုအပ်နေပြီး ဒါမှသာ ရုန်းကန်နေရတဲ့ ကစားသမားတွေကို ကူညီပေးနိုင်မှာ ဖြစ်ကြောင်း Sky Sports ရဲ့ ပေါလ် မာဆန်က မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

“ရူဘင် အမော်ရင်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ပြဿနာပါ။ နောက်ခံလူ သုံးယောက်နဲ့ ကစားတဲ့ ဗျူဟာဟာ သူစီစဉ်ထားတဲ့အတိုင်း အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် ပြောင်းလဲလိုက်ပါ။ သူဟာ ကစားသမားတွေကို ကူညီနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ နည်းပြဘဝ တစ်လျှောက်လုံး ဒါမှမဟုတ် အများစုမှာ ကစားခဲ့တဲ့ ပုံစံအတိုင်း ဆက်လက် ထိန်းသိမ်းထားခြင်းနဲ့ပဲ သူ့ကိုယ်သူ ကူညီနေတာပါ။ ထိပ်တန်း နည်းပြတွေဟာ ပြောင်းလွယ်ပြင်လွယ် ရှိပါတယ်။”

Photo Credit : Sky Sports

“သူတို့က မင်းသိလား။ငါ ဒီလိုကစားချင်တာ မဟုတ်ဘူး။ ဒါပေမယ့် ကစားသမားတွေရဲ့ အားသာချက်တွေအတိုင်း ကစားရမယ်။ ရာသီကုန်မှာ ငါ့ကစားသမားတွေကို ခေါ်ယူနိုင်တဲ့အခါ ငါ ကစားချင်တဲ့ပုံစံအတိုင်း ပြန်ကစားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူတို့က ကွဲပြားတဲ့ ပုံစံနဲ့ ကစားဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ရီးယဲလ် ဆိုစီဒက်ကို ဒီလိုကစားမှသာ အနိုင်ရမှာ မဟုတ်လို့ပါ။” လို့ မာဆန်က ပြောပါတယ်။

ဒါ့အပြင် မာဆန်က ယူနိုက်တက်ဟာ အမော်ရင်ကို ထုတ်ပယ်မှာ မဟုတ်ဘူးလို့ ထင်ကြောင်းကိုလည်း “သူတို့မှာ အစကနေ ပြန်စဖို့ ပိုက်ဆံ မရှိပါဘူး။ သူတို့ ဒီလူနဲ့ပဲ သွားရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ စိုးရိမ်မှုက ကျွန်တော်တို့ အားလုံး သိတဲ့အတိုင်း သူတို့က နောက်ခံလူ သုံးယောက်နဲ့ ကစားလို့ မရပါဘူး။”

Photo Credit : United in Focus

“သူတို့ အားလုံး နေရာလွတ်တွေ ပေးနေတာကို ကျွန်တော်တို့ သိပါတယ်။ သူတို့မှာ ကွင်းလယ်မှာ လျင်မြန်တဲ့ ခြေထောက်တွေ မရှိပါဘူး။ ဒါကြောင့် ပြောင်းလဲလိုက်ပါ။ သူက ဒီကစားသမားတွေကို ရှုံးနိမ့်ဖို့ ဆက်လက် စေလွှတ်နေသလို ဖြစ်နေတယ်။ လက်ရှိအချိန်မှာ အဲဒါက အပတ်တိုင်း ဖြစ်ပျက်နေတာပါ။” လို့ မာဆန်လ်က ပြောပါတယ်။

“ဒီ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ်ကို ရယူနိုင်မှာ မဟုတ်ပါဘူး။ သူတို့က နောက်ထပ် ကစားသမား (၅)ယောက် ဒါမှမဟုတ် (၆)ယောက်လောက် လိုအပ်ပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ အားသာချက်တွေအတိုင်း ကစားပြီး ဒီရာသီကို ဖြတ်ကျော်လိုက်ပါ။ ပြီးရင် သလိုအပ်တဲ့ ကစားသမားတွေကို သွားခေါ်ယူပါ။” လို့ မာဆန်က အကြံပြုလိုက်ပါတယ်။