အာဆင်နယ် နဲ့ အင်္ဂလန် ကစားသမားဟောင်းကြီး လက်ရှိမှာ ဘောလုံး သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန်က မနက်ဖြန်ညမှာ ကစားသွားမယ့် နယူးကာဆယ် နဲ့ ချယ်လ်ဆီးပွဲစဉ်က သရေပွဲတစ်ပွဲအဖြစ်သာ အဆုံးသတ်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

နိုင်ငံတကာ ရက်သတ္တပတ်တွေ ပြီးဆုံးသွားလို့ ကလပ်အသင်းပွဲစဉ်တွေ ပြန်လည် ကစားတော့မယ့် စနေနေ့မှာပဲ ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းတွေကို ဆီးကြိုလို့နေပြီး ဒီထဲမှာ နယူးကာဆယ် နဲ့ ချယ်လ်ဆီးတို့ ပွဲစဉ်လည်း ပါဝင်နေပါတယ်။

Photo Credit : Sky Sports

နယူးကာဆယ်က ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေအတွင်း ဒေါ့မွန် လီဗာပူးလ် (၂)သင်းတည်းကိုသာ ရှုံးနိမ့်ထားခဲ့ပြီး ပီအက်စ်ဂျီ မန်စီးတီး နဲ့ အာဆင်နယ်တို့ကို အနိုင်ယူထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် အိမ်ကွင်း (၆)ပွဲ ကစားထားပြီးချိန်မှာလည်း လီဗာပူးလ် တစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းကတော့ ဒီနောက်ပိုင်းမှာ ပုံစံကောင်း ပြန်လည် ပြသလို့နေပြီး မန်စီးတီးကိုတောင် သရေကစားထားနိုင်ပါတယ်။ ဒါ့အပြင် အဝေးကွင်း (၃)ပွဲဆက်တိုက် နိုင်ပွဲရထားခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အဝေးကွင်း ရလဒ်အကောင်းဆုံး အဆင့် (၃)နေရာမှာပါ ရှိနေပါတယ်။

Photo Credit : Brimingham Live

ဒီပွဲစဉ်မှာ အိမ်ရှင် နယူးကာဆယ်ဘက်က ဒဏ်ရာရ ကစားသမား အရေအတွက် များပြားနေရတဲ့အပြင် ဒီပွဲပြီးတာနဲ့ ပဲရစ်မှာ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ပွဲကျပ် ကစားရဖို့လည်း ရှိနေသေးတာကြောင့် နယူးကာဆယ်အတွက် အနည်းငယ် ခေါင်းခဲစေနိုင်ပါတယ်။

ဒါပေမယ့် ပေါလ်မာဆန်ကတော့ နယူးကာဆယ်ဟာ သူတို့ရဲ့ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ဘယ်အသင်းကို အခက်တွေ့အောင် ကစားနိုင်တာမို့ ဧည့်သည် ချယ်လ်ဆီးအသင်းလည်း နယူးကာဆယ်ဆီက သရေတစ်မှတ်သာ ရယူနိုင်လိမ့်မယ်လို့ သုံးသပ် ခန့်မှန်းလိုက်ပါတယ်။