MySport Myanmar

စီးတီးတို့ ချန်ပီယံလိဂ်မှာ ထပ်မံ ကျရှုံးခဲ့ရင် ဆင်ခြေပေးလို့ မရတော့နိုင်တော့ဘူးလို့ အီဗရာ ပြောဆို

မန်ချက်စတာစီးတီးအသင်းက ဒီရာသီမှာ တကယ့် ဒိတ်ဒိတ်ကြဲ ကစားသမားဖြစ်သူ တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူအားဖြည့်နိုင်ခဲ့ပြီးတဲ့နောက် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာ ထပ်မံ ကျရှုံးခဲ့ဦးမယ်ဆိုရင်တော့ ဆင်ခြေပေးလို့ ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပြင်သစ်ကစားသမားဟောင်းကြီး ပက်ထရစ်အီဗရာက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတိုင်းလိုလိုမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာဆိုရင်လည်း ဗိုလ်လုပွဲအဆင့်ထိ ရောက်ရှိခဲ့ရပေမယ့် အခုချိန်အထိတော့ ဥရောပ အောင်မြင်မှုနဲ့ အလှမ်းဝမ်းနေဆဲ ဖြစ်နေပါတယ်။ ဒီလို အချိန်မှာ အသင်းရဲ့ အဓိက လိုအပ်နေတဲ့ နေရာဖြစ်သော တိုက်စစ်ပိုင်းအတွက် နော်ဝတိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်လို့ ဒီတစ်ကြိမ်မှာ ဟာလန်းနဲ့ ကစားသမားတွေအားလုံးပေါင်းပြီး ချန်ပီယံလိဂ်ကို ရယူသွားဖို့ အချိန်တန်ပြီလို့ စီးတီးရဲ့ မြို့ခံပြိုဲင်ဘက် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်းကြီး အီဗာရာက ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

အီဗရာက “ဟာလန်းက monster တစ်ကောင်လိုပဲ။ သူက သူရဲ့ ရုပ်ပိုင်းဆိုင်ရာကို အသုံးပြုပြီး တိုက်စစ်မှာ လူသတ်သမားတစ်ယောက်လို ထက်ထက်မြက်မြက်နဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်နိုင်တယ်။ အရပ်ရှည်ပြီး သန်သန်မာမာနဲ့ကို sharp ဖြစ်တယ်။ ကြောင်တစ်ကောင်လိုလည်း လျင်မြန်တယ်။ သူက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ထားတယ်။ အဲ့ဒါကြောင့်ပဲ သူက သူတို့ရဲ့ နံပါတ်(၉) တိုက်စစ်မှူး ဖြစ်လာခဲ့ရတယ်။ တကယ့်ကို အထောင်တိုက်စစ် စစ်စစ်ပါ။ စီးတီးတို့က တိုက်စစ်မှူးစစ်စစ် မပါပဲနဲ့ ပြည်တွင်း အမှတ်ပေးလိဂ်ဖလားကို ရယူခဲ့တယ်။ ချန်ပီယံလိဂ်မှာတော့ သူတို့တွေ ရုန်းကန်ခဲ့ရတယ်။ အခုတော့ သူတို့မှာ ဆင်ခြင်ပေးလို့ မရနိုင်တော့သလို ခံစားမိတယ်။ ချယ်လ်ဆီးနဲ့ ကစားခဲ့ရတဲ့ ဖိုင်နယ်ပွဲစဉ်မှာ သူတို့ရှုံးနိမ့်ခဲ့တုန်းကတော့ ဂွာဒီယိုလာက တိုက်စစ်မှူး မပါပဲ ကစားဖို့ ဆုံးဖြတ်ခဲ့တယ်။ အခုတော့ ဒီလိုမျိုး ထပ်မဖြစ်တော့ပါဘူး” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာလည်း မန်စီးတီးအသင်းဟာ ဒေါ့မွန် ဆီဗီလာ ကိုပင်ဟေဂင်တို့နဲ့ ချန်ပီယံလိဂ်မှာ တစ်အုပ်စုတည်း ကျရောက်လို့နေပြီး ဟာလန်းရဲ့ဂိုးတွေနဲ့ ဒေါ့မွန် ဆီဗီလာတို့ကို အနိုင်ရထားခဲ့တဲ့အပြင် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကိုလည်း ဆက်လက် အနိုင်ယူပြီး (၁၆)သင်း ရှုံးထွက်အဆင့်ကို အုပ်စုပထမမနေရာနဲ့ တတ်ရောက်နိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရပါတယ်။

Exit mobile version