ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ အသစ်စက်စက် ကစားသမား ဖြစ်တဲ့ ဂါနာလက်ရွေးစင် ပါတေးရဲ့ ဖခင်ဖြစ်သူ ကတော့ သူ့ရဲ့ သားဖြစ်သူဟာ အာဆင်နယ်အသင်းကို ချန်ပီယံလိဂ် ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်သူ ဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ အသက် ၂ရနှစ် အရွယ် ကွင်းလယ်ခံစစ် ကစားသမား စပိန်လာလီဂါ ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ အာဆင်နယ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၄၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ တစ်ဦးဖြစ်ပြီး အာဆင်နယ်အသင်းဟာ ပါတေးကို ၅နှစ်သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Sky Sports

ပါတေးဟာ ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမားတွေထဲက တစ်ဦးဖြစ်တာကြောင့် အာဆင်နယ်အသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ တောက်ပနိုင်မယ့် ကစားသမားအဖြစ် အားလုံးက သတ်မှတ်ထားကြသလို ပါတေးကို ခေါ်ယူနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိလိမ့်မယ် လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပါတယ်။ ပါတေးရဲ့ ဖခင်ဖြစ်သူ ဂျာကော့ဘ် ကတော့ ပါတေးဟာ အက်သလက်တီကို အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးထားနိုင်တာကြောင့် အာဆင်နယ်အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီပေးနိုင်မှာ ဖြစ်ကြောင်း ပရိသတ်တွေကို ကတိ ပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ပါတေးကြောင့် အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမယ့် အကြောင်းကို ဂျာကော့ဘ်က “ ချန်ပီယံလိဂ် ပြိုင်ပွဲကြောင့် အာဆင်နယ်အသင်းကို ပြောင်းရွှေ့တဲ့အတွက် ပါတေးက ဝေဖန်ခံနေရပေမယ့် ပါတေးဟာ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့အတူ နှစ်ပေါင်းများစွာ ပြုလုပ်နိုင်ခဲ့တဲ့အတိုင်း အာဆင်နယ် အသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီပေးပါလိမ့်မယ်။ ကျွန်တော်ကတော့ သူ့အနေနဲ့ ချန်ပီယံလိဂ်မှာ မကစားရတဲ့ အတွက် စိတ်မပျက်မိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အခုချိန်မှာ သူက အသင်းသစ် အတွက် အလုပ်ကြိုးစားနေလို့ပါပဲ။ ကျွန်တော်ကတော့ သူနဲ့ သူ့ရဲ့ အသင်းဟာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့် ရမယ်လို့ ယုံကြည်ထားပါတယ် “ ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။