မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ေပါလ္ပါကားကေတာ့ ခရစၥတယ္ပဲေလ့စ္အသင္းကေန ေျပာင္းေရႊ႕ေၾကး ေပါင္၅၀သန္းနဲ႔ ယူႏိုက္တက္တို႔ေခၚယူထားတဲ့ ဘစ္စကာဟာ လီဗာပူးလ္အသင္းရဲ႕ေနာက္ခံလူ အာႏိုးလ္ထက္ ညာေနာက္ခံေနရာမွာ ပိုမိုေကာင္းမြန္တဲ့ကစားသမားျဖစ္ေၾကာင္း ေထာက္ျပသြားခဲ့ပါတယ္။ ဘစ္စကာဟာ ယခုတစ္ပတ္ ယူႏိုက္တက္အသင္းနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ ပြဲစဥ္မွာ ယူႏိုက္တက္ပရိသတ္ေတြ သေဘာက်ေလာက္တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီး ေပ်ာက္ဆံုးေနတဲ့ဂယ္ရီနဗီးလ္ကို ျပန္လည္ရ႐ွိခဲ့ၿပီလို႔ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ခ်ီးက်ဴးမႈေတြကို ခံခဲ့ရသူလည္း ျဖစ္ပါတယ္။

Photo Credit: Express.com

ဘစ္စကာဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီကမွ ခရစၥတယ္ပဲေလ့စ္အသင္းနဲ႔အတူ ေတာက္ပခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းက သူ႔ကုိ ေျပာင္းေရႊ႕ေၾကး ေပါင္၅၀သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ေခၚယူခဲ့စဥ္မွာေတာ့ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ေဝဖန္မႈေတြကို လိႈင္လိႈင္ႀကီးခံစားခဲ့ရတ့ဲသူပါ။ ဒါေပမယ့္ ယူႏိုက္တက္ပရိသတ္ေတြရဲ႕ ဘစ္စကာအေပၚကို အျမင္မၾကည္မႈေတြဟာ ေျခစမ္းပြဲတစ္ပြဲအၿပီးမွာပဲ ေပ်ာက္ဆံုးသြားခဲ့ကာ ဘစ္စကာကိုလည္း အသင္းရဲ႕ညာေနာက္ခံလူေနရာမွာ အေကာင္းဆံုးအသံုးေတာ္ခံႏိုင္မယ့္သူအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။

Photo Credit: Express.com

ဘစ္စကာရဲ႕ေတာက္ပလာမႈေတြဟာ လက္႐ွိအဂၤလန္မီဒီယာေတြၾကားထဲမွာေတာ့ လီဗာပူးလ္အသင္းရဲ႕လူငယ္ညာေနာက္ခံကစားသမား အာႏိုးလ္နဲ႔ႏိႈင္းယွဥ္စရာေတြ ျဖစ္လာေစခဲ့ပါတယ္။ အာႏိုးလ္ဟာ လက္႐ွိ အဂၤလန္အသင္းရဲ႕လူငယ္မ်ိဳးဆက္မွာ အေကာင္းဆံုးကစားသမားတစ္ဦးအျဖစ္ သတ္မွတ္ခံထားရသူျဖစ္ၿပီး ၿပီးခဲ့တဲ့ေဘာလံုးရာသီမွာလည္း လီဗာပူးလ္အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလားကို ဆြတ္ခူးထားႏိုင္သူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူေဟာင္း ပါကားကေတာ့ ဘစ္စကာဟာ ခံစစ္ပိုင္းမွာဆိုရင္ အာႏိုးလ္ထက္ပိုမိုေကာင္းမြန္တယ္လို႔ ေထာက္ျပသြားခဲ့ပါတယ္။

Photo Credit: Express.com

ဘစ္စကာဟာ အာႏိုးလ္ထက္ပိုမိုေကာင္းမြန္ေၾကာင္း ပါကားက ” ဒီအေၾကာင္းအရာကို ကြၽန္ေတာ္အႀကိမ္မ်ားစြာ ေျပာခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္ဟာ ၿပီးခဲ့တဲ့ေဘာလံုးရာသီမွာ သူ႔ကိုေစာင့္ၾကည့္ခ့ဲဖူးၿပီး သူဘာေတြလုပ္ႏိုင္လဲဆိုတာကို ေကာင္းေကာင္းသိပါတယ္။ လူေတြကေတာ့ အာႏိုးလ္ဟာ လီဗာပူးလ္အသင္းမွာ ဘာေတြစြမ္းေဆာင္ျပႏိုင္ခဲ့လဲဆိုတာကို ေျပာၾကပါတယ္။ ဒါေပမယ့္ အာႏိုးလ္ဟာ ဘစ္စကာလိုဖ်က္ထုတ္မႈေတြကို မလုပ္ေဆာင္ႏိုင္ပါဘူး။ ဘစ္စကာဟာ ခံစစ္ပိုင္းကာကြယ္ႏိုင္မႈေတြ ၊ ေနရာယူမႈေတြမွာ အရမ္းကိုေကာင္းမြန္တဲ့ကစားသမားပါ။ သူဟာ ခံစစ္ပိုင္းကိုကာကြယ္ခ်င္သူျဖစ္ၿပီး ေဘာလံုးဖ်က္ထုတ္မႈတိုင္းကိုလည္း ေကာင္းေကာင္းမြန္မြန္လုပ္ျပႏိုင္သူပါ ” လို႔ ေထာက္ျပသြားခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ပေါလ်ပါကားကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းနဲ့ ယူနိုက်တက်တို့ခေါ်ယူထားတဲ့ ဘစ်စကာဟာ လီဗာပူးလ်အသင်းရဲ့နောက်ခံလူ အာနိုးလ်ထက် ညာနောက်ခံနေရာမှာ ပိုမိုကောင်းမွန်တဲ့ကစားသမားဖြစ်ကြောင်း ထောက်ပြသွားခဲ့ပါတယ်။ ဘစ်စကာဟာ ယခုတစ်ပတ် ယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ ယူနိုက်တက်ပရိသတ်တွေ သဘောကျလောက်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ပျောက်ဆုံးနေတဲ့ဂယ်ရီနဗီးလ်ကို ပြန်လည်ရရှိခဲ့ပြီလို့ ယူနိုက်တက်ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

ဘစ်စကာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီကမှ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့အတူ တောက်ပခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းက သူ့ကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ခေါ်ယူခဲ့စဉ်မှာတော့ ယူနိုက်တက်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို လှိုင်လှိုင်ကြီးခံစားခဲ့ရတဲ့သူပါ။ ဒါပေမယ့် ယူနိုက်တက်ပရိသတ်တွေရဲ့ ဘစ်စကာအပေါ်ကို အမြင်မကြည်မှုတွေဟာ ခြေစမ်းပွဲတစ်ပွဲအပြီးမှာပဲ ပျောက်ဆုံးသွားခဲ့ကာ ဘစ်စကာကိုလည်း အသင်းရဲ့ညာနောက်ခံလူနေရာမှာ အကောင်းဆုံးအသုံးတော်ခံနိုင်မယ့်သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

Photo Credit: Express.com

ဘစ်စကာရဲ့တောက်ပလာမှုတွေဟာ လက်ရှိအင်္ဂလန်မီဒီယာတွေကြားထဲမှာတော့ လီဗာပူးလ်အသင်းရဲ့လူငယ်ညာနောက်ခံကစားသမား အာနိုးလ်နဲ့နှိုင်းယှဉ်စရာတွေ ဖြစ်လာစေခဲ့ပါတယ်။ အာနိုးလ်ဟာ လက်ရှိ အင်္ဂလန်အသင်းရဲ့လူငယ်မျိုးဆက်မှာ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးထားနိုင်သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ပါကားကတော့ ဘစ်စကာဟာ ခံစစ်ပိုင်းမှာဆိုရင် အာနိုးလ်ထက်ပိုမိုကောင်းမွန်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။

Photo Credit: Express.com

ဘစ်စကာဟာ အာနိုးလ်ထက်ပိုမိုကောင်းမွန်ကြောင်း ပါကားက ” ဒီအကြောင်းအရာကို ကျွန်တော်အကြိမ်များစွာ ပြောခဲ့ပြီးပါပြီ။ ကျွန်တော်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူ့ကိုစောင့်ကြည့်ခဲ့ဖူးပြီး သူဘာတွေလုပ်နိုင်လဲဆိုတာကို ကောင်းကောင်းသိပါတယ်။ လူတွေကတော့ အာနိုးလ်ဟာ လီဗာပူးလ်အသင်းမှာ ဘာတွေစွမ်းဆောင်ပြနိုင်ခဲ့လဲဆိုတာကို ပြောကြပါတယ်။ ဒါပေမယ့် အာနိုးလ်ဟာ ဘစ်စကာလိုဖျက်ထုတ်မှုတွေကို မလုပ်ဆောင်နိုင်ပါဘူး။ ဘစ်စကာဟာ ခံစစ်ပိုင်းကာကွယ်နိုင်မှုတွေ ၊ နေရာယူမှုတွေမှာ အရမ်းကိုကောင်းမွန်တဲ့ကစားသမားပါ။ သူဟာ ခံစစ်ပိုင်းကိုကာကွယ်ချင်သူဖြစ်ပြီး ဘောလုံးဖျက်ထုတ်မှုတိုင်းကိုလည်း ကောင်းကောင်းမွန်မွန်လုပ်ပြနိုင်သူပါ ” လို့ ထောက်ပြသွားခဲ့တာပါ။