မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမားဟောင်း ပက်ဂျီဆန်ကတော့ ကစားသမားဘဝမှာ ဝမ်းနည်းဆုံးရဆုံး အချိန်ကို ပြောပြခဲ့ပြီး (၂၀၀၈) ခုနှစ်က ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တာက ဝမ်းနည်းရဆုံး အချိန်ပါလို့ ပြောခဲ့ပါတယ်။ တောင်ကိုးရီးမီးယား လက်ရွေးစင် ကစားသမားဟောင်း ပက်ဂျီဆန်ဟာ (၂၀၀၇-၀၈) ခုနှစ် ရာသီမှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် မန်ယူအသင်းအတွက် ပွဲစဉ်အနည်းသာ ကစားခဲ့ရပြီး ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အားလုံးကို ဒဏ်ရာကြောင့် မကစားနိုင်ခဲ့ဘဲ လွဲချော်ခဲ့ရပါတယ်။

Photo Credit: MEN

ပက်ဂျီဆန်ဟာ ဒဏ်ရာကြောင့် (၂၀၀၇-၀၈) ခုနှစ်က ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ အားလုံး လွဲချော်ခဲ့ရပေမဲ့လည်း ပြန်လည် သက်သာလာခဲ့တာကြောင့် ရိုးမားအသင်းကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ် နဲ့ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တဲ့ ဆီးမီးဖိုင်နယ်ကို ကစားခဲ့ရပါတယ်။ ကွင်းလယ် ကစားသမားဟောင်း ပက်ဂျီဆန်က ဒဏ်ရာက သက်သာလာပြီ ဖြစ်ပေမယ့် ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ မပါဝင်နိုင်ခဲ့တာက ဝမ်းနည်းဆုံးရ အချိန် ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပြီး မန်ယူအသင်းက ချဲလ်ဆီးအသင်းကို အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

Photo Credit: MEN

Utd Unscripted မှာ ပက်ဂျီဆန်က “ကျွန်တော်တို့အသင်းက ပရီးမီးယားလိဂ် ဖလားတွေ အကြိမ်များစွာ ရရှိခဲ့ပြီး ဗိုလ်လုပွဲစဉ်တွေကိုလည်း အကြိမ်များစွာ ရောက်ရှိနိုင်ခဲ့ကြပါတယ်။ ကျွန်တော် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ချဲလ်ဆီးအသင်းနဲ့ ကစားရမယ့် ချန်ပီယံ လိဂ် ဗိုလ်လုပွဲစဉ်မှာ မပါဝင်နိုင်ဘူး ဆိုတာကို သိရတဲ့ အချိန်ကတော့ ကျွန်တော့်ရဲ့ ဘဝမှာ ဝမ်းနည်းရဆုံး အချိန်ပါပဲ။ အရာအားလုံး အဆင်ပြေနေခဲ့ပေမယ့်လည်း ကျွန်တော် အီဗရာ နဲ့ တီဗစ်ကို အထူးသဖြင့် သတိရတယ်။ သူတို့က ကျွန်တော့်ကို အများကြီး နှစ်သိမ့်ခဲ့တယ်။ ကျွန်တော် ဝမ်းနည်းနေခဲ့တယ် ဆိုပေမယ့်လည်း သူတို့က ကျွန်တော့်ကို ပွေ့ဖက်ကြတယ်။ သူတို့တွေ ကျွန်တော့်အတွက် ဘယ်လောက်ထိ စိတ်မကောင်း ဖြစ်လဲ ဆိုတာ နဲ့ ဘယ်လို ခံစားခံ့စားခဲ့ကြသလဲ ဆိုတာကို သူတို့ရဲ့ မျက်နှာမှာ ကျွန်တော် မြင်ခဲ့ရပါတယ်”လို့ အခိုင်အမာ ပြောကြားသွားတာ ဖြစ်ပါတယ်။