မန်ယူ ကွင်းလယ် ကစားသမားဟောင်း ပက်ဂျီဆန် နဲ့ စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်တို့ဟာ တောင်ကိုးရိုးယားနိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံရသူတွေအတွက် မြန်မာငွေ ကျပ် သိန်း (၁) ထောင်စီ၊ နှစ်ပေါင်း ကျပ် သိန်း (၂) ထောင်ကျော် လှူသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဆွန်ဟောင်မင် နဲ့ ပက်ဂျီဆန်တို့ဟာ အာရှဂုဏ်ဆောင် တောင်ကိုးရီးယားနိုင်ငံသားတွေ ဖြစ်ပြီး ပက်ဂျီဆန်ဟာ နည်းပြ ဖာဂူဆန်ရဲ့ မန်ယူအသင်းမှာ လွန်ခဲ့တဲ့ (၂၀၀၅) ခုနှစ်ကနေ (၂၀၁၂) ခုနှစ်အထိ ကစားခဲ့ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၀၅) ပွဲ ကစားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ပက်ဂျီဆန် နဲ့ ဆွန်ဟောင်မင်တို့ဟာ တာင်ကိုးရီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ကူးစက်ခံနေရသူတွေအတွက် ပေါင် (၆၅,၀၀၀) စီ လှူခဲ့ကြပြီး၊ မြန်မာငွေနဲ့ တွက်မယ် ဆိုရင် ကျပ် (၁၁၂,၅၁၀,၁၅၁)၊ ကျပ် သိန်း (၁) ထောင်ကျော်စီကို လှူသွားခဲ့ကြတာ ဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ တောင်ကိုးရီးယားနိုင်ငံဟာ လက်ရှိမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားမှု မြင့်တက်နေပြီး တောင်ကိုးရီးယားနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်ပွားသူ (၇,၃၀၀) နဲ့ သေဆုံးသူ (၅၀) ကျော် ရှိနေပြီး ဖြစ်တယ်လို့ အတည်ပြုထားတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ပရီးမီးယားလိဂ်မှာ အကျော်ကြားဆုံး အာရှ ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဆွန်ဟောင်မင် နဲ့ ပက်ဂျီဆန်တို့ဟာ သူတို့ရဲ့ မိခင်နိုင်ငံ၊ တောင်ကိုးရီးယားနိုင်ငံက ကိုရိုနာ ဗိုင်းရပ် ရောဂါကို ခံစားနေရတဲ့ သူတွေကို ကုသနိုင်ဖို့အတွက် ငွေကြေး အလှူ ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မန်ယူ ကစားသမားဟောင်း ပက်ဂျီဆန်ဟာ “Childfund Korea” အဖွဲ့အစည်းကို လှူဒါန်းပြီး ဆွန်ဟောင်မင်ကတော့ “Good Neighbours” အဖွဲ့အစည်းကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ စပါး တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ လက်မောင်း ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပြီး သူ့ရဲ့ စပါးအသင်းဟာ မနေ့ညက ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းကို (၃-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။