ကိုရိုနာဗိုင်းရပ်စ်ရဲ့မွှေနှောက်မှုတွေကြောင့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို အဆုံးသတ်နိုင်ဖို့က မတင်မကျဖြစ်နေရပေမယ့် ဘောလုံးသမားတွေကတော့ အသင်းတွေနဲ့ ချုပ်ဆိုထားခဲ့တဲ့ စာချုပ်တွေအရ လာမယ့်ဇွန်လ(၃၀)ရက်နေ့မှာ စာချုပ်သက်တမ်းတွေ အသီးသီးကုန်ဆုံးကြတော့မှာဖြစ်ပါတယ်။ အဲ့ဒီလို သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားအများစုကို ပိုင်ဆိုင်ထားတဲ့ အသင်းတွေထဲမှာ ပြင်သစ်လီဂူးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းလည်း ပါဝင်လို့နေပြီး အဲ့ဒီအသင်းမှာ ဘယ်ကစားသမားတွေက Free Agents ဖြစ်လာတော့မလဲဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Pinterest

ပီအက်စ်ဂျီအသင်းအနေနဲ့ လာမယ့်ဇူလိုင်လ၁ရက်နေ့မှာ သူတို့ရဲဲ့ ကစားသမားတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖို့ရှိနေပြီး အများဆုံးက ခံစစ်ကစားသမားတွေဖြစ်ပါတယ်။ နောက်ခံလူ အသင်းခေါင်းဆောင် သီယာဂိုဆေးဗားအပါအဝင် ကာဇာဝါနဲ့ မြူနီယာတို့လည်း ပါဝင်နေပါတယ်။ ဒါ့အပြင် အသက်(၁၇)နှစ်အရွှယ်သာရှိသေးတဲ့ ခံစစ်ကစားသမားလေး ကွတ်ဆီလည်း ဇူလိုင်လမှာ သက်တမ်းကုန်တော့မှာဖြစ်လို့ ဒီကစားသမား(၄)ဦးထဲကမှ ဘယ်သူက ပီအက်စ်ဂျီမှာ ဆက်လက်ကျန်ရစ်နေမလဲ ဘယ်ကစားသမားကတော့ ဘယ်အသင်းကို ရောက်သွားမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : Getty Image

ကွင်းလယ်ပိုင်းမှာတော့ Free Agents ဖြစ်မယ့် ကစားသမားတွေမရှိပေမယ့်လည်း တိုက်စစ်ပိုင်းမှာတော့ ကစားသမား(၂)ယောက်က အသင်းနဲ့ သက်တမ်းကုန်ကြတော့မှာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ သမိုင်းတလျှောက် သွင်းဂိုးအများဆုံး ရယူထားနိုင်ခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးကြီး အက်ဒီဆင်ကာဗာနီက လာမယ့်ဇူလိုုင်လမှာ ပီအက်စ်ဂျီအသင်းနဲ့ သက်တမ်းကုန်တော့မှာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်ပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအတွက် လိုအပ်ရင်လိုအပ်သလို ပါဝင်ကစားခဲ့ရတဲ့ ကင်မရွန်းတိုက်စစ်မှူး ချူပိုမိုတင်းကလည်း ကာဗာနီလိုပဲ ဇူလိုင်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အင်တာမီလန်ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူးအီကာဒီမှာလည်း ဇူလိုင်လမှာပဲ အငှားသက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။