MySport Myanmar

ဒီနှစ် ဘောလုံးရာသီအတွင်း ပထမဆုံး လီဂူး ရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရတဲ့ ပီအက်စ်ဂျီ

ပြင်သစ်လီဂူး အမှတ်ပေးပြိုင်ပွဲရဲ့ အင်အားကြီး ကလပ်အသင်း ပီအက်စ်ဂျီဟာ မနေ့ညက လန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လီဂူးပွဲစဉ်အသင်းမှာ အိမ်ရှင်လန်းစ်ကို (၃)ဂိုး (၁)ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ဒီနှစ်ဘောလုံးရာသီအတွင်း ပထမဆုံးသော လီဂူးရှုံးပွဲနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

Photo Credit : Detik

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ လီဂူးအမှတ်ပေးပြိုင်ပွဲရဲ့ အမှတ်ပေးဇယားမှာ ထိပ်ဆုံးနေရာကနေ ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီရာသီမှာ ခြေစွာနေတဲ့ လန်းစ်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာတော့ ပြီးခဲ့တဲ့ စထရာဘိုးနဲ့ ပွဲစဉ်အတွင်း အနီကတ်ထိထားတဲ့ နေမာနဲ့ ၂၀၂၂ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ မက်ဆီတို့ မပါဝင်လာနိုင်ခဲ့လို့ ဘာပေ တိုက်စစ်မှာ အက်ခီတိုက်ခ်တို့နဲ့သာ ပွဲထွက်လာခဲ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာအရ ပီအက်စ်ဂျီက အိမ်ရှင်လန်းစ်ထက် အသာရခဲ့ပေမယ့်လည်း လန်းစ်အသင်းက အခွင့်အရေးတွေ ပိုမို အသုံးချနိုင်ခဲ့တာကြောင့် (3-1)ဆိုတဲ့ ရလဒ်မျိုးနဲ့ပါ နိုင်ပွဲရခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Ghana Soccernet

ပီအက်စ်ဂျီအသင်းဟာ ဒီပွဲမတိုင်ခင် လီဂူးမှာ (၁၆)ပွဲအတွင်း (၁၄)ပွဲအထိ အနိုင်ရထားခဲ့ပြီး (၂)ပွဲသရေနဲ့ ရှုံးပွဲမရှိ စွမ်းဆောင်ထားနိုင်ခဲ့ရာ အခုမှသာ ရှုံးပွဲနဲ့ စတင် ရင်ဆိုင်လိုက်ရတဲ့အပြင် ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့ လန်းစ်ဟာ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာကနေ ပီအက်စ်ဂျီနဲ့ (၄)မှတ်သာ ကွာဟတော့တဲ့ အနေအထားအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ပီအက်စ်ဂျီအတွက် တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ဒီရာသီမှ Reims အသင်းကနေ ခေါ်ယူထားခဲ့သူ ပြင်သစ်တိုက်စစ်မှူးလေး အက်ခီတိုက်ခ်က (၈)မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အခုလို ရှုံးပွဲတွေ့သွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ လာမယ့် ဇန်နဝါရီ (၇)ရက်နေ့မှာတော့ ပြင်သစ်အသင်းငယ်လေး Chateauroux နဲ့ Coupe de France ရှုံးထွက်ပွဲစဉ်ကို ကစားသွားရမှာဖြစ်ပြီး ဒီပွဲစဉ်မှာတော့ ပီအက်စ်ဂျီရဲ့ ပေါကါကွဲအားတွေကိုလည်း မြင်တွေ့ရဖွယ် ရှိနေပါတယ်။ ဒီပွဲစဉ်ပြီးရင်တော့ အန်ဂါစ် ရန်းစ် Reims အသင်းတွေနဲ့ လီဂူးပွဲစဉ်တွေကို ဒီလအတွင်းမှာပဲ ဆက်လက် ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမား မက်ဆီလည်း အန်ဂါစ်နဲ့ပွဲစဉ် မတိုင်ခင်လောက်မှာပဲ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖွယ် ရှိနေရပါတယ်။

Exit mobile version