MySport Myanmar

ပီအက်စ်ဂျီက သူရဲ့ အနှစ်သက်ဆုံးသော ဘောလုံးအသင်းလို့ အန်ကွန်ကူ ဖွင့်ဟ

ဒီနှစ်ဘောလုံးရာသီ ဘွန်ဒစ်လီဂါမှာ အထူးခြေစွမ်းပြနေပြီး သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေပါ များစွာလုပ်ဆောင်ထားနိုင်တဲ့ လိုက်ပ်ဇစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာအန်ကွန်ကူကို လက်ရှိမှာ ဥရောပ အင်အားကြီး ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားဝင်နေသလို အန်ကွန်ကူကိုယ်တိုင်ကပါ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘောလုံးမှာ ဘာမဆို ဖြစ်သွားနိုင်တယ်ဆိုပြီး အရိပ်အမြွက်စကားတွေ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Talk

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ကွန်ကူဟာ ပီအက်စ်ဂျီ လူငယ်အကယ်ဒမီကနေ ပေါ်ထွ်လာခဲ့သူဖြစ်ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလမှာပဲ ပီအက်စ်ဂျီ စီနီယာအသင်းအတွက် ပါဝင်ကစားခွင့် စတင်ရရှိလာခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေခဲ့ရတဲ့ အန်ကွန်ကူဟာ ၂၀၁၉ခုနှစ်မှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ဂျာမနီမြေမှာ မထင်ထားလောက်အောင် ခြေစွမ်းပြလာနိုင်တဲ့ အန်ကွန်ကူကို လက်ရှိမှာ ဥရောပထိပ်တန်း ကလပ်အသင်းတွေက စိတ်ဝင်စားနေကြပြီး အသင်းဟောင်း ပီအက်စ်ဂျီကပါ အန်ကွန်ကူရဲ့ အခြေအနေတွေကို စောင့်ကြည့်လာခဲ့ပါတယ်။

Photo Credit : Twitter

သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အန်ကွန်ကူက “ပဲရစ်က ကျွန်တော်ရဲ့ အိမ်ပါ။ ပီအက်စ်ဂျီအသင်းဟာလည်း ကျွန်တော် အနှစ်သက်ဆုံး ကလပ်အသင်းပါ။ အဲ့ဒီကို ပြန်သွားဖို့အတွက်ကိုလည်း ဘယ်တံခါးကိုမှ မပိတ်ထားပါဘူး။ ဘောလုံးမှာ အရာအားလုံးက ဖြစ်လာနိုင်ပါတယ်။ ကမ္ဘာပေါ်က ထိပ်တန်းကလပ်အသင်းကြီးတွေက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့်လည်း လိုက်ပ်ဇစ်အသင်းက ကျွန်တော့်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့အတွက် လုပ်ဆောင်နေတာကို တွေ့ရတာလည်း အရမ်းကောင်းပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ အန်ကွန်ကူ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က အပြိုင်စိတ်ဝင်စားနေကြပြီး လိုက််ပ်ဇစ်အသင်းကတော့ သူတို့ရဲ့ကြယ်ပွင့်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပါတယ်။ အန်ကွန်ကူဟာ ဒီရာသီမှာ လိုက်ပ်ဇစ်အတွက် သွင်းဂိုး(၃၃)ဂိုး ဂိုးဖန်တီးမှု အကြိမ်(၂၀)ထိ စွမ်းဆောင်ခဲ့ပြီး ဘွန်ဒစ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version